
မန်စီးတီးအသင်း ဂိုးသမား ဂျိုးဟတ်ကို အီတလီကလပ် တိုရွန်တိုအသင်းက ပရိသတ်တွေနဲ့ မိတ်ဆက်လိုက်ပါတယ်။ အင်္ဂလန်ဂိုးသမား ဂျိုးဟတ်ဟာ မန်စီးတီးမှာ နေရာပျောက်ဆုံးခဲ့ရပြီးနောက် အသင်းပြောင်းလာခဲ့ရတာဖြစ်ပါတယ်။
မန်စီးတီးအသင်းနဲ့ တိုရွန်တိုအသင်းတို့ ဆွေးနွေးခဲ့ပြီးနောက် ဂိုးသမား ဂျိုးဟတ်ကလည်း အသင်းပြောင်ရွှေ့ဖို့ ခေါင်းညိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဂျိုးဟတ်ဟာ တစ်ပတ်ကို ပေါင် တစ်သိန်းဝန်းကျင် လစာရရှိနေတာဖြစ်ပြီး အခု ဂျိုးဟတ်ရဲ့လစာ တစ်စိတ်တစ်ပိုင်းကို မန်စီးတီးအသင်းကလည်း ပေးချေပေးရမှာဖြစ်ပါတယ်။









