ဘီနင္ႏွင့္ ေျခစမ္းပြဲက တိုက္စစ္မႉး မက္ဆီ အတြက္ ႏိုင္ငံလက္ ေ႐ြးစင္ ႏႈတ္ဆက္ပြဲျဖစ္

ဘီနင္ႏွင့္ ေျခစမ္းပြဲက တိုက္စစ္မႉး မက္ဆီ အတြက္ ႏိုင္ငံလက္ေ႐ြးစင္ ႏႈတ္ဆက္ပြဲျဖစ္
================
လက္ေ႐ြးစင္ကစားသမားဘဝက အနားယူၿပီျဖစ္ေၾကာင္း ေၾကညာထားတဲ့ အာဂ်င္တီးနားတိုက္စစ္မႉး မက္ဆီဟာ ဘီနင္နဲ႔ ေျခစမ္းပြဲမွာ ေနာက္ဆုံးႏႈတ္ဆက္ပြဲအျဖစ္ ပါဝင္ကစားမယ္လို႔ သိရပါတယ္။
အာဂ်င္တီးနားအသင္းရဲ႕ ပြဲအမ်ားဆုံးနဲ႔ ဂိုးအမ်ားဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ေနတဲ့ မက္ဆီက လက္ေ႐ြးစင္အသင္းက အနားယူၿပီျဖစ္ေၾကာင္း ၿပီးခဲ့တဲ့လမွာ ေၾကညာခဲ့တာပါ။
ဒါေပမဲ့ လာမယ့္ႏိုင္ငံတကာရက္သတၱပတ္အတြက္ အာဂ်င္တီးနားအသင္းရဲ႕ လူစာရင္းထုတ္ျပန္ရာမွာ မက္ဆီရဲ႕အမည္ ပါဝင္လာခဲ့ပါတယ္။
အာဂ်င္တီးနားအသင္းက စက္တင္ဘာ ၃၀ မွာ ဘိုလစ္ဗီးယား၊ ေအာက္တိုဘာ ၃ မွာဘာကီနာဖာဆို၊ ေအာက္တိုဘာ ၆ မွာ ဘီနင္နဲ႔ ေျခစမ္းကစားမွာပါ။
သုံးပြဲစလုံးကို အာဂ်င္တီးနားႏိုင္ငံမွာ ယွဥ္ၿပိဳင္သြားမွာျဖစ္ေပမဲ့ မက္ဆီကေတာ့ ဘီနင္နဲ႔ ယွဥ္ၿပိဳင္မယ့္ ေနာက္ဆုံးပြဲမွာသာ ပါဝင္ကစားမွာျဖစ္ေၾကာင္း သိရပါတယ္။
အာဂ်င္တီးနား သမိုင္းတေလွ်ာက္ ဂိုးအမ်ားဆုံး သြင္းယူထားတဲ့ မက္ဆီဟာ အသင္းအတြက္ ၂၀၇ ပြဲမွာ ၁၂၅ ဂိုး သြင္းခဲ့တာ ျဖစ္ပါတယ္။
ဘီနင်နှင့် ခြေစမ်းပွဲက တိုက်စစ်မှူး မက်ဆီ အတွက် နိုင်ငံလက်ရွေးစင် နှုတ်ဆက်ပွဲဖြစ်
================
လက်ရွေးစင်ကစားသမားဘဝက အနားယူပြီဖြစ်ကြောင်း ကြေညာထားတဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ဘီနင်နဲ့ ခြေစမ်းပွဲမှာ နောက်ဆုံးနှုတ်ဆက်ပွဲအဖြစ် ပါဝင်ကစားမယ်လို့ သိရပါတယ်။
အာဂျင်တီးနားအသင်းရဲ့ ပွဲအများဆုံးနဲ့ ဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်နေတဲ့ မက်ဆီက လက်ရွေးစင်အသင်းက အနားယူပြီဖြစ်ကြောင်း ပြီးခဲ့တဲ့လမှာ ကြေညာခဲ့တာပါ။
ဒါပေမဲ့ လာမယ့်နိုင်ငံတကာရက်သတ္တပတ်အတွက် အာဂျင်တီးနားအသင်းရဲ့ လူစာရင်းထုတ်ပြန်ရာမှာ မက်ဆီရဲ့အမည် ပါဝင်လာခဲ့ပါတယ်။
အာဂျင်တီးနားအသင်းက စက်တင်ဘာ ၃၀ မှာ ဘိုလစ်ဗီးယား၊ အောက်တိုဘာ ၃ မှာဘာကီနာဖာဆို၊ အောက်တိုဘာ ၆ မှာ ဘီနင်နဲ့ ခြေစမ်းကစားမှာပါ။
သုံးပွဲစလုံးကို အာဂျင်တီးနားနိုင်ငံမှာ ယှဥ်ပြိုင်သွားမှာဖြစ်ပေမဲ့ မက်ဆီကတော့ ဘီနင်နဲ့ ယှဥ်ပြိုင်မယ့် နောက်ဆုံးပွဲမှာသာ ပါဝင်ကစားမှာဖြစ်ကြောင်း သိရပါတယ်။
အာဂျင်တီးနား သမိုင်းတလျှောက် ဂိုးအများဆုံး သွင်းယူထားတဲ့ မက်ဆီဟာ အသင်းအတွက် ၂၀၇ ပွဲမှာ ၁၂၅ ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။




