ဇွန် ၁၉ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ Queen ကလပ်ဖလား တင်းနစ်ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲမှာ ဗြိတိသျှ တင်းနစ်အကျော်အမော် အန်ဒီ မာရေးက ကနေဒါနိုင်ငံသား မီလော့စ် ရွန်နစ်ကို ၆-၇(၅)၊ ၆-၄၊ ၆-၃ နဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။
ဟော့ဆန်၏အနာဂတ် အင်္ဂလန်အသင်း ရလဒ်ပေါ် မူတည်၊ ရှုံးထွက်အဆင့် တက်ရောက်ရန် ဘေးလ် ယုံကြည်
လန်ဒန်− အင်္ဂလန်အသင်းအခြေ အနေကောင်းပြီး ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ကောင်းစွာကစားနိုင်ခဲ့ပါ က နည်းပြ ရွိုင်းဟော့ဆန်နှင့် စာချုပ်ကို သက်တမ်းတိုးသွားမည် ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲ ဂရက်ဒိုက်ခ်က ပြော ကြားသည်။
အုပ်စု (B) တွင် တစ်သင်းမှ အမှတ်ဖြတ်မထားနိုင် သေးသောကြောင့် အားလုံးအတွက် မျှော်လင့်ချက် ကိုယ်စီ ရှိနေသည်။ အင်္ဂလန်သည် ဆလိုဗက်ကီးယားနှင့် သရေကျလျှင် (၁၆)သင်း ရှုံးထွက်အဆင့်သို့ တက်လှမ်းခွင့် သေချာမည်ဖြစ်သည်။
ကမ္ဘာတွင် မရှုံးနိုင်သည့်အသင်း မရှိဟု အမေရိကန်နည်းပြ ပြော
ကိုပါအမေရိကားဖလား အကြိုဗိုလ်လုပွဲစဉ်အဖြစ် အိမ်ရှင် အမေရိကန်အသင်းနဲ့ နာမည်ကြီး အာဂျင်တီးနားအသင်းတို့ လာမယ့် ဇွန် ၂၁ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
အမေရိကန်အသင်းနည်းပြ ဂျာမန်လက်ရွေးစင်ဟောင်း ဂျာဂင်ကလင်းစမန်း (Jurgen Klinsmann) ကတော့ ကမ္ဘာမှာ မရှုံးနိုင်တဲ့ အသင်းဆိုတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အာဂျင်တီးနားအသင်းကို ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။
ရော်နယ်ဒို ပင်နယ်တီလွဲချော်မှုနှင့်အတူ အုပ်စု(F)အသင်းများ သရေကျ
ယမန်နေ့က ကစားခဲ့သော ယူရိုပြိုင်ပွဲတွင် စူပါစတား ရော်နယ်ဒို ပင်နယ်တီလွဲချော်မှုနှင့်အတူ ပေါ်တူဂီက သြစတြီးယားကို ဂိုးမရှိသရေကျခဲ့ပြီး အိုက်စလန်ကလည်း ဟန်ဂေရီနှင့် တစ်ဂိုးစီသရေကျကာ နောက်တစ်ဆင့် တက်ရေး မျှော်လင့်ချက် ဆက် လက်ရှင်သန်ခဲ့သည်။
ရော်နယ်ဒိုသည် သြစတြီးယားနှင့် ကစားသောပွဲ၌ ၇၉ မိနစ်တွင် ရရှိသောပင်နယ်တီကို ကန်သွင်းရာ ဂိုးမ၀င်ခဲ့ပေ။ မိနစ်အနည်းငယ်အကြာတွင် ခေါင်းတိုက် ဂိုးသွင်းခဲ့သော်လည်း လူကျွံဘော သတ်မှတ်ခံခဲ့ရသည်။
ဥရောပချန်ပီယံ စပိန်က ချက်အသင်းကို တစ်ဂိုးတည်းဖြင့် ကပ်၍ အနိုင်ယ
လက်ရှိချန်ပီယံ စပိန်သည် ယူရိုအဖွင့်ပွဲ၌ ချက်အသင်းကို တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ စပိန်အသင်း၏ တိုက်စစ်ကို ကြံ့ကြံ့ခံခဲ့သော ချက် နောက်တန်း သည် ၈၇ မိနစ်တွင် ကျိုးပေါက်ခဲ့ပြီး အင်နီယေစ တာ၏ ဖြတ်တင်ဘောကို ဂျရတ် ပီကေးက ခေါင်းတိုက်သွင်းယူခဲ့ သည်။
နေမာ၏ အပြောင်းအရွှေ့အတွက် ဒဏ်ငွေဆောင်ရန် ဘာစီလိုနာ သဘောတ
ဇွန် ၁၄၊ စပိန်
