ဂေါ့ဇီကို ဒေါ့မွန် ပြန်လည်ခေါ်ယူ

ဂျာမနီကွင်းလယ်တိုက်စစ်မှူး မာရီယိုဂေါ့ဇီကို  ဘိုင်ယန်မြူးနစ်အသင်းမှ ဒေါ့မွန်အသင်းက ပြန်လည် ခေါ်ယူလိုက် သည်။ ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲ တွင် ဂျာမနီအသင်းအတွက် အနိုင်ဂိုးကို သွင်းယူခဲ့သော ဂေါ့ဇီ သည် ဒေါ့မွန် အသင်းမှ ထွက်ခွာကာ ဘိုင်ယန်သို့ ပြောင်းရွှေ့ခဲ့သော်လည်း ယခုအခါနည်းပြ သောမတ်စ်တူချယ်လ်၏ ဒေါ့မွန် အသင်းသို့ ပြန်ပြောင်းလာခဲ့သည်။

Gze

(more…)


ရုရှား ပြေးခုန်ပစ်ကစားသမားများကို အိုလံပစ် ပြိုင်ပွဲ ၀င်ခွင့်ပိတ်

၂၀၁၆ ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျေးနေယိုမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲကို ရုရှားအားကစားသမားတွေ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။

Olympic

(more…)


ဒိုင်လူကြီးများကို ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံပါက အနီကတ် ပြသခံရမည့် ဥပဒေကို ပရီးမီးယားလိဂ်တွင် စတင် ကျင့်သုံးမည်

ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ဒိုင်လူကြီးများကို နှုတ်အားဖြင့်ဖြစ်စေ၊ ကိုယ်ဟန်အမူအရာဖြင့် ဖြစ်စေ ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံပါက တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်နိုင်သည့် ဥပဒေကို လာမည့်ဘောလုံးရာသီတွင် စတင် ကျင့်သုံးတော့မည်ဖြစ်သည်။

13707656_1190634717623452_9077705361526034526_n

(more…)


အိုလံပစ်ပြိုင်ပွဲဝင်မည့် မက္ကဆီကို အားကစားသမားများကို ဇီကာဗိုင်းရပ်စ်ကာကွယ်ဆေး ဝေငှ

Rio-Olympic-Getty-Images

အိုလံပစ်ပြိုင်ပွဲဝင်ကြမယ့် မက္ကဆီကို အားကစားသမားတွေကို ကျန်းမာရေးဝန်ကြီးဌာနက ဇီကာဗိုင်းရပ်စ် ကာကွယ်ရေး ဆေးပစ္စည်းတွေကို ဝေငှပေးထားပါတယ်။

ဇီကာဗိုင်းရပ်စ်ဟာ ဘရာဇီးနိုင်ငံ အရှေ့မြောက်ဒေသမှာ ဒီနှစ်ဆန်းပိုင်းက ကူးစက်ပျံ့နှံ့ခဲ့လို့ တချို့ ဆရာဝန်တွေနဲ့ အိုလံပစ်ပွဲသွားချင်တဲ့ ပရိသတ်တွေအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။

ဖေဖော်ဝါရီလမှာ တပတ်အတွင်း ရောဂါကူးစက်သူ တသောင်းခြောက်ထောင်အထိ ရှိခဲ့လို့ ရောဂါအခြေအနေက အဆိုးဆုံးအခြေအနေ ဖြစ်ခဲ့ပါတယ်။

၂၀၁၅-၁၆ ဥရောပအကောင်းဆုံး ဘောလုံးသမားဆု ဆန်ခါတင်စာရင်းမှာ မက်ဆီ၊ ဂရစ်ဇ်မန်းနှင့် ရော်နယ်လ်ဒိုတို့ ပါဝင်

Best-Player-in-Europe-Award-shortlist-revealed

၂၀၁၅-၁၆ ဘောလုံးရာသီအတွက် ဥရောပအကောင်းဆုံး ဘောလုံးသမားဆု ဆန်ခါတင် (၁၀) ဦး စာရင်းကို ယူအီးအက်ဖ်အေ က တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ယူအီးအက်ဖ်အေ အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင် နိုင်ငံများမှ အားကစား ဂျာနယ်လစ်များရဲ့ ဆန္ဒမဲဖြင့် ရွေးချယ်ခြင်းဖြစ်ပါတယ်။ ယခု ဆန်ခါတင် (၁၀) ဦး စာရင်းကို ပဏာမ (၃၇) ဦးစာရင်းမှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံး (၃) ဦး စာရင်းကို သြဂုတ်လ (၅) ရက်နေ့ ထပ်မံ ရွေးချယ် ကြေညာသွားမှာ ဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံသား ဟန်နရစ်စတန်ဆင် အိုးပင်း ၂၀၁၆ ချန်ပီယံဖြစ်လာ

