မန်ယူရဲ့ပစ်မှတ် ဂျက်စတင်ကလွိုက်ဗက် ရိုးမားကိုရောက်ပြီ

မန်ယူအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တဲ့ အေဂျက်ဇ်အသင်းတောင်ပံကစားသမား ဂျက်စတင်ကလွိုက်ဗက်ဟာ ရိုးမားအသင်းကို စုစုပေါင်းတန်ကြေးပေါင် ၁၅.၈၅သန်း(ယူရို ၁၈ သန်း)နဲ့ ပြောင်းတော့မယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ ဂျက်စတင်ဟာ နယ်သာလန်လက်ရွေးစင်ဟောင်း ပက်ထရစ်ကလွိုက်ဗက်ရဲ့ သားဖြစ်ပြီး သူ့အဖေက အေဂျက်ဇ်မှာဘဲ ဆက်နေဖို့ တိုက်တွန်းခဲ့ပေမယ့် အသင်းပြောင်းခဲ့သူဖြစ်ပါတယ်။

Hyundai နဲ့အကျီင်္လက်မောင်စပွန်ဆာကို ချဲလ်ဆီးရယူနိုင်ခဲ့

ချဲလ်ဆီးအသင်းဟာ တောင်ကိုရီးယားနိုင်ငံအခြေစိုက် မော်တော်ကားထုတ်လုပ်ရေးကုပ္မဏီကြီးဖြစ်တဲ့ Hyundai နဲ့ အကျီင်္လက်မောင်းစပွန်ဆာကို ရယူလိုက်ပြီလို့ သိရပါတယ်။ စာချုပ်သက်တမ်းက ၄ နှစ်ဖြစ်ပြီး ငွေကြေးပိုင်း ကိုတော့ တရားဝင်ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။ Hyundai ဟာဗြိတိန်ဘောလုံးဈေးကွက်ထဲကို အခုမှပထမဆုံး ၀င်ရောက်လာတာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ အကျီင်္လက်မောင်းမှာ စပွန်ဆာတပ်ဆင်ဖို့ကို ပြီးခဲ့တဲ့နွေရာသီမှာကတည်းက ခွင့်ပြုပေးခဲ့တာပါ။ Hyundai တံဆိပ်နဲ့ အကျီင်္ကို ဒေးဗစ်လူးဝစ်၊ ဘာကာယိုကိုနဲ့ ဂီရော့်ဒ်တို့က မိတ်ဆက်ပြသခဲ့ကြတာပါ။

နိုင်ငံရေးအရ အသုံးချခံဖြစ်သွားခဲ့ရတဲ့ ဆာလာ

တနင်္လာနေ့က ထွက်ပေါ်လာခဲ့တဲ့ ဓာတ်ပုံတချို့ကြောင့် အမေရိကန်နဲ့ ဥရောပမီဒီယာတွေအပြင် လူအခွင့်အရေး လှုပ်ရှားသူတွေကပါ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလာအပေါ် ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။

ဆာလာဟာ အီဂျစ်အသင်းနဲ့အတူ ဂရော့ဇ်နီမြို့မှာ အခြေစိုက်နေစဉ်အတွင်း ချေချင်းညာဒေသခေါင်းဆောင် ရမ်ဇန်ခါဒီရော့ဗ်နဲ့ အတူ ကစားကွင်းထဲမှာ ဒေသခံပရိသတ်တွေကို လှည့်လှည် နှုတ်ဆက်ကာ လက်ချင်း ဆုပ်ကိုင်ပြီး ဓာတ်ပုံတွဲရောက်ခဲ့တာကြောင့် အင်တာနက်ပေါ်မှာ ဝေဖန်မှုတွေ အပြင်းအထန်ရှိခဲ့တာပါ။ ချေချင်းညာခေါင်းဆောင် ခါဒီရော့ဗ်ဟာ မွတ်ဆလင် အစွန်းရောက် တစ်ဦးဖြစ်ပြီး ရုရှားအစိုးရရဲ့ ထောက်ခံ အားပေးမှုနဲ့အတူ ချေချင်းညာဒေသမှာ လူအခွင့်အရေးချိုးဖောက်မှုများစွာအတွက် စွပ်စွဲခံထားရသူပါ။

