ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးညွန့်ဖေနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်စည်းအမှုဆောင် များသည် ယမန်နေ့နံနက် ၁၁ နာရီက သာကေတမြို့နယ် (၇)အရှေ့ ရပ်ကွက်အခြေခံပညာမူလတန်းကျောင်းအမှတ်(၁၃)မှ ပညာရည်ချွန် ဆုရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူ ၄၂ဦးအား ငွေကျပ် ၁၂၅ဝဝဝတန်ဖိုးရှိ ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်စသည့် စာရေး ကိရိယာများကို ဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။