Sports_1

ဗြိတိန်နိုင်ငံ ရွိုင်ယမ်သရွန်းဂေါက်ကွင်း၌  ကျင်းပ ခဲ့သော The Open 2016 ဗိုလ်လု ပွဲတွင် ဆွီဒင်နိုင်ငံသား ဟန်းနရစ် စတန်ဆင်က မိုက်ကယ်ဆင်ကို အချက် ၂၀ လျှော့ရိုက်ပြီး ပထမဆုံးအဓိကချန်ပီယံဆု ရရှိခဲ့သည်။

စတန်ဆင်သည် စံချိန်တင် ရိုက်ချက်အဖြစ် အချက် ၂၀ လျှော့ရိုက်ပြီး သုံးချက်အသာဖြင့် Open ချန်ပီယံ ဖြစ်လာပြီးနောက် မိုက်ကယ်ဆင်ကြောင့် မိမိအနိုင်ရရန် တွန်းအားဖြစ်စေခဲ့သည်ဟု ပြောသည်။

ယူရိုဘောလုံးပြိုင်ပွဲတွင် တရားမ၀င် လောင်းကစားမှု၌ ပါဝင်သူ ၄,၁၀၀ ကျော်ကို ဖမ်းဆီးခဲ့

ပြင်သစ်နိုင်ငံတွင် ကျင်းပခဲ့သော ယူရို ၂၀၁၆ ပြိုင် ပွဲ၌ တရားမ၀င် လောင်းကစားမှု များတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ပါဝင်သူ ၄,၁၀၀ ကျော်ကို ဖမ်းဆီး ရမိခဲ့သည်။ ပေါင် သန်း ၅၀၀ အထိ တန် ဖိုးရှိသော တရားမ၀င် လောင်း ကစားမှုများကို တိုက်ဖျက်သည့် စစ်ဆင်ရေးအတွင်း တရုတ်၊ ပြင် သစ်၊ ဂရိ၊ အီတလီ၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့တွင် စီးနင်းမှုအကြိမ်ရေ ၄,၀၀၀ ခန့် ပြုလုပ်ကာ လူပေါင်း ၄,၁၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

ထိုင်းကြက်တောင်ရိုက်ချန်ပီယံကို တားမြစ်ဆေးသုံးစွဲမှုဖြင့် အရေးယူထားမှု ရုပ်သိမ်း

Thailand-Badminton-star-AFP

ထိုင်းနိုင်ငံက ကြက်တောင်ရိုက်ချန်ပီယံ Ratchanok Intanon ကို တားမြစ်ဆေးသုံးစွဲမှုနဲ့ အပြစ်ပေးထားတာကို ရုပ်သိမ်းလိုက်ပြီလို့ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ဇူလိုင် ၁၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါကြောင့် အသက် ၂၁ နှစ်အရွယ် Ratchanok ဟာ ဘရာဇီးအိုလံပစ်မှာ ၀င်ပြိုင်နိုင်ဖို့ လမ်းပွင့်သွားပါပြီ။

ဂျွန်တယ်ရီသည် ချယ်လ်ဆီးအသင်း၏ အမြဲတမ်း ခေါင်းဆောင်ဖြစ်ဟု နည်းပြသစ် ကွန်တီ ပြော

John-Terry

နောက်ခံလူ ဂျွန်တယ်ရီ သည် ချယ်လ်ဆီးအသင်း၏ အမြဲတမ်းခေါင်းဆောင်ဖြစ်မည်ဟု နည်းပြသစ် ကွန်တီက ပထမဆုံးအကြိမ် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ချယ်လ်ဆီးအသင်းက အီတလီနည်းပြ ကွန်တီနှင့် သဘောတူညီမှုရရှိပြီးနောက် သီတင်းခြောက်ပတ်အကြာ ပြီးခဲ့သည့် မေလက တယ်ရီသည် ချယ်လ်ဆီးနှင့် နောက်ထပ် တစ်နှစ် စာချုပ်သက်တမ်းတိုးခဲ့သည်။

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကလပ်အသင်းစာရင်းမှာ ဒုတိယနေရာကို ရောက်ရှိသွားတဲ့ ရီးယဲလ်မက်ဒရစ်

13619950_1054939367932283_1998971315073288522_n

ကမ္ဘာ့တန်ဖိုးအရှိဆုံး ကလပ်အအသင်းစာရင်းတွင် စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းသည် အင်န်အဖ်အယ်လ် ကလပ် ဒါးလက်စ်ကောင်းဘွိုင်စ်၏နောက် ဒုတိယ နေရာသို့ ရောက်ရှိခဲ့ကြောင်း ဖော်ဘိစ်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းမှာ ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်းအဖြစ် သုံးနှစ်ဆက်တိုက် ရပ်တည်ခဲ့သော်လည်း ယခုနှစ်တွင်မူ ဒါးလက်စ်ကောင်းဘွိုင်စ်အသင်း၏ နောက်ကောက်ချမှုနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။