ပထမ – မဟာအောင်မြေ
ဒုတိယ – အမရပူရ
တတိယ – ပုသိမ်ကြီး
နှစ်သိမ့်ဆုများ –
အောင်မြေသာစံ
ချမ်းအေးသာစံ
ပြည်ကြီးတံခွန်
ချမ်းမြသာစည်
ပထမ – မဟာအောင်မြေ
ဒုတိယ – အမရပူရ
တတိယ – ပုသိမ်ကြီး
နှစ်သိမ့်ဆုများ –
အောင်မြေသာစံ
ချမ်းအေးသာစံ
ပြည်ကြီးတံခွန်
ချမ်းမြသာစည်
သရက်မြို့နယ် မိုးနတ်ကုန်း ကျေးရွာအုပ်စု မိုးနတ်ကုန်းကျေး ရွာ၌ ယမန်နေ့ နံနက် ၁ဝနာရီက ခုနစ်ရက် ခုနစ်လီကျင်းပသော စတုဒိသာအလှူပွဲသို့ သရက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီက ကုသိုလ်ယူ ပါဝင်လှူဒါန်းခဲ့ကြသည်။
အဆိုပါ လှူဒါန်းပွဲသို့ မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်ဒေါ်ယဉ်ယဉ်လှနှင့် သရက်ခရိုင် မြို့နယ်ပါတီကော်မ တီဝင်များ၊ပါတီဝင်များက ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး ခုနစ်ရက် ခုနစ်လီ ကျင်းပမည့် စတုဒိသာ အလှူပွဲတွင် ကုသိုလ်ယူကာလုပ်အားဒါနဖြင့် ပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ အလင်းရောင်ဖောင် ဒေးရှင်းနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်းတို့ပူးပေါင်း ၍ မှော်ဘီ၊ တိုက်ကြီးနှင့် ထန်းတပင်မြို့နယ်များတွင် အလျားပေ၆ဝ၊ အနံပေ ၃ဝရှိ စာသင်ဆောင်ကိုး ဆောင် ဆောက်လုပ်လှူဒါန်းရန် အတွက် စတင်ဆောင်ရွက်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက မှော်ဘီမြို့နယ် နတ်ရဲ ကွင်းကျေးရွာတွင် ကျင်းပကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်သည် ကျုံဒိုးမြို့မီးပုံပွဲကွင်းတွင် ဇန်နဝါရီ ၂၉ ရက် ညနေ ၆ နာရီက ကျင်းပသည့် (၁၉၂) ကြိမ်မြောက် ကရင်ရိုးရာ နယ်လုံး ကျွတ်မီးပုံပွဲသို့ရောက်ရှိခဲ့ရာ မီးပုံပွဲကျင်းပရေး ကော်မတီသို့ အလှူငွေကျပ်တစ်သိန်းလှူဒါန်း ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေခဲ့ကြောင်း သိရ သည်။
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့် မြို့နယ် ပါတီကော်မတီဝင်များသည် ယခုလ၂၈ ရက် ညနေ၄နာရီကသာကေတမြို့နယ်ကျက်သရေဆောင် (၁ဝ၈)တောင်စွယ်တော်မြတ်စေတီတော်ကြီး၏ (၅၄)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဆွမ်းဆန်တော်များလှူဖွယ်ဝတ္ထုပစ္စည်းများ စုပေါင်း လောင်းလှူခဲ့ကြကြောင်း သိရသည်။
TKA(သာကေတ)
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့နယ်၊ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန် လုပ်ငန်းညှိနိုင်း အစည်းအဝေးကို ဗဟိုကောမတီဝင် ဒေါ်တင်မေထွန်း ဦးဆောင်၍ ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ မြို့နယ်ပါတီ ဥက္ကဌ ဦးစိုင်းရွှေထွန်း နှင့် ခရိုင်/မြို့နယ်ကော်မတီဝင်များ၊ရပ်ကျေးခေါင်းဆောင်းများဖြင့်(၃၀.၁. ၂၀၁၈)ရက်နေ့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ ဆောင်ရွက်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာပါတီ ခေါင်းဆောင်များဖြင့် တွေ့ဆုံခြင်း ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကြိုတင်ရေးဆွဲခြင်းအား ညိုနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ
ကျောက်ဆည်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးစိုးစိုးထွန်း နှင့်အဖွဲ့သည် ၃၁-၁-၂၀၁၈ ရက်နေ့ နံနက် (၈း၀၀)တွင် ကျောက်ဆည်မြို့နယ် အင်ရောင်းကျေးရွာ အုပ်စုအတွင်းရှိ လောကမာရ်အောင် ရွှေဂူကြီးဘုရားရင်ပြင်တွင် ကျင်းပပြုလုပ်သော (၂၀)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်း လှူပွဲကျင်းပရာသို့ တက်ရောက်ကြည်ညို၍ ဆရာတော်ကြီးများ၏ ဆုံးမသြ၀ါဒများ နာယူခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးသို့ ယနေ့ ညနေ ၄ နာရီက တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ကမ္ဘာလုံးဆိုင်ရာ လူမှုသိပ္ပံသုတေ သနလေ့လာရေးအဖွဲ့မှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ယခုလ ၂ဝရက် နံနက် ၈ နာရီခွဲတွင် ကော့ကရိတ် မြို့အမှတ်(၁)ရပ်ကွက်ရွှေကြက်မင်း ဘုန်းတော်ကြီးကျောင်းသို့ ရောက် ခဲ့ပြီး ရွှေကြက်မင်းဆရာတော် ဈာပနကျင်းပရေးအတွက် အလှူ ငွေကျပ်တစ်သိန်းကို ရွှေကြက်မင်း ကျောင်းတိုက်ဆရာတော်ဦးသုဇာတ အား ဆက်ကပ်လှူဒါန်းခဲ့သည်။
မွန်းလွဲ ၁နာရီတွင် ဘားအံမြို့ နယ် မိသရောင်ကျေးရွာအုပ်စု ကျွန်းရွာရှိ ဓမ္မသုခကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာ တော်အား လှူဖွယ်နှင့်ဝတ္ထုငွေကျပ် နှစ်သောင်းကို ဆက်ကပ်လှူဒါန်းခဲ့ ပြီး အဆိုပါဓမ္မသုခတိုက်ကျောင်း တွင် ကျင်းပသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ပါတီ ဝင် အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီ တွင်စတင်ကျင်းပ သည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပါဒကြီးစံပြကျေးရွာရှိ ပါဒကြီးငါးထပ်ဘုရားအာရုံခံ တန်ဆောင်းအတွင်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာများမှ စည်းရုံးရေးမှူးများ၊ ပါတီဝင်များတွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။