
အင်တာမိုင်ယာမီအသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်တဲ့ မက်ဆီ
================
အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
မက်ဆီဟာ ၂၀၂၃ ဇူလိုင်မှာ အင်တာမိုင်ယာမီအသင်းနဲ့ (၂)နှစ်ခွဲစာချုပ် ချုပ်ဆိုထားခဲ့တာကြောင့် လာမယ့်ဒီဇင်ဘာမှာ သက်တမ်းကုန်တော့မှာဖြစ်တဲ့အတွက် သက်တမ်းတိုးစာချုပ်သစ် ထပ်မံချုပ်ဆိုခဲ့တာပါ။









