ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်မှ ကော်မတီဝင်များ ယနေ့ နံနက် ၉နာရီမှ မွန်းလွဲ ၃ နာရီ အထိ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီရုံးတွင် တွေ့ဆုံခဲ့ကြသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်မှ ကော်မတီဝင်များ ယနေ့ နံနက် ၉နာရီမှ မွန်းလွဲ ၃ နာရီ အထိ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီရုံးတွင် တွေ့ဆုံခဲ့ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ် ကောင်းမြို့ ရေကျော်ကျေးရွာအုပ်စု စမ်းချောင်းကျေးရွာဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် ကျင်းပသော ရွာလုံးကျွတ် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားသို့ တက် ရောက်ခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဇနီးဒေါ်စိုးဝတ်ရည်တို့သည် ယနေ့မွန်းလွဲ ၁၂နာရီခွဲက ရွှေဘိုမြို့၊ပုခန်းကျောင်းတိုက်သို့ ရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော်ဦးဝိမလအားဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။
ပါတီဥက္ကဌဦးသန်းဌေးနှင့် ဇနီးဒေါ်စိုးဝတ်ရည်တို့အဖွဲ့သည်ရှေးဦးစွာ ပုခန်းကျောင်းဆရာတော်ဦးဝိမလအား ဖူးမျှော်ကန်တော့၍ သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများနှင့်အတူ ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ရွှေဘိုမြို့ရှိ ရာဇအောင်မြေဘုရားအား ဖူးမျှော်ကြည်ညိုကာ အောင်မြေနင်းခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီလစဉ် ရပ်/ကျေးပါတီများနှင့်တွေ့ဆုံပွဲအား ဖေဖော်ဝါရီ ၆ ရက် နံနက် ၉ နာရီက မြို့နယ် ပြည်ခိုင်ဖြိုးအစည်းအဝေးခန်းမ၌ကျင်းပသည်။ အဆိုပါတွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးတိုင်းပါတီ ကော်မတီ ဦးသန်းထွန်း၊ ကျောက်ဆည်ခရိုင်အတွင်းရေးမှူးဦးစန်းမြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်၊ မြို့နယ်ကော်မတီများ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင် ၁၂၇ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
(၇-၂-၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် သိန္နီမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုင်းစံအေး၊ အတွင်းရေးမှူး ဦးစိုင်းစံအေး၊ စေတနာရှင်လူငယ်အဖွဲ့များနှင့်အတူ ကောင်းအိုင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသော ကွတ်ခိုင်မြို့နယ် ဆိုင်းခေါင်ရွာမှ စစ်ဘေးရှောင်ပြည်သူ(၁၅၈)ဦးတို့အား ငွေကျပ်တန်ဖိုး (၂၀၁၅၀၀ိ/-)တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများကို သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။
အဆိုပါ စစ်ဘးရှောင်ပြည်သူများတွင် မူလတန်းကလေးငယ် ကျောင်းသား(၁၈)ဦးပါဝင်ကြောင်း သိရသည်။
credit >>> အယ်လ်နန်ဆိုင်း အယ်လ်နန်ဆိုင်း
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ယမန်နေ့နံနက် ၁ဝ နာရီခွဲက ရန်ကုန် မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၉ အုပ်စုမှ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များနှင့် တွေ့ဆုံပွဲကျင်းပသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်သို့  ရောက်ရှိနေသောပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (ရှမ်းပြည်နယ်ဥက္ကဌ) ဦးစိုင်းသန်းဝင်းသည် ယနေ့(၇.၂.၂၀၁၈)ရက်နေ့တွင် ကျရောက်သော (၇၁)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ မိုင်းဆတ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တယ၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်၊မိုင်းဆတ်ခရိုင်၊မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊အမျိုးသမီးရေးရာကော်မတီဝင်များနှင့်အတူတက်ရောက်ခဲ့ကြောင်းသိရှိရပါသည် ။
ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ
(၇.၂.၂၀၁၈)ရက်နေ့တွင် တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်လူနာများအတွက် သွေးလိုအပ်နေကြောင်း ဆက်သွယ်အကူအညီတောင်းခံချက်အရ တာချီလိတ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီလူငယ်များဖြစ်သည့် မောင်နေမျိုးထွန်း(O)၊ မောင်သိန်းမင်းမြတ်(O)သွေး၊ မောင်သက်လွင်(A)သွေး၊ မောင် အောင်ခိုင်ဝင်း(A)သွေး၊ မောင်အောင်ထက်ပိုင်(B)သွေး စုစုပေါင်း သွေး(၅)လုံးအား လှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်
ရှမ်းပြည်နယ်အရှေု့ပိုင်း သတင်းစုံ
ယနေ့ (8.2.2018)ရက်နေ့  စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ညောင်ပင်ကြီးကျေးရွာ ဆုတောင်းပြည့်ဘုရားပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့  ပင့်သံဃာတော်(၆၀)ကျော်အား ဆန်၊ ခေါက်ဆွဲခြောက်၊ ဆပ်ပြာခဲနှင့်အခြားလှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ရာ ခရိုင်ကော်မတီဝင် ဒေါ်ခင်နွယ်မြင့် မြို့ နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့်ကော်မတီဝင်များ ရပ်ကျေးပါတီဥက္ကဌနှင့် အဖွဲ့ ဝင်များ ကျေးရွာပြည်သူများနှင့်အတူစုပေါင်း လှူဒါန်းခဲ့ပါသည်။
Mg Tun Naing Mtn
ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဇနီးဒေါ်စိုးဝတ်ရည်တို့သည် နံနက်၆နာရီက ကလေးဝမြို့နယ်၊မဟာမြိုင်တောရကျောင်းတိုက်၊သာသနာပြုသဲဖြူဆရာတော်ဘဒ္ဒန္တပညာဇောတအား ဖူးမျှော်ကြည်ညို၍ အာရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။
ပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်ဇနီးဒေါ်စိုးဝတ်ရည် တို့အဖွဲ့သည် သဲဖြူဆရာတော်အား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပြီးနောက် သင်္ကန်းအစရှိသောလှူဖွယ်ပစ္စည်းများနှင့်ဝတ္တုငွေများကို လှူဒါန်းခဲ့ကာ ဆရာတော်ထံမှ သာဓုအနုမောဓနာ တရား နာယူခဲ့ကြသည်။