ပထမအကျော့တွင် အက်သလက်တီကိုအား ၁-၀ ဂိုး ဖြင့် ရှုံးခဲ့ခြင်းကို အိမ်ကွင်းအား သာချက်ရယူ၍ သုံးနှစ်အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်ရန် ဘိုင်ယန်မြူးနစ်က မျှော်လင့်နေသည်။ ၂၀၁၄ အကြိုဗိုလ်လုပွဲတွင် ရီးရဲလ်ကို ရှုံးနိမ့်ပြီးနောက်ပိုင်း ဘိုင်ယန်သည် အိမ်ကွင်း၌ ကစားသော ချန်ပီယံလိဂ် ပွဲစဉ်အားလုံး အနိုင်ရရှိထားရာ လာမည့် အင်္ဂါညတွင် ထပ်မံအနိုင်ရရှိပါက မန်ယူ၏ ၂၀၀၆-၀၉ က စံချိန်ကို လိုက်မီနိုင်မည်ဖြစ်သည်။
ရုရှားနိုင်ငံမှာ ကျင်းပတဲ့ Russian Grand Prix ဖော်မြူလာဝမ်းပြိုင်ပွဲမှာ နီကိုရော့စ်ဘတ် ဗိုလ်စွဲ
ရုရှားနိုင်ငံ ဆိုချီမှာကျင်းပတဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ မာစေးဒီးစ်အသင်းရဲ့ ဂျာမန်ကား မောင်းသမား နီကိုရော့စ်ဘတ် အနိုင်ရခဲ့ပါတယ်။
ဒါဟာ ရော့စ်ဘတ်တွက် ၂၀၁၆ခုနှစ်အတွင်းမှာ ကျင်းပတဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲ ၄ရပ်စလုံးကိုအနိုင်ရခဲ့တာဖြစ်ပါတယ်။ ရော့စ်ဘတ်ရဲ့ အသင်းဖော် လူးဝစ် ဟာမီလ်တန်ကတော့ အဆင့် ၁၀နေရာက တာထွက်ခွင့်ရခဲ့ပေမယ့် ဒုတိယနေရာကနေ ပန်းဝင်နိုင်ခဲ့ပါတယ်။ ဖာရာရီအသင်းရဲ့ကီမီရိုင်ကွန်နန်ကတော့ အကောင်းဆုံး မောင်းနှင်ခဲ့ပြီး အဆင့် ၃ နေရာ ရခဲ့ပါတယ်။
လက်စတာ အဝေးကွင်းတွင် မန်ယူကို သရေကစား
စပါးနှင့် ချယ်လ်ဆီးပွဲ သရေ(သို့မဟုတ်) စပါးရှုံးလျှင် လက်စတာ ဖလားရမည်
မန်ယူကို အနိုင်ရလျှင် ပရီးမီးယားလိဂ်ဖလားရပြီဖြစ် သော လက်စတာသည် မန်ယူအိမ်ကွင်း၌ နောက်မှလိုက်ကစားကာ တစ်ဂိုးစီ သရေကျခဲ့သည်။
သို့သော် ယနေ့ညတွင် ယှဉ်ပြိုင်မည့် ချယ်လ်ဆီးနှင့် စပါးပွဲတွင် စပါးအသင်း ရှုံးနိမ့်ခဲ့လျှင် (သို့မဟုတ်) သရေကျခဲ့လျှင် လက်စတာအနေဖြင့် လက်ကျန်ပွဲများမှ ရလဒ်ကို ထည့်ထွက်စရာမလိုဘဲ ဖလားရသွားမည်ဖြစ်သည်။
မန်ယူက ခေါ်ယူဖို့ သေချာနေတဲ့ ဆန်ချက်ဇ်
ဘင်ဖီကာမှ ဆယ်ကျော်သက် လူငယ်ကွင်းလယ်ကစား ရေနာဒိုဆန်ချက်ဇ်ကို မန်ယူက ပေါင် ၄၆ သန်းနဲ့ ခေါ်ယူဖို့ သေချာနေတယ်လို့ ဆိုပါတယ်။
အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ လူငယ်ကွင်းလယ်ကစားသမား ဆန်ချက်ဇ်ကို ဇန်နဝါရီလကတည်းက မန်ယူက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါ တယ်။ ဆန်ချက်ဇ်ကို ဘင်ဖီကာက ၂ဝ၂၁ ခုနှစ်အထိ စာချုပ်ထားပါတယ်။ ဆန်ချက်ဇ် အတွက် ဘင်ဖီကာက ပေါင်သန်း ၆ဝ အထိရဖို့ မျှော်လင့်နေတာပါ။
လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို AYA BANK CUP 2016 အမည်ဖြင့် ကျင်းပမည်
အိမ်ရှင်အဖြစ် ကျင်းပမည့် ဆူဇူကီးဖလားဘောလုံးပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အထောက်အကူပြုစေရန် ရည်ရွယ်ကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ပြည်တွင်းအခြေစိုက် AYA BANK CUP 2016 အမည် ဖြင့် ကျင်းပမည်ဟု သတင်းရရှိသည်။
အိမ်ရှင် မြန်မာ၊ စင်ကာပူ၊ ဗီယက်နမ်၊ ဟောင်ကောင်အသင်းတို့ပါဝင်ယှဉ်ပြိုင်မည့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို ဇွန်လ ၃ ရက် မှ ၅ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။
