
နာမည်ကျော် တင်းနစ် စူပါးစတား နှစ်ဦး ယှဉ်ပြိုင်တဲ့ အီတလီ အိုးပင်း ATP Tour Masters 1000 ပြိုင်ပွဲမှာ မြေစေးဘုရင် နဒါးလ်က လက်ရှိ နံပါတ် ၁ တင်းနစ်သမား နိုဗတ် ဂျိုကိုဗစ်ကို အနိုင်ယူပြီး ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီဖက် နောက်ပိုင်းနှစ်တွေ ထိပ်တိုက်ဆုံတွေ့မှုမှာ ဂျိုကိုဗစ်က အမြဲလိုလို အသာရခဲ့ပေမယ့် မြေစေးကွင်းမှာတော့ နဒါးလ်က အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကမှ မက်ဒရစ် အိုးပင်းမှာ ချန်ပီယံဖြစ်ထားတဲ့ ဂျိုကိုဗစ်ဟာ အီတလီ အိုးပင်းမှာတော့ နဒါးလ်ကို မယှဉ်နိုင်ဘဲ ရှုံးခဲ့တာပါ။








