
ဒူးဒဏ်ရာပြဿနာကြောင့် (၅)လဝန်းကျင် အနားယူရမယ့် ဂါဗီ
==============
ဘာစီလိုနာအသင်းက ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ ကွင်းလယ်ကစားသမား ဂါဗီအနေနဲ့ (၄)လကနေ (၅)လဝန်းကျင်အထိ အနားယူရမယ်လို အတည်ပြုကြေညာခဲ့ပါတယ်။
အသက်(၂၁)နှစ်သာရှိသေးတဲ့ စပိန်ကစားသမား ဂါဗီဟာ ၂၀၂၃ နိုဝင်ဘာတုန်းက ဒူးအရွတ်စုတ်ပြဲတဲ့ ဒဏ်ရာရရှိတာကြောင့် (၁၁)လဝန်းကျင် အနားယူခဲ့ရဖူးပါတယ်။









