မြန်​မာစွန့်​ဦးတီထွင်​ပွဲ​တော်​သို့ ပြည်​ခိုင်​ဖြိုးပါတီမှတက်​​ရောက်

 

(၃.၂.၂၀၁၈)ရက်​​နေ့ နံနက်​(၀၉း၀၀)အချိန်​တွင်​ ချမ်းမြသာစည်​မြို့နယ်​ သတင်းနှင့်​နည်းညာတက္ကသိုလ်​(MIIT)၌ကျင်းပ​သော မြန်​မာစွန့်​ဦးတီထွင်​ပွဲ​တော်​ ဖွင့်​ပွဲအခမ်းအနားသို့ မန္တ​လေးတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုး၊ မန္တ​လေးတိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ​ဦး​အောင်​နိုင်​ဦး၊ ဒေါ်သိင်္ဂီ​အောင်​၊ မန္တ​လေးခရိုင်​ပါတီအတွင်း​ရေးမှူး ​ဒေါ်ဝါဝါလှိုင်​တို့တက်​​ရောက်​ခဲ့​ပါသည်​။
#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး


မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်အသစ်များ ၀င်ရောက်ရန် အဆိုပြု

 

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ပါတီဝင် အသစ် ၃၀၀ နီးပါး အဆိုပြုလွှာများပေးအပ်ခဲ့ကြသည်။

မကွေးမြို့နယ်၊ ဆူးပြစ်စမ်းအုပ်စု ရွှေကျော်ကျေးရွာနှင့် မြို့သစ်မြို့နယ် မြတ်လေးကုန်းအုပ်စု၊ ရွှေညောင်ပင်ကျေးရွာတို့မှာ ပါတီဝင်ခွင့်ရှိသူများ ကျေးရွာလုံးကျွတ်နီးပါးဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။

ပါတီဝင်အသစ်များကိုယ်စား တစ်ဦးမှ ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်ရန် ဆုံးဖြတ်ခဲ့ရခြင်းအပေါ် ပြောကြားခဲ့ရာမှာ –

ရပ်/ကျေးပါတီဝင်များတာဝန်ပေးအပ်ပွဲကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီးမြောင်းမြ ခရိုင်မြောင်းမြမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပသောရပ်/ကျေးပါတီဥက္ကဋ္ဌ များ တာဝန်ပေးအပ်ပွဲကို ယနေ့ နံနက်၉နာရီကခရိုင်ပါတီရုံးအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာနိုင်ငံတော်အလံအား အလေးပြုခြင်းနှင့်နိုင်ငံတော်သီချင်း သီဆိုခြင်းတို့ဆောင်ရွက်ကာ ဧရာ ဝတီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်း ရေးမှူး ဦးဝင်းကိုကိုက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် နယ်မြေတာဝန်ခံတိုင်းဒေသကြီး ကော်မတီအဖွဲ့ဝင် ဦးပြုံးချို၊ ခရိုင် ပါတီဥက္ကဋ္