
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၏ အာရှဖလား ခြေစစ်ပွဲစဉ်များ
=======================
စက်တင်ဘာလအတွင်း၌ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၏ အာရှဖလား ခြေစစ်ပွဲစဉ်များကို ရန်ကုန်မြိုရှိ MFF Futsal Stadium တွင် ကျင်းပသွားရန် ရှိနေသည်။
ထိုပွဲစဉ်များကို စက်တင်ဘာ (၂၀) ရက်မှ (၂၄) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းသည် အာဖဂန်နစ္စတန်၊ မော်လ်ဒိုက်အသင်းတိုနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။









