

=====================
ဧရာဝတီတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီနှင့် ကော်မတီပြန်လည်ရွေးချယ်ခြင်း
=====================
၁၂.၉.၂၀၂၆ နေ့ ၁၀း၀၀ နာရီတွင် ဧရာဝတီတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်း အဝေး ခန်းမတွင် တိုင်းပါတီမျက်နှာစုံညီနှင့်ပြန်လည်ရွေးချယ်ဖွဲ့စည်းရေးကို ကျင်းပရာ ဗဟိုအတိုင်ပင်ခံဦးသိန်းအောင်၊ ဗဟိုအတွင်း ရေးမှုးဒေါက်တာသန်းထွန်းမှ ဦးဆောင်၍ တိုင်းအတွင်းရှိခရိုင်ဥက္ကဌများ မြိုနယ်ဥက္ကဌများ တိုင်းကော်မတီဝင်အဖြစ် အဆိုပြုလွှာတင်ထားသူများ ရပ်မိရပ်ဖများ ဖိတ်ကြားထားသူ စုစုပေါင်း ၈၀ ဦး တက်ရောက်ခဲ့ကြသည်၊
နိုင်ငံတော်အလံအားအလေးပြုခြင်း၊ရွေးချယ်ရေးအဖွဲ့ သဘာပတိ ဒေါက်တာသန်းထွန်းမှ ရှင်းလင်းခြင်းတိုကိုဆောင်ရွက်ပြီး တိုင်းပါတီဝင်များမှနှုတ်ထွက်ခြင်း၊ တိုင်းပါတီဥက္ကဌ ၊အတွင်းရေးမှုး၊ဘဏ္ဍာရေးမှုးတိုအား မဲပေးရွေချယ်ခဲ့ရာဥက္ကဌ ဦးသိန်းထွန်း၊ အတွင်းရေးမှုးဒေါ်ခင်စောမူ၊ ဘဏ္ဍာရေးမှုးဦးလှခိုင် တိုအားရွေးချယ်ခဲ့ခြင်း၊ ဆက်လက်၍ တိုင်းပါတီကော်မတီဝင်နှင့်အရန်ကော်မတီဝင်များကိုရွေးချယ်ခဲ့ပြီးနေ့လည် ၁၄း၃၀ နာရီတွင် ကြွေးကြော်သံများကြွေးကြော်၍ အခမ်းအနားရုတ်သိမ်းခဲ့ပါသည်။




