တောင်ကုတ်၊ ဇူလိုင် ၁၇
တောင်ကုတ်၊ ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ အစည်းအဝေးပြုလုပ်ရာ (၁၇.၇.၂၀၁၈) ရက်နေ့ နေ့လည် (၂း၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း ရောက်ရှိလာပြီး သြဝါဒမိန့်ခွန်းစကားပြောကြားပြီး မိုင်းယောင်းမြို့နယ်အတွင်းရေးမှူး ဦးစိုင်းခမ်းလူးမှ လည်းကောင်း၊ မြို့နယ်၏ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး၊ မိုင်းဖြတ်မြို့နယ်ဥက္ကဋ္ဌ ဦးစိုင်းရီတစ်မှလည်းကောင်း၊ မြို့နယ်၏ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး ခရိုင်ဥက္ကဋ္ဌ ဦးညွန်ဝင်းမှ ခရိုင်၏ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသော ပါတီကော်မတီဝင်များမှ ဆွေးနွေးတင်ပြကြပြီး၊ ရှမ်းပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်းမှ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ညနေ (၄း၁၅) အချိန်တွင် ပြီးဆုံးကြောင်း သိရှိရပါသည်။
ရန်ကုန် ဇူလိုင် ၁၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (အရှေ့ ပိုင်း)မြို့နယ်စည်းရုံးရေးနယ်မြေသို့ ပါတီဗဟိုကော်မတီဝင်များဖြစ်ကြ သည့် ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် (နယ်မြေ တာဝန်ခံ)ဒေါက်တာကျော်စိုးနှင့် ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ပါတီ ဥက္ကဋ္ဌဦးစိန်မြင့်တို့သည် ယခုလ ၁၅ ရက် မွန်းတည့် ၁၂ နာရီက မြို့နယ်ပါတီရုံးသို့ရောက်ရှိပြီး လူ ငယ်ညီလာခံ(၂ဝ၁၈)အတွေ့အကြုံ ရှင်းလင်းပွဲနှင့် သွေးလွန်တုပ်ကွေး အန္တရာယ်တားဆီးကာကွယ်ရေး အဘိတ်ဆေးခတ်၊ ခြင်ဆေးမှုတ် ခြင်းလုပ်ငန်းများကို တက်ရောက် အားပေးခဲ့ကြသည်။
ကချင် ဇူလိုင် ၁၇
ကချင်ပြည်နယ် ဗန်းမော်မြို့ နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီက နိုင်ငံတော်အလံနှင့် ပါတီအလံသစ်တင်ပွဲအခမ်းအနား ကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးရှေ့၌ ကျင်းပခဲ့ရာ ခရိုင်ပါတီကော်မတီဝင် (ဗန်းမော် မြို့နယ်တာဝန်ခံ ) ဦးဇော်မင်းရင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးသက်ဝင်း၊ အတွင်းရေးမှူး ဦးစောမိုးကျော် နှင့်ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌများ၊ အောင်ပြည်သာ ကျေးရွာအမျိုးသမီးရေးရာအဖွဲ့ဝင် များ စုစုပေါင်း ၅ဝ တက်ရောက် ခဲ့ကြသည်။
မြောင်းမြခရိုင် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးနှင့်ပါတီရုံးခန်းမ ၌ကျင်းပသော အစည်း အဝေးတွင် ဗဟိုအတွင်း ရေးမှူးဦးသန်းထွန်း၊ တိုင်း ဒေသကြီး အတွင်းရေးမှူး ဦးဝင်းကိုကိုနှင့် မြောင်းမြ ခရိုင်၊လပွတ္တာခရိုင်အတွင်း ရှိ မြို့နယ်များ၏ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော် မတီဝင်များနှင့် ယနေ့ နံနက် ၉ နာရီတွင်တွေ့ဆုံ ခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်စေမည့် အလားအလာကောင်းများ ရရှိခဲ့သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

အစိုးရနဲ့ တဖွဲ့ချင်း အပစ်ရပ်စဲထားတဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN ( k ) ဟာ အန်စီအေ နိုင်ငံလုံး ဆိုင်ရာ အပစ်ရပ်စဲရေး စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ မဖြစ်နိုင်သေးကြောင်း နာဂတပ်ဖွဲ့ တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။ နာဂဒေသဟာ ငြိမ်းချမ်းနေပြီ ဒေသဖွံ့ဖြိုးရေးကိုပဲ နေပြည်တော်ခရီးစဉ်မှာ ဆွေးနွေးဦး မှာဖြစ်တယ်လို့ နာဂ အဖွဲ့မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က ၂၁ ပင်လုံ အစည်းအဝေး တက်ရင်း ဘီဘီစီကို ပြောခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံတတိယ အစည်းအဝေးက အတည်ပြုသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍလေးရပ်မှ သဘော တူညီချက် ၁၄ ချက် ကို ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း(၂) အဖြစ် ချုပ်ဆိုခဲ့သည်။
ဖရူဆို – ဇူလိုင် ၁၇