အတိတ်က မအောင်မြင်မှုများကို အင်္ဂလန်အသင်းဂရုမစိုက်ဟု တိုက်စစ်မှူး ဟယ်ရီကိန်း ပြော

၅၂ နှစ်ကြာ ဆုဖလားများနှင့် ဝေးကွာနေခြင်း အဆုံးသတ်လိုပါက အင်္ဂလန်အသင်းအနေဖြင့် ကမ္ဘာ့ဖလားတွင် ထူးခြားအောင် လုပ်ပြရမည်ဟု ယုံကြည်ထားကြောင်း တိုက်စစ်မှူးဟယ်ရီ ကိန်းက ပြောသည်။

အင်္ဂလန်သည် ၁၉၆၆ က ကမ္ဘာ့ဖလားရခဲ့ပြီးနောက်ပိုင်း ထိုကဲ့သို့ အောင်မြင်မှုမျိုး ထပ်မံ မဖန်တီးနိုင်ခဲ့ဘဲ အဓိကပြိုင်ပွဲများတွင် အမြင့်ဆုံး အကြိုဗိုလ်လုပွဲ အထိသာ တက်ရောက်နိုင်ခဲ့သည်။ သို့သော် ဂါရက်ဆောက်သ် ဂိတ်၏ လူငယ်အများအပြားပါဝင်သော အသင်းသည် ယခင် ကမ္ဘာ့ဖလား မှတ်တမ်းများဖြင့် အာရုံထွေပြားရမည် မဟုတ်ဟု ဟယ်ရီကိန်းက ပြောသည်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် သင်သတိမထားမိနိုင်သော အချက် (၁၀)ခု

(၁) ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတလျှောက် အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့တဲ့ နိုင်ငံတွေထဲမှာ ရုရှားနိုင်ငံက အကြီးဆုံးဖြစ်ပြီး ကီလိုမီတာ (၁၇.၁)သန်းကျယ်ဝန်းပါတယ်။

(၂) ၂၀၁၈ပြိုင်ပွဲဝင် နိုင်ငံတွေထဲမှာ အိုက်စလန်ဟာ လူဦးရေ အနည်းဆုံးဖြစ်ပြီး (၃၃၅၀၀၀) ကျော်သာ ရှိပါတယ်။

(၃) အီတလီအသင်းဟာ နှစ်ပေါင်း (၆၀)အတွင်းမှာ ပထမဆုံးအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့တာပါ။

(၁၁) ကြိမ်မြောက် ဂရင်းစလန်းဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ရာဖေးလ်နာဒယ်

ကမ္ဘာ့အဆင့်(၁) စပိန်တင်း နစ်ချန်ပီယံ ရာဖေးလ်နာဒယ် သည် သြစတြီးယားမှ ဒိုမီနစ်သီ ယန်ကို ၆-၄ ၊ ၆-၃၊ ၆-၂ ဖြင့် အပြတ်အသတ်အနိုင်ရပြီး ၎င်း၏ (၁၁) ကြိမ်မြောက် ပြင်သစ်အိုးပင်းဖလားကို ရယူကာ စံချိန်တင်ခဲ့ သည်။

 ဂရင်းဆလမ်ဗိုလ်လုပွဲသို့ ပထမဆုံး တက်ရောက်လာသော သီယန်သည် နာဒယ်ကို ပွဲအစတွင် အနည်းငယ် နောက်မှ လိုက်  ကစားနိုင်ခဲ့သော်လည်း အပြတ် အသတ် ရှုံးနိမ့်ခဲ့သည်။

လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ ပွဲစဉ် အားလုံးကို အောင်သူ ပါဝင် ကစားခွင့် ရရှိ

ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်းတွင် သွားရောက် ကစားနေသော မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူး အောင်သူ သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ညှိနှိုင်းမှုဖြင့် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲကို မြန်မာ ယူ-၂၃ အသင်းနှင့်အတူ ပွဲစဉ်အားလုံး ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော် က ပြောသည်။

