မဘိမ်း ဇူလိုင် ၃ဝ
မဘိမ်းမြို့နယ် လဝါကျေးရွာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ ညနေ ၅ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့ရာ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ အတွင်း ရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီ ကော်မတီဝင်ဦးသန်းမြတ်စိုး၊ ခရိုင် ပါတီကော်မတီဝင်ဦးတိုးမြင့်အောင်၊ ခရိုင်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်ခင်ဝိုင်းချစ်၊ လဝါကျေးရွာ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျေးရွာရှိ သင်္ကန်းအလှူရှင်များ တက်ရောက်ခဲ့ကြသည်။



