ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပထမအဆင့်က ထွက်ခဲ့ရတဲ့ စနူကာဘုရင် အိုဆူလီဗန်

ရွန်နီအိုဆူလီဗန်ဆို ကမ္ဘာ့စနူကာလောကရဲ့ ဘုရင်ပါ။ ကမ္ဘာ့အဆင့်(၁) စနူကာကစားသမား အိုဆူလီဗန်ကို အပျော်တမ်းကစားသမားတစ်ယောက အနိုင်ရသွားတယ်လို့ပြောရင် ဟာသလို့ ထင်ခံရမှာပါ။

ဒါပေမဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ လက်ရည်စစ်ပွဲ အောင်မြင်ခဲ့တဲ့ ပထမဆုံး အပျော်တမ်းကစားသမား ဂျိမ်းစ်ကာဟေးလ်က အိုဆူလီဗန်ကို ပထမအဆင့်မှာပဲ ဖြုတ်ချခဲ့ပါတယ်။ ကမ္ဘာ့ချန်ပီယံ (၅)ကြိမ် ဆွတ်ခူးခဲ့တဲ့ အိုဆူလီဗန်ဟာ ဂျိမ်းစ်ကာဟေးလ်ကို (၁၀)ပွဲ၊ (၈)ပွဲနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

၂၀၁၉ PFA အကောင်းဆုံးဆုကို လီဗာပူးနောက်ခံလူ ဗန်ဒိုက်ရရှိ

လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဟာ မန်စီးတီးတောင်ပံကစားသမား စတာလင်းကို ကျော်ပြီး ၂၀၁၉ခုနှစ်ရဲ့PFA အကောင်းဆုံး ကစားသမားဆုကို ရသွားပါတယ်။ အကောင်းဆုံးကစားသမားဆုကို တရားဝင် မကြေငြာသေးပေမယ့် ဒေးလီးမေးလ်သတင်းစာကတော့ ဗန်ဒိုက်ရဖို့ သေချာသွားပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

အကောင်းဆုံးကစားသမားစာရင်းမှာ ဗန်ဒိုက်နဲ့အတူ စတာလင်း၊ မာနေး၊ ဟာဇက်၊ အဂွဲရိုး၊ ဘာနာဒိုဆေးလ်ဗား တို့ပါဝင်ပြီး ဗန်ဒိုက်နဲ့ စတာလင်းတို့ကတော့ ရေပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဘ၀တူပရော်ဖက်ရှင်နယ် ကစားသမားတွေရဲ့ ဆန္ဒမဲရရှိမှုမှာ ဗန်ဒိုက်ကအသာရခဲ့ပြီး အကောင်းဆုံးဆုကိုရဖို့ သေချာသွားပြီလို့လည်း သိရပါတယ်။

စပိန်စူပါဖလားပွဲစဉ်ကို ဆော်ဒီအာရေဗျ နိုင်ငံတွင် ကျင်းပရန် စပိန်ဘောလုံးအဖွဲ့ချုပ်စီစဉ်

စပိန်ဘောလုံးအဖွဲ့ချုပ်မှာ စပိန်စူပါဖလားပွဲစဉ်ကို ဆော်ဒီအာရေဗျနိုင်ငံတွင် သွားရောက်ကျင်းပရန်အတွက် ဆောဒီအာရေဗျအာဏာပိုင်များနှင့် ဆွေးနွေးနေကြောင်း မာကာသတင်းစာ ဖော်ပြသွားခဲ့သည်။

စပိန်စူပါဖလား ပြိုင်ပွဲအတွက် တစ်နှစ်ကို ယူရို သန်း ၃၀ နှင့်အတူ ၆ ချုပ် စာချုပ် ချုပ်ဆိုရန်ကြိုးပမ်းနေသည်ဟု သိရသည်။ သို့သော်လည်း အဆိုပါနှုန်းထားနှင့် စာချုပ်သက်တမ်းမှာ အကြမ်းအားဖြင့် သဘောတူညီမှု ရယူရန် သတ်မှတ်ထားခြင်းဖြစ်ပြီး နှစ်ဦးနှစ်ဖက်အနေဖြင့် အသေးစိပ်ဆက်လက်ဆွေးနွေးရဦးမည်ဖြစ်သည်။ ပြီးခဲ့သည့် စပိန်စူပါဖလားပြိုင်ပွဲကို မော်ရိုကိုနိုင်ငံ၊ တန်ဂျီရာမြို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုင်းလိဂ်မှာ အံ့သြစရာကောင်းလောက်အောင် တန်ကြေးအမြင့်ဆုံးဖြစ်နေတဲ့ အောင်သူ

ထိပ်ဆုံး (၅)ဦးစာရင်းမှာ ပြည်ပကစားသမားအဖြစ် အောင်သူတစ်ဦးတည်းသာ ၀င်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဆေးကျခဲ့လို့ UFC ဘင်တန်ဝိတ်ချန်ပီယံ တီဂျေဒီလာရှောကို ပွဲပယ်ပြစ်ဒဏ် (၂)နှစ်ချမှတ်

UFC ဘင်တန်ဝိတ်ချန်ပီယံ တီဂျေဒီလာရှောဟာ ဆေးကျခဲ့ပြီးနောက်မှာတော့ (၂)နှစ်ပွဲပယ်ပြစ်ဒဏ်ကို လက်ခံလိုက်ပါပြီ။ တီဂျေဒီလာရှောဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ အွန်နရီဆီဂျူဒို နဲ့ ပွဲမှာ ဆေးစစ်မှု မအောင်မြင်ခဲ့လို့ ပြီးခဲ့တဲ့လကတည်းက ချန်ပီယံခါးပတ် စွန့်လွှတ်ခဲ့ရသူပါ။

မန်ချက်စတာကနေ အရှင်ထွက် ထွက်ဖို့ ခက်တယ်လို့ ဆိုလိုက်တဲ့ ပီကေး

မန်ယူအသင်းအနေနဲ့ အခွင့်အရေးရတာနဲ့ ဘာစီလိုနာအသင်းကို သတ်ပစ်နိုင်စွမ်းရှိတယ်ဆိုတာ ပီအက်စ်ဂျီနဲ့ပွဲကို ကြည့်ပြီးသိနိုင်တယ်လို့ ဘာစီလိုနာ နောက်ခံလူ ပီကေးက ပြောခဲ့တယ်လို့ Daily Mailက ဖော်ပြလာပါတယ်။ ပီကေးက မန်ယူမှာ ၄ နှစ်ကြာ ကျင်လည်ခဲ့သူ ဖြစ်ပြီး ၂၀၀၈ ခုနှစ်က အသင်းကနေ ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။