ဆီမိုနာဟာလက် ပထမဆုံး ဂရင်းဆလမ်ဖလား ဆွတ်ခူး

ကမ္ဘာ့နံပါတ် (၁) တင်းနစ် မယ်ဆီမိုနာဟာလက် သည် ပြင်သစ်အိုးပင်းဗိုလ်လုပွဲတွင် အမေရိကန်မှ စတုန်း စတီဗင်ကို ၃-၆၊ ၆-၄၊ ၆-၁ ဖြင့် အနိုင်ရရှိပြီး ပထမဆုံးဂရင်းဆလမ်ဖလားကို သိမ်းပိုက်ခဲ့သည်။

ရိုမေးနီးယားသူ ဆီမိုနာဟာလက်သည် ပြင်သစ်အိုးပင်းဗိုလ်လုပွဲ နှစ်ကြိမ်ရှုံးနိမ့်ခဲ့ပြီး ယခုနှစ် သြစတြေးလျ အိုးပင်းတွင်လည်း ဒုတိယဆုနှင့်သာ ကျေနပ်ခဲ့ရကာ စတုတ္ထအကြိမ်မြောက်၌ ပထမဆုံး ဂရင်းဆလမ်ဖလား ရရှိခြင်း ဖြစ်သည်။

ဘက်ဟမ်းတို့ဇနီးမောင်နှံရဲ့ မွန်မြတ်တဲ့သဒ္ဓါတရား

တော်ဝင်မင်းသား ဟယ်ရီရဲ့ မင်္ဂလာပွဲမှာ ဒေးဗစ်ဘက်ဟမ်းနဲ့ ဗစ်တိုးရီးယားဘက်ဟမ်းတို့ ဇနီးမောင်နှံရဲ့ ၀တ်စားဆင်ယင်မှုက ပရိသတ်တွေကြားမှာရေပန်းစားခဲ့ပါတယ်။

အထူးသဖြင့် ဒေးဗစ်ဘက်ဟမ်းရဲ့ဝတ်စုံက ပိုမိုလူကြိုက်များခဲ့ပြီး ဒီဇိုင်နာကင်မ်ဂျုံးစ်ရဲ့ Dior Homme ၀တ်စုံကို ပထမဆုံး ၀တ်ဆင်ခွင့်ရသူလည်း ဖြစ်ခဲ့တာပါ။ အခုတော့ ဘက်ဟမ်းဇနီးမောင်နှံရဲ့ တော်ဝင်မင်္ဂလာ အခမ်းအနား ပွဲတက် ၀တ်စုံကို ပရိသတ်တွေပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးရှိလာခဲ့ပါပြီ။ ဘက်ဟမ်းတို့ ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ မန်ချက်စတာ ဗုံးပေါက်ကွဲမှုနောက်ပိုင်းမှာ ဖွဲ့စည်းလိုက်တဲ့ We Love Manchester Emergency Fund ဆိုတဲ့ လူမှုကူညီရေးအဖွဲ့အစည်းအတွက် လှူဒါန်းဖို့ ရည်ရွယ်ပြီး သူတို့ နှစ်ဦးရဲ့ ၀တ်စုံတွေကို လေလံတင် ရောင်းချတော့မှာဖြစ်ပါတယ်။

စီရော်နယ်ဒိုကျေနပ်အောင် လစာတိုးမပေးနိုင်တော့တဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်ကနေ စီရော်နယ်ဒို ထွက်တော့မယ်ဆိုတဲ့ သတင်းတွေက ပိုပြီး အသံကျယ်လောင်လာပါတယ်။ အရင်ကလည်း အဲဒီလိုသတင်းတွေထွက်ခဲ့ဖူးသေးပြီး အဲဒီတုန်းကတော့ ရီးရဲလ်ဟာ စီရော်နယ်ဒိုကျေနပ်အောင် ကမ္ဘာ့စံချိန်တင်လစာတွေနဲ့ စာချုပ်သစ်ချုပ်ကာ ကစားသမားကိုဆက်ထိန်းနိုင်ခဲ့ပါတယ်။