ဗီလာရီးရဲလ်ကစားသမား အဲရစ်ဘေလီကို မန်ယူအသင်းက ပေါင်သန်း ၃၀ နဲ့ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီးတဲ့ နောက် မော်ရင်ဟိုလက်ထက်မှာ ပထမဆုံး ခေါ်ယူတဲ့ ကစားသမားဖြစ်လာတော့မှာဖြစ်ပါတယ်။
ဆရီနာဝီလျံ ကမ္ဘာ့အချမ်းသာဆုံး အားကစားမယ်ဖြစ်လာ
ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့သော ၂၀၁၆ ပြင်သစ်အိုးပင်းတွင် ဒုတိယဆုယူအပြီး
အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံဟာ ရှရာဗိုပါကို ကျော်ဖြတ်ကာ ကမ္ဘာ့အချမ်းသာဆုံး အားကစားမယ် ဖြစ်လာတယ်လို့ Forbes မဂ္ဂဇင်းက ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ဒီမာရီယာခြေစွမ်းပြပြီး ချီလီကို အာဂျင်တီးနား အနိုင်ယူ
မက်ဆီ မပါဝင်သော်လည်း အာဂျင်တီးနားက ဒီမာရီယာ၏ ခြေစွမ်းပြမှုနှင့်အတူ ချီလီကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပြီးခဲ့သည့်နှစ် ကိုပါအမေရိက ဖလားဗိုလ်လုပွဲ ရှုံးနိမ့်မှုအတွက် လက်စားပြန်ချေနိုင်ခဲ့သည်။
ကျောဒဏ်ရာကြောင့် မက်ဆီမပါဝင်နိုင်သော်လည်း အာဂျင်တီးနားတွင် ဒီမာရီယာခြေစွမ်း ပြခဲ့ပြီး အဖွင့်ဂိုးသွင်းယူကာ ဘန်နီကာသွင်းယူသော ဂိုးကို ဖန်တီးပေးခဲ့သည့် ချီလီအသင်းဘက်သို့ ၎င်းသွင်းယူခဲ့သောဂိုးမှာ ယင်းပွဲ မတိုင်မီ ကွယ်လွန်သွားသည့် အဘွားအတွက် ရည်ရွယ်သွင်းယူသော ဂိုးဖြစ်ကြောင်း ဒီမာရီယာက ပြောကြားသည်။
အင်တာမီလန်အသင်း၏ ရှယ်ယာ (၇၀)ရာခိုင်နှုန်းကို ယူရိုသန်း(၂၇၀)ဖြင့် ဆန်နင်းစီးပွားရေးလုပ်ငန်းစု လွှဲပြောင်း ၀ယ်ယူ
တရုတ်စက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် ဆန်နင်းစီးပွားရေးလုပ်ငန်းစုသည် ဥရောပထိပ်တန်း ကလပ်အသင်းကြီးတစ်သင်းဖြစ်သည့် အင်တာမီလန်အသင်း၏ ရှယ်ယာ (၇၀)ရာခိုင်နှုန်း နီးပါးကို ယူရိုသန်း(၂၇၀) (ဒေါ်လာ ၃၀၈ သန်း)ဖြင့် လွှဲပြောင်းဝယ် ယူနိုင်ခဲ့ကြောင်း သိရှိရသည်။
ပုံပါကစားသမားသုံးဦးထဲမှ အနည်းဆုံးတစ်ဦးရောင်းထုတ်မည့် အာဆင်နယ်
အာဆင်နယ်အသင်းဟာ အသင်းရဲ့ အင်္ဂလန်စတားများဖြစ်သော နောက်ခံလူ ဂဘ်စ်နှင့် တောင်ပံကစားသမား ဖြစ်သော ဝေါ်လ်ကော့နှင့် ချန်ဘလိန်တို့ထဲမှ အနည်းဆုံး တစ်ဦးအား ရောင်းထုတ်သွားမည်ဖြစ်ပါတယ်။
အဆိုပါ ကစားသမားသုံးဦးလုံးမှာ ယခုရာသီ အာဆင်နယ်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသလို ဒဏ်ရာပြသာနာများအပြင် အင်္ဂလန်အသင်း၏ ယူရိုပြိုင်ပွဲဝင် အသင်းလူစာရင်းနှင့်လည်း လွှဲချော်ခဲ့ရပါတယ်။
ယူရိုဖလားကို ပြင်သစ်အသင်း ဆွတ်ခူးနိုင်စွမ်းရှိဟု ဂရစ်ဇ်မန်းက ပြော
