
အိုဆာဆူနာနှင့် ယနေ့ ယှဉ်ပြိုင်မည့် လာလီဂါပွဲတွင် ရီးရဲလ်၌ ပါဝင်ကစားမည်ဟု တိုက်စစ်မှူး ရော်နယ်ဒိုက ပြော ကြားလိုက်သည်။ ယူရို ၂၀၁၆ ပြိုင်ပွဲ ဗိုလ်လု ပွဲတွင် ပေါ်တူဂီအတွက် ပါဝင် ကစားရင်း ဒူးဒဏ်ရာရရှိခဲ့သည့် ရော်နယ်ဒို (၃၁)နှစ်သည် ရီးရဲလ် ၏ ယခုရာသီလာလီဂါပွဲများနှင့် စူပါဖလားပွဲများကို လွဲချော်ခဲ့သည်။












