ရန်ကုန် ဇူလိုင် ၂၈
ရန်ကုန် ဇူလိုင် ၂၈
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းမြို့ရှိရေးဘေးသင့်ပြည်သူများအား ကရင်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လှိုင်းဘွဲ့မြို့နယ်ပြည်ခိုင်ဖြိုးပါတီနှင့်ပေါင်းစပ်၍
ခေါက်ဆွဲခြောက်များ၊ ရေသန့်ဘူးများ၊ ငါးသေတ္တာဗူးများနှင့်အသုံးအဆောင်ပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်ဥက္ကဌ ဦးဘိုစံနှင့် ခရိုင်ကော်မတီဝင် ဦးခင်မောင်ထွန်း၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရွှေထွန်း နှင့် မြို့နယ်ကော်မတီဝင်များ၊ လူငယ်များသည် (၂၉.၇.၂၀၁၈) နေ့တွင် တာချီလိတ်မြို့၊ ဝမ်လုံကျေးရွာအုပ်စုရှိ မင်းဓမ္မတောင်၊ အေးချမ်းသာဘုန်းကြီးကျောင်း မြေထိန်းနရံပြိုကျရာသို့ သွားရောက်ခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ ရွှေတာချီလူမူကူညီရေးအသင်းဝင်များ၊ တာချီလိတ်သာရေးနာရေးအသင်းဝင်များနှင့် အတူ လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။
ဘီးလင်း၊ ဇူလိုင် ၂၉
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက် (၁၁) နာရီတွင် ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ပထမဦးစွာ ဘီးလင်းမြို့နယ်ပြည်ခိုင်ဖြိုးပာတီဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် အဖွဲ့သည် ဒညင်းကုန်းကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများအားလည်ကောင်း၊ ဟုံးဝကျေးရွာအုပ်စု ဖိုးကြီးဆိမ်ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအားလည်ကောင်း၊ရေသန့်ဗူးများနှင့် စားသောက်ဖွယ်ရာများအား လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းရာသို့ ဘီးလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေ၊မြို့နယ်ကော်မတီဝင်ဦးမင်းကြည်၊ ဦးသိန်းဇော်ဝင်း၊ဒေါ်နှင်းဆီနှင့် မြို့နယ်အရံကော်မတီဝင်များမှ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
နတ်တလင်း ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် နတ်တလင်းမြို့နယ် တာပွန်မြို့အလယ်ပိုင်းရပ်ကွက် တက်နေမင်းလမ်း မြို့နယ်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအရန်ကော်မတီဝင်ဦးထွန်း ထွန်း၏နေအိမ်တွင် ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်က ပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနားနှင့် တွေ့ဆုံပွဲ ကျင်းပသည်။
တမူး ဇူလိုင် ၂၉
တမူးပြည်ခိုင်ဖြိုးပါတီနှင့်လူငယ်ရေးရာ အမျိုးသမီးရေးရာနှင့် မီဒီယာတာဝန်ရှိသူများတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက ရွှေခြင်္သေ့ခန်းမတွင် ကျင်းပခဲ့သည်။ ခရိုင်ပါတီဥက္ကဋ္ဌဦးခင်မောင်ရွှေ က ပါတီရေးရာကိစ္စရပ်များ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ တက်ရောက်လာသူများက ရေးရာအလိုက်တင်ပြဆွေးနွေးကြပြီး ခရိုင်ပါတီဥက္ကဋ္ဌက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုကိုရွှေ
ပဲခူး ဇူလိုင် ၂၉
ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် ကော်မတီဝင်များသည်ပဲခူးမြို့နယ် အတွင်းဖွင့်လှစ်ထားရှိသော ရေဘေး ကယ်ဆယ်ရေးစခန်းများအနက်မှ သောက်သုံးရေ ပြတ်လပ်နေသော ကယ်ဆယ်ရေး စခန်းများသို့သွား ရောက်ပြီး ယမန်နေ့ ညနေပိုင်းက ရေသန့်ဘူးများလှူဒါန်းခဲ့ကြသည်။
ရွှေဘို ဇူလိုင် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ချောင်းဆုံ ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲကို ရွှေဘိုမြို့နယ် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဇော်ဇော်တက်ရောက်သည်။
အဆိုပါ ပါတီဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်ဇော်က အမွှေးနံ့သာရည်များ ပက်ဖျန်းစိုက် ထူဖွင့်လှစ်ခဲ့သည်။ ၄င်းနောက် ကျေးရွာပါတီဝင်များကို ပါတီယုံ ကြည်ချက် ခံယူချက်ပါတီမူဝါဒသဘောတရားများကို မြို့နယ်ပါတီ ဥက္ကဋ္ဌဦးဇော်ဇော်က ရှင်းလင်းဆွေးနွေးတင်ပြသည်။
မကွေး ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊ အတွင်း ရေးမှူး ဦးတင်မျိုးဇော်နှင့် မြင်ကွန်းတိုက်နယ်မှ ဦးအေးကြူ၊ ဦးလှမြင့်သိန်းတို့သည် မြင်ကွန်း တိုက်နယ်ရှိ ရပ်/ကျေးပါတီခေါင်းဆောင်များ၊ ပါတီဝင်များနှင့် ယနေ့နံနက် ၉ နာရီတွင် မြင်ကွန်း တိုက်နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်တွေ့ဆုံ၍ ပါတီစည်းရုံးရေး လုပ်ငန်းဆောင်ရွက်မှု များကို တွေ့ဆုံညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။
ရန်ကုန် ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယနေ့ နံနက် ၁ဝ နာရီက အမျိုးသမီးထုတွေ့ဆုံပွဲနှင့် အနာဂတ် မြန်မာနိုင်ငံတော်အရေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ ကြောင်း သိရသည်။