
ဖီဖာဥက္ကဋ္ဌအင်ဖာတီနို က အိမ်ရှင်ရုရှားနိုင်ငံတွင် လူမျိုး ရေးခွဲခြားမှု၊ လူ့အခွင့်အရေး၊ လုံ ခြုံရေးတို့နှင့် ပတ်သက်၍ ကမ္ဘာ့ ဖလားမစမီတစ်ပတ်အလို၌စိုးရိမ်မှုများကိုဖြေရှင်းစဉ် ရုရှားသည် ယင်းပြိုင်ပွဲကို လက်ခံကျင်းပရန် ရာနှုန်းပြည့် အသင့်ရှိသည်ဟု ပြောသည်။

ဖီဖာဥက္ကဋ္ဌအင်ဖာတီနို က အိမ်ရှင်ရုရှားနိုင်ငံတွင် လူမျိုး ရေးခွဲခြားမှု၊ လူ့အခွင့်အရေး၊ လုံ ခြုံရေးတို့နှင့် ပတ်သက်၍ ကမ္ဘာ့ ဖလားမစမီတစ်ပတ်အလို၌စိုးရိမ်မှုများကိုဖြေရှင်းစဉ် ရုရှားသည် ယင်းပြိုင်ပွဲကို လက်ခံကျင်းပရန် ရာနှုန်းပြည့် အသင့်ရှိသည်ဟု ပြောသည်။

လေ့ကျင့်ရေးတွင် ရရှိသည့် မျက်လုံးဒဏ်ရာကြောင့် ယခုလအတွင်း ရန်ကုန်မြို့၌ကျင်းပမည့် MMA (One Champion-ship) ပြိုင်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း MMA ကစားသမား ဖိုးသော်က ပြောသည်။
ဖိုးသော်သည် ပြီးခဲ့သည့် မေလဆန်းတွင် ပြိုင်ပွဲအတွက် လေ့ကျင့်နေစဉ် ညာဘက်မျက်လုံးအတွင်းပိုင်း ဒဏ်ရာ ရရှိကာ လက်ရှိတွင် ခွဲစိတ်ကုသထားပြီး တစ်လခန့် အနားယူရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အင်္ဂလန်နည်းပြဆောက်ဂိတ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူမျိုးရေးခွဲခြားဆဲဆိုခံရပါကလည်း အင်္ဂလန်ကစားသမား တွေဟာ ကွင်းထဲကနေထွက်ခွာမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
စပါးနောက်ခံလူ ဒန်နီရို့စ်က လူမျိုးရေးခွဲခြားခံရမှာ စိုးရိမ်တဲ့အတွက် သူ့မိသားစုတွေ ရုရှားကို မသွားဖို့ တိုက်တွန်းထားပါတယ်။ ဒန်နီရို့စ်ဟာ ၂၀၁၂ က ဆားဘီးယားမှာ အင်္ဂလန်ယူ-၂၁ အသင်းအတွက် ကစားစဉ်မှာ လူမျိုးရေးခွဲခြားခံခဲ့ရဖူးပါတယ်။

မန်ယူအသင်းဟာ ပေါ်တို ညာနောက်ခံလူ ဒီယိုဂိုဒါလော့တ်ကို ပေါင် ၁၉ သန်းနဲ့ ခေါ်ပြီး ၅ နှစ် စာချုပ် လိုက်တယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ ဒါလော့တ်ဟာ ဒီကနေ့ မနက်ပိုင်းကဆေးစစ်မှု အောင်မြင်ပြီးနောက် စာချုပ် လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။

မြန်မာပြည်မှာ မစ်ဒယ်ဝိတ်ရွှေခါးပတ်ကို ကာကွယ်ရမယ့် အောင်လအန်ဆန်က အဆိုပါ ပွဲစဉ်မှာ အလှူအတန်း တစ်ခု ပြုလုပ်သွားမယ်လို့ ထုတ် ဖော်ပြောလာခဲ့ပါတယ်။ အောင်လအန်ဆန်ရဲ့ အဆိုပါ ပွဲစဉ်အတွက် ပွဲကြို လက်မှတ်တွေကို ရောင်းချပေးလျက်ရှိနေပြီး ပရိသတ်များ အနေနဲ့ လက်မှတ်များကို ၀ယ်ယူ ရင်း အောင်လအန်ဆန်နဲ့အတူ အလှူအတန်း တစ်ခုမှာ ပူးပေါင်းပါဝင်နိုင်မှာ လည်း ဖြစ်ပါတယ်။

ရန်ကုန် ဇွန် ၆
မြန်မာ လက်ခမောင်း ကုမ္ပဏီက တာဝန်ယူကျင်းပလျက်ရှိသည့် WLC လက်ဝှေ့ပွဲစဉ်များကို ၂ဝ၁၈ခုနှစ်အတွင်း ထပ်မံ ကျင်းပရန် စီစဉ်ထားပြီး ဝိတ်တန်းအလိုက် ချန်ပီယံများ ထွက်လာ ဦးမည်ဖြစ်ကြောင်း WLC ပြိုင်ပွဲများ၏ သတင်း ထုတ်ပြန်ရေး တာဝန်ခံ ကိုအောင်သူထံမှ သိရသည်။

ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးက တင်ပါးဒဏ်ရာခွဲစိပ်ကုသမှုခံယူထားမှုကြောင့် ပွဲပြန်ကစားမည့် အချိန် နှောင့်နှေးမှုများ ရှိနေသော်လည်း ၀င်ဘယ်ဒန်အိုးပင်းပြိုင်ပွဲကို ပါဝင်နိုင်ရန် မျှော်လင့်ထားသည်ဟု ပြောသွားခဲ့သည်။
မာရေးမှာပြီးခဲ့သည့်ရာသီတွင် ၀င်ဘယ်ဒန်အိုးပင်းပြိုင်ပွဲကို နောက်ဆုံးကစားခဲ့ပြီး ဒဏ်ရာကြောင့်အနားယူခဲ့ရကာ ပြီးခဲ့သည့် ဇန်န၀ါရီလတွင် တင်ပါးဒဏ်ရာကို ခွဲစိပ်ကုသမှုခံယူခဲ့သည်။
ခွဲစိပ်ကုသမှု ခံယူခဲ့ပြီးနောက် Libema အိုးပင်းပွဲစဉ်ကို ပါဝင်ကစားနိုင်ရန် မျှော်လင့်ထားသော်လည်း ဒဏ်ရာ သက်သာမှု နှောင့်နှေးနေမှုကြောင့် ပွဲပြန်ကစားရန် အဆင်သင့်မဖြစ်နိုင်အောင် ဖြစ်နေသည်။

ရှာရာဗိုဗာနဲ့ ယှဉ်ပြိုင်ရမယ့် စတုတ္ထပွဲစဉ်မတိုင်မီ ဆရီနာဝီလျံဟာ ဒဏ်ရာကြောင့် ပြင်သစ်အိုးပင်းပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ပါတယ်။ ဂရင်းဆလင်းချန်ပီယံဆုကို ၂၃ ကြိမ် ရရှိထားတဲ့ ဆရီနာဝီလျံဟာ ကလေးမွေးပြီးတဲ့နောက် တင်းနစ်ပြန်ကစားနေပြီး အစောပိုင်းပွဲတွေမှာ ပုံစံကောင်းရရှိခဲ့ပါတယ်။
အသက်(၃၆)နှစ်ရွယ်ဆရီနာဝီလျံက “ညာဘက်ရင်အုပ်ကြွက်သား ဒဏ်ရာရနေပါတယ်။ စကင်ဖတ်စစ်ဆေးမှုတွေ လုပ်ရပါဦးမယ်။ ရလဒ်မထွက်ခင်အချိန်အထိ ၀င်ဘယ်ဒန်ပြိုင်ပွဲနဲ့ပက်သက်ပြီး ဘာဖြစ်လာမလဲဆိုတာ မသိသေးပါဘူး” လို့ ပြောခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်က လီဗာပူးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဆာလက်၊ ကာရီယပ်စ်တို့နှင့် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များမှာ ချဲ့ကာပြောဆိုနေခြင်းမျိုးသာဖြစ်ပြီး မိမိအနေဖြင့် လက်ရှိပြေဆိုနေမှုများ အပေါ်တွင် ဖြေရှင်းသွားမည် မဟုတ်ဟု ဆိုလိုက်သည်။

ဘရာဇီးအသင်းဖော် ၀ီလျံက မန်ယူအသင်းနှင့် အပြောင်းအရွှေ့ဖြစ်မြောက်သွားခဲ့သည့် ဖရက်ဒ်အတွက် ၀မ်းမြောက်မိသည်ဟု ဆိုခဲ့ပြီး ဖရက်ဒ်မှာ အရည်အသွေးရှိသူ တစ်ယောက်ဖြစ်ခြင်းကြောင့် ပရီးမီးယားလိဂ်တွင် မန်ယူအသင်းနှင့် အောင်မြင်လိမ့်မည်ဟု ပြောသွားခဲ့သည်။
ဖရက်ဒ်မှာ မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေးပေါင် ၅၂ သန်း နှင့် (၅)နှစ်စာချုပ် ချုပ်ဆိုသွားခဲ့ပြီဖြစ်ကြောင်း မန်ယူအသင်းက ကြေညာသွားခဲ့သည်။ ၀ီလျံက ” သူ(ဖရက်ဒ်) အောင်မြင်မှာပါ။ သူ့အပေါ်မှာ သံသယ မရှိဘူး။ သူဟာ အရည်အသွေးရှိသူ တစ်ယောက်ပါ။ သူ့မှာ နောက်ထပ်တိုးတက်လာနိုင်တဲ့ အရည်အသွေးတွေလည်း ရှိနေပါတယ်။