၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ္ခ်န္ပီယံရွစ္ၿပိဳင္ပြဲဝင္ခြင့္ရ ရွမ္းယူႏိုက္တက္အသင္း ထိုင္း၊ ဗီယက္နမ္ပါဝင္သည့္ အုပ္စု(ဘီ)တြင္က် ေရာက္

၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ္ခ်န္ပီယံရွစ္ၿပိဳင္ပြဲဝင္ခြင့္ရ ရွမ္းယူႏိုက္တက္အသင္း ထိုင္း၊ ဗီယက္နမ္ပါဝင္သည့္ အုပ္စု(ဘီ)တြင္က် ေရာက္
===============================
စက္တင္ဘာ ၁၆
၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ္ ခ်န္ပီယံရွစ္ၿပိဳင္ပြဲဝင္ခြင့္ရ ရွမ္းယူႏိုက္တက္အသင္းသည္ ထိုင္း၊ ဗီယက္နမ္၊ မေလးရွား၊ အင္ဒိုနီးရွား၊ စင္ကာပူ၊ ကေမာၻဒီးယားတို႔ပါဝင္သည့္ အုပ္စု(ဘီ)တြင္ က်ေရာက္ခဲ့ေၾကာင္း သိရသည္။

ရွမ္းယူႏိုက္တက္အသင္းသည္ ၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ္ခ်န္ပီယံရွစ္ၿပိဳင္ပြဲအတြက္ေျခစစ္ပြဲအဆင့္မွ စတင္ကစားခဲ့ရၿပီး လာအိုကလပ္ အီဇရာအသင္းႏွင့္ အိမ္ကြင္းျဖစ္သည့္ ရန္ကုန္ၿမိဳ႕၊ သု၀ဏၰကြင္း၌ ႏွစ္ေက်ာ့ကစားအႏိုင္ယူၿပီး အုပ္စုအဆင့္သို႔ တက္ေရာက္ခဲ့ျခင္းျဖစ္သည္။ ရွမ္းယူႏိုက္တက္အသင္းသည္ အာဆီယံကလပ္ခ်န္ပီယံရွစ္ၿပိဳင္ပြဲကို သုံးႀကိမ္ဆက္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိသည့္အသင္းလည္းျဖစ္သည္။

ရွမ္းယူႏိုက္တက္အသင္းသည္ ၂၀၂၄-၂၀၂၅ ရာသီ အာဆီယံကလပ္ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွစၿပီး ယခု ၂၀၂၆-၂၀၂၇ ရာသီအထိ ေျခစစ္ပြဲအဆင့္မွ စတင္ကစားခဲ့ရၿပီး ၿပိဳင္ပြဲသုံးႀကိမ္ဆက္ ေျခစစ္ပြဲေအာင္ျမင္ ကာ အုပ္စုအဆင့္သို႔ တက္ေရာက္ကစားႏိုင္ခဲ့ေသာ္လည္း ၿပိဳင္ပြဲသုံးႀကိမ္စလုံးတြင္ အုပ္စုအဆင့္ျဖင့္သာေက်နပ္ခဲ့ရသည္။

၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ္ခ်န္ပီယံရွစ္ၿပိဳင္ပြဲ အုပ္စု(ဘီ)တြင္ ထိုင္းကလပ္ေပါ့သ္၊ ဗီယက္နမ္ကလပ္ေကာင္အန္ဟႏြိဳင္း၊ မေလးရွားကလပ္ ဂ်ိဳဟိုးဒါ႐ူးလ္၊ အင္ဒိုနီးရွားကလပ္ပါဆစ္၊ စင္ကာပူကလပ္ လိုင္းယန္းစီးတီး၊ ကေမာၻဒီးယားကလပ္PKRအသင္းတို႔နဲ႔အတူက်ေရာက္လ်က္ရွိကာ အာဆီယံကလပ္ခ်န္ပီယံရွစ္ၿပိဳင္ပြဲ အုပ္စုပြဲစဥ္ကို ၂၀၂၆ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္မွ ၂၀၂၇ ခုႏွစ္၊ ဧၿပီလ၁ရက္အထိက်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရသည္။


၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲဝင်ခွင့်ရ ရှမ်းယူနိုက်တက်အသင်း ထိုင်း၊ ဗီယက်နမ်ပါဝင်သည့် အုပ်စု(ဘီ)တွင်ကျ ရောက်
===============================
စက်တင်ဘာ ၁၆
၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲဝင်ခွင့်ရ ရှမ်းယူနိုက်တက်အသင်းသည် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယားတို့ပါဝင်သည့် အုပ်စု(ဘီ)တွင် ကျရောက်ခဲ့ကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက်ခြေစစ်ပွဲအဆင့်မှ စတင်ကစားခဲ့ရပြီး လာအိုကလပ် အီဇရာအသင်းနှင့် အိမ်ကွင်းဖြစ်သည့် ရန်ကုန်မြို့၊ သု၀ဏ္ဏကွင်း၌ နှစ်ကျော့ကစားအနိုင်ယူပြီး အုပ်စုအဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို သုံးကြိမ်ဆက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသည့်အသင်းလည်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၄-၂၀၂၅ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှစပြီး ယခု ၂၀၂၆-၂၀၂၇ ရာသီအထိ ခြေစစ်ပွဲအဆင့်မှ စတင်ကစားခဲ့ရပြီး ပြိုင်ပွဲသုံးကြိမ်ဆက် ခြေစစ်ပွဲအောင်မြင် ကာ အုပ်စုအဆင့်သို့ တက်ရောက်ကစားနိုင်ခဲ့သော်လည်း ပြိုင်ပွဲသုံးကြိမ်စလုံးတွင် အုပ်စုအဆင့်ဖြင့်သာကျေနပ်ခဲ့ရသည်။

၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(ဘီ)တွင် ထိုင်းကလပ်ပေါ့သ်၊ ဗီယက်နမ်ကလပ်ကောင်အန်ဟနွိုင်း၊ မလေးရှားကလပ် ဂျိုဟိုးဒါရူးလ်၊ အင်ဒိုနီးရှားကလပ်ပါဆစ်၊ စင်ကာပူကလပ် လိုင်းယန်းစီးတီး၊ ကမ္ဘောဒီးယားကလပ်PKRအသင်းတို့နဲ့အတူကျရောက်လျက်ရှိကာ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်မှ ၂၀၂၇ ခုနှစ်၊ ဧပြီလ၁ရက်အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။