လီဗာပူးနောက်တန်းလူ ဆာခိုအား ရက်ပေါင်း ၃၀ ဆိုင်းငံ့
လီဗာပူးနောက်ခံလူ မာမာဒူဆာခိုသည် ဆေးစစ်မှုကျခဲ့ပြီး စည်းကမ်းပိုင်းဆိုင်ရာ ကြားနာခဲ့ပြီးနောက် ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA) က ၎င်းအား ရက်ပေါင်း ၃၀ ဆိုင်းငံ့ခဲ့သည်။
UEFA ကျင့်ဝတ်နှင့် စည်း ကမ်းထိန်းချုပ်ရေးအဖွဲ့၏ အပြီး သတ်ဆုံးဖြတ်ချက်မထွက်ပေါ်မီ ဆာခိုအား လတ်တလော ၃၀ ရက် ဆိုင်းငံ့ခြင်းဖြစ်သည်။
ကမ္ဘာ့ကံအဆိုးဆုံး လောင်းကစားသမား တစ်ဦး
ချန်ပီယံဖြစ်တော့မယ့် လက်စတာဘက်က လောင်းကြေးထပ်ခဲ့တာတောင် အနိုင်မရပဲ အရှုံးပေါ်သွားပါတယ်။ ကမ္ဘာ့ကံအဆိုးဆုံး လောင်းကစားလုပ်တဲ့ သူတွေအထဲမှာ လက်စတာစီးတီး ပရိသတ်တစ်ဦးကို ထည့်သွင်းရတော့မှာ ဖြစ်ပါတယ်။ ရာသီအစတုန်းက လက်စတာချန်ပီယံဖြစ်မယ်လို့ သူလောင်းကြေး ထပ်ခဲ့ပေမယ့် အနိုင်ရရှိရမယ့်အစား တကယ်တမ်းမှာတော့ သူက စတာလင်ပေါင် ၅ ပေါင် အရှုံးတွေ့သွားပါသေးတယ်။
ဒဏ်ရာကြောင့် ရော်နယ်ဒို မန်စီးတီးနှင့် ဒုတိယအကျော့ပွဲကိုလည်း လွဲချော်နိုင်
ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုသည် ကြွက်သားစုတ်ပြတ်ဒဏ်ရာ ခံစားနေရကြောင်း စစ်ဆေးမှုများအရ သိရှိရပြီးနောက် ၎င်းသည် ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်ခွင့် အဖြေပေါ်မည့် မန်စီးတီးနှင့်ပွဲကို လွဲချော်နိုင်ကြောင်း အားကစားသတင်း ၀က်ဘ်ဆိုက် Goal က ဖော်ပြသည်။
အင်္ဂါနေ့က မန်စီးတီးကွင်းတွင် ဂိုးမရှိသရေကျခဲ့သော ပွဲမတိုင်မီ ရော်နယ်ဒိုသည် MRI စစ်ဆေးမှုခံယူခဲ့ရာ တံကောက်ကြော စုတ်ပြတ်ဒဏ်ရာခံစားနေရကြောင်း တွေ့ရှိခဲ့သည်။
လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ၌ ဗိုလ်စွဲရန် ရည်မှန်းထားကြောင်း မြန်မာအသင်းနည်းပြ ပြော
၂၀၁၆ အာဆီယံ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးသည် မြန်မာအသင်း၏ ဦးစားပေး ရည်မှန်းချက် ဖြစ်သော်လည်း ဇွန်လအတွင်း ကျင်းပမည့် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ၌ ဗိုလ်စွဲရန် ကြိုးပမ်းမည်ဟု နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောသည်။
ဒဏ်ရာရကစားသမား များပြားနေသော်လည်း ဗီလာရီးရဲလ်နှင့်ပွဲ လီဗာပူးတိုက်ပွဲဝင်သွားမည်
ယူရိုပါလိဂ်အကြို ဗိုလ်လုပွဲ ပထမအကျော့တွင် ဒဏ်ရာရ ကစားသမားများပြားနေသော်လည်း ဗီလာရီးရဲလ်ကွင်း၌ အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဟု လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ် က ပြောကြားသည်။ လီဗာပူးအသင်းတွင်ဒဏ်ရာ ပြဿနာများကြောင့် ပထမဦးစားပေးကစားသမား အများအပြား ဗီလာရီးရဲလ်နှင့် ပွဲတွင် ပါဝင်နိုင်မည် မဟုတ်ပေ။
သို့သော် လီဗာပူး၏ အခွင့်အရေးနှင့်ပတ်သက်၍ ကလော့ပ် က အကောင်းဘက်က ရှုမြင်ပြီး ပွဲများပြားခြင်းနှင့် ဒဏ်ရာ ပြဿနာ များမှာ ကြီးမားသော အတားအဆီးမဟုတ်ဟု ရှုမြင်နေသည်။