၂၀၁၃ ခုနှစ်က ဘရာဇီးတိုက်စစ်မှူးနေမာကို ခေါ်ယူခဲ့သည့် အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး ဘာစီလိုနာအသင်းက ဒဏ်ငွေ ယူရို ၅ ဒသမ ၅ သန်း ပေးဆောင်ရန် သဘောတူညီလိုက်ပြီ ဖြစ်သည်။
နေမာကို ခေါ်ယူခဲ့စဉ်က ဘာစီလိုနာအသင်းသည် အခွန်ရှောင်ရှားလိုသည့်အတွက် ပေးချေခဲ့ရသည့် တန်ဖိုးထက် လျှော့ပြီး စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ဒဏ်ငွေမပေးဆောင်ပါက ထိုကိစ္စရပ်မှာ တရားစွဲဆိုခံရဖွယ်ရှိနေခဲ့ခြင်း ဖြစ်သည်။
Women’s PGA Championship ဂရင်းစလင်းဂေါ့ဖ်ပြိုင်ပွဲတွင် ဟန်ဒါဆန် အနိုင်ရ
၂၀၁၆ ရာသီ LPGA Tour အမျိုးသမီး ဂေါ့ဖ်ပြိုင်ပွဲ၏ ဒုတိယမြောက် ဂရင်းစလင်း ပြိုင်ပွဲဖြစ်သည့် KPMG Women’s PGA Championship ပြိုင်ပွဲတွင် အသက် ၁၈ နှစ် အရွယ်ရှိ ကနေဒါနိုင်ငံသူ ဘရွတ်ဟန်ဒါဆန် ကျင်းပိုကစားပြီး ချန်ပီယံဖလား ဆွတ်ခူးရရှိ ခဲ့ကြောင်း သိရသည်။
ယူရိုဘောလုံးပြိုင်ပွဲကျင်းပသည့် ဘောလုံးကွင်းများအနီး အရက်၊ ဘီယာ ရောင်းချသောက်သုံးမှု ပိတ်ပင်
၂၀၁၆ ယူရိုဘောလုံးပြိုင်ပွဲကျင်းပတဲ့ ပြင်သစ်မြို့တွေက ဘောလုံးကွင်းအနီး ပတ်ဝန်းကျင်မှာ အရက်၊ ဘီယာ ရောင်းချ သောက်သုံးမှုကို ပိတ်ပင်ဖို့ ပြင်သစ်အစိုးရက ဇွန်လ ၁၂ ရက်နေ့မှာ ညွှန်ကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၃ ရက်အတွင်း နိုင်ငံတောင်ပိုင်းက မာဆေးမြို့မှာ ဘောလုံးပွဲပရိသတ်တွေနဲ့ ပြင်သစ်ရဲလုံခြုံရေးတွေကြား ပဋိပက္ခတွေ ဆက်တိုက်ဖြစ်ပွားခဲ့အပြီး ပြင်သစ်အစိုးရက ဘောလုံးပွဲကျင်းပတဲ့ မြို့အာဏာပိုင်တွေကို အခုလို ညွှန်ကြားချက် ထုတ်ပြန်လိုက်တာပါ။
ပရိသတ်များသောင်းကျန်းနေဦးမည်ဆိုပါက အင်္ဂလန်နှင့် ရုရှတို့ ယူရိုပြိုင်ပွဲမှ ထုတ်ခံရနိုင်
ဇွန် ၁၃၊ မာဆေး
ပရိသတ်သောင်းကျန်းမှုများထပ်ဖြစ်နေဦးမည်ဆိုပါက ယူရို ၂၀၁၆ ပြိုင်ပွဲမှထုတ်ခံရနိုင်သည်ဟု အင်္ဂလန်နှင့်ရုရှကို ယူအီးအက်ဖ်အေက သတိပေးခြိမ်းခြောက်လိုက် သည်။
စနေနေ့က ဖြစ်ပွားခဲ့သော လက်ခံနိုင်ဖွယ်မရှိသည့် ပရိသတ်ရန်ပွဲနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးအရေးယူမှုများလည်း စတင်ပြုလုပ်နေပြီ ဖြစ်သည်။
မာဆေးမြို့တွင် တစ်ဂိုးစီသရေကျခဲ့သောပွဲ၌ ရုရှပရိသတ်များသည် အင်္ဂလန်ပရိသတ်များဘက်သို့ လာရောက် တိုက်ခိုက်ခဲ့သည့် ရုပ်သံမှာ လည်း ပျံ့နှံ့နေသည်။
နေမာကို ပေါင် ၁၅၃ သန်းဖြင့် ခေါ်ယူရန် ပီအက်စ်ဂျီ ကြိုးပမ်းနေ
ဘာစီလိုနာအသင်း ကြယ်ပွင့်ကစားသမား မက်ဆီကို ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ပေါင် ၁၅၃ သန်းအထိ အကုန်အကျခံပြီးခေါ်ယူသွားမယ်လို့ ဆိုပါတယ်။ ဘာစီလိုနာအသင်းက နေမာကို ချုပ်ဆိုထားတဲ့ စာချုပ်သဘောတူညီ ချက်အရ ဒီကစားသမားကို ခေါ်ယူချင်တဲ့အသင်းက ပေါင် ၁၅၃ သန်းခန့် ပေးရမှာ ဖြစ်ပါတယ်။