
၂၀၂၅ မှ ၂၀၂၉ ခုနှစ်အထိ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က ဦးဇော်ဇော်ကို ခန့်အပ်
===================
အောက်တိုဘာလတွင် ကျင်းပသော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကောင်စီအစည်းအဝေးတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA Football Social Responsibilty Committee) ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ရွေးချယ်ခန့်အပ်ခဲ့ပြီး ၂၀၂၅ မှ ၂၀၂၉ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားကြောင်း သိရသည်။