ပြင်သစ်အသင်းသည် ၎င်းတို့၏ အမိမြေတွင် ယူရို ၂၀၁၆ ဖလားကို ရယူနိုင်သော စွမ်းရည် ရှိသည်ဟု အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းက ပြောကြားသည်။
သို့သော်မိမိတို့ ပြင်သစ်အသင်းသည် ယူရို ၂၀၁၆ ဖလားကို ရရှိအောင် ကြိုးစားရာတွင် ကံတရား ဖေးမမှုအချို့ လိုအပ်သည် ဟု ၎င်းက ပြောသည်။
အိမ်ရှင်မြန်မာအသင်း ဟောင်ကောင်ကို ဂိုးပြတ်သွင်းပြီး တတိယနေရာ ရရှိ
လေးနိုင်ငံ ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ (AYA Bank Cup) တတိယနေရာလုပွဲတွင် အိမ်ရှင် မြန်မာအသင်းက ဟောင်ကောင် အသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ဇွန်လ ၆ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်သည့် အဆိုပါပွဲတွင် မြန်မာအသင်းက စင်ကာပူအသင်းနှင့် ပွဲစဉ်၌ ပွဲ ထွက်ကစားခဲ့သည့် လူစာရင်းကို နှစ်ဦးသာ အပြောင်းအလဲပြုလုပ် ပြီး ဟောင်ကောင်အသင်းကို ရင် ဆိုင်ခဲ့သည်။
ဂျိုကိုဗစ် ပြင်သစ်အိုးပင်းချန်ပီယံဆု ဆွတ်ခူး
ဇွန် ၅ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ပြင်သစ် အိုးပင်း တင်းနစ်ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲမှာ ဆာဗီးယားတင်းနစ်သမား ဂျိုကိုဗစ်က ဗြိတိန်က မာရေးကို ၃ – ၆၊ ၆ – ၁၊ ၆ – ၂၊ ၆ – ၄ နဲ့ အနိုင်ရပြီး ဂရန်စလမ်း ဖလား ၄ ခုစလုံးကို ရရှိသူအဖြစ် မှတ်ကျောက်တင်နိုင်လိုက်ပါတယ်။
ယူရိုပြိုင်ပွဲဝင် အသင်းများတွင် ဂျာမနီအသင်းသားများ ပြောင်းရွှေ့ကြေးအများဆုံး ဖြစ်နေ
လန်ဒန်− ယူရို ၂၀၁၆ ပြိုင်ပွဲဝင် အသင်းများတွင် ဂျာမနီလက်ရွေး စင်အသင်းသားများ၏ စုစုပေါင်း အသင်းပြောင်းရွှေ့ကြေးသည် ယူရို ၅၆၂ သန်းရှိပြီး ဥရောပ၌ ပြောင်းရွှေ့ကြေးအများဆုံးကစား သမားများ အသင်းအဖြစ် ရပ်တည်နေသည်။
Goal သတင်းဝက်ဘ်ဆိုက် က ယူရို ၂၀၁၆ ပြိုင်ပွဲဝင်လက် ရွေးစင်အသင်းများ၏ ကစားသ မား ၂၃ ဦးအတွက် ပြောင်းရွှေ့ကြေးတန်ဖိုး ဖော်ပြထားသော စာရင်းတွင် အင်္ဂလန်အသင်းသည် ယူရို ၄၄၆ သန်းဖြင့် ပဉ္စမနေရာ၌ ရှိနေသည်။
ဆရီနာဝီလီယံကို အနိုင်ယူပြီး စပိန်တင်းနစ်မယ် မူဂူရူဇာ ပြင်သစ်အိုးပင်းချန်ပီယံဆု ဆွတ်ခူး
ပြင်သစ်အိုးပင်းအမျိုးသမီး ဗိုလ်လုပွဲတွင် ဆရီနာဝီလီယံကို မူဂူရူဇာက ၇-၅၊ ၆-၄ မှတ်ဖြင့် အနိုင်ရပြီး ၎င်း၏ ပထမဆုံး ပြင်သစ်အိုးပင်းချန်ပီယံဆုကို ရရှိခဲ့သည်။
မူဂူရူဇာသည် ၁၉၉၈ ဗိုလ်လုပွဲတွင် အရန်ဆာဆန်းချက်ဇ် ဗာကာရီယိုက အနိုင်ရဗိုလ်စွဲခဲ့ပြီးနောက် ယင်းဆုကို ရရှိသော ပထမဆုံးစပိန်တင်းနစ်မယ်ဖြစ်လာသည်။
ဆရီနာဝီလီယံကို အနိုင်ရကာ ၎င်း၏ ပထမဆုံးပြင်သစ်အိုးပင်းဆုဖလားကို ရရှိခဲ့ပြီး နောက် မူဂူရူဇာသည် ကွင်းထဲ၌ ပက်လက်လှန်လှဲချကာ အောင်ပွဲခံခဲ့သည်။