
ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တနိုင်ငံတည်းက ပြိုင်ဘက် စပါးအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရပြီး ၁၄ နှစ်ကြာ ဝေးကွာနေတဲ့ ဥရောပချန်ပီယံဘွဲ့ကို ရရှိခဲ့တဲ့ လီဗာပူးအသင်းဟာ နိုင်ငံကို ပြန်လည်ရောက်ရှိချိန်မှာ မြို့တွင်း လှည့်လည် အောင်ပွဲခံခဲ့ပါတယ်။ ဥရောပရဲ့ချန်ပီယံများလို့ စာတမ်းပါတဲ့ အင်္ကျီတွေကို ဝတ်ဆင်ပြီး မြို့တွင်းလှည့်လည် အောင်ပွဲခံခဲ့တဲ့ အသင်းသားတွေကို လီဗာပူးအသင်း ပရိသတ်တွေနဲ့အတူ တခြားအသင်း ပရိသတ်တွေကပါ ထောင်သောင်းချီ လမ်းမဘေးကနေရပ်ကာ ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။









