မန်ချက်စတာယူနိုက်တက်အသင်းသည် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကိုခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု သတင်းထွက် နေကြောင်း မယ်ရာသတင်းတွင် ဖော်ပြထားသည်။

မန်ချက်စတာယူနိုက်တက်အသင်းသည် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကိုခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု သတင်းထွက် နေကြောင်း မယ်ရာသတင်းတွင် ဖော်ပြထားသည်။

အကောင်းဆုံး ကစားသမားများကို ထိပ်သီးအသင်းများကသာ လက်ဝါးကြီးအုပ်ထားခြင်းကို တားဆီးရန် အပြောင်းအရွှေ့စနစ်ကို ယူအီးအက်ဖ်အေဥက္ကဋ္ဌက ပြောင်းလဲချင်နေသည်။

နယ်သာလန်အသင်း၏ ၀ါရင့်တောင်ပံတိုက်စစ်ကစားသမား အာဂျန်ရော်ဘင်က ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးသည် အထိ လက်ရွေးစင်အသင်းအတွက် ကစားရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

ဘယ်လာရင်ကို ဘာစီလိုနာနဲ့ မန်စီးတီးက ကမ်းလှမ်းနေမှာပါ။ ဘာစီလိုနာနဲ့ မန်စီးတီးအသင်းက စိတ်ဝင် စားနေတဲ့ အာဆင်နယ်ကစားသမား ဘယ်လာရင်က နောက်ဆုံးမှာ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး သူ့ရဲ့ ခံယူချက်ကို ပြောကြားလိုက်ပြီဖြစ်ပါတယ်။

လာမည့်နှစ်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိရန်အတွက် ပရီးမီးယားလိဂ်တွင် အဆင့်လေး အတွင်းဝင်ရန် ထက် ယူရိုပါလိဂ်တွင် ဗိုလ်စွဲနိုင်ရေးကိုသာ အာရုံစိုက်ရန် မန်ယူအသင်းကို အသင်း၏ ဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်က သတိပေးပြောဆိုလိုက်သည်။

အာဆင်နယ်ဂိုးသမား ပီတာချက်သည် ၀က်စ်ဘရွန်းအသင်းနှင့်ပွဲစဉ်တွင် ရရှိခဲ့သော ခြေသလုံး ဒဏ်ရာ ကြောင့် တစ်လခန့်အနားယူရတော့မည် ဖြစ်သည်။

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် အင်္ဂလန်နိုင်ငံသို့ နည်းပြဘ၀ ဖြတ်သန်းရန် စတင် ရောက်ရှိ လာခဲ့စဉ်ကကဲ့သို့ မဟုတ်ဘဲ အရာရာကို ငြိမ်းချမ်းစွာ တုံ့ပြန်လာနိုင်ခဲ့ပြီဖြစ်၍ သတင်းမီဒီယာများ အနေနှင့် ၎င်းကို ငြိမ်းချမ်းရေးသမား(The Peaceful One)ဟု ယုံယုံကြည်ကြည် ရေးသားခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း ဖွင့်ဟ အသိပေးလိုက်သည်ဟု Daily Star က ဖော်ပြထားသည်။

အာဆင်နယ်ရဲ့ လာမယ့်ရာသီမှာ ဝတ်ဆင်မယ့်ဝတ်စုံလို့ ယူဆရတဲ့ ပုံတွေပေါက်ကြားလာခဲ့ပါတယ်။ ဂျာစီသစ်ကို ၂၀၁၇/၁၈ခုနှစ်မှာ ဝတ်ဆင်မယ့် ဂျာစီလို့ခေါင်းစဉ်နဲ့ Twitter စာမျက်နှာကနေ ထွက်ပေါ် လာခဲ့တာပါ။ ဝတ်စုံသစ်ဟာ ဒီနှစ်နဲ့ အနည်းငယ်ဆင်တူပေမယ့် အစင်းကြောင်းတွေတော့ ပါဝင်လာ ခဲ့ပါတယ်။

မန်ယူအသင်းတွင် နေရာမရတော့သည့် ဂျာမနီ အသင်းခေါင်းဆောင်ဟောင်း ရှဝိန်းစတိုင်ဂါသည် အမေရိကန်မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းသို့ ပြောင်းရွှေ့တော့မည် ဖြစ်သည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ မနေ့က ယှဉ်ပြိုင်သွားတဲ့ Indian Wells တင်းနစ်ပြိုင်ပွဲ အမျိုးသား ဗိုလ်လုပွဲမှာ ရော်ဂျာ ဖက်ဒရာက စတန် ဝေါ်ဝင်ကာကို အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
