အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က လစ်လပ်သွားတဲ့ အင်္ဂလန်အသင်းနည်းပြ ရာထူးနေရာမှာ ယာယီအဖြစ် ဂါရတ် ဆောက်ဂိတ်ကို ခန့်အပ်ဖို့ ပြင်ဆင်နေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အင်္ဂလန်အသင်း ရှုံးထွက်အဆင့်ကနေ ထွက်သွားတဲ့အတွက် နည်းပြ ဟော့ဆန် ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။
အက်ဖ်အေ တာဝန်ရှိသူတွေက ယာယီနည်းပြအဖြစ် အင်္ဂလန် ယူ-၂၁ အသင်းရဲ့ နည်းပြ ဆောက်ဂိတ်ကို တာဝန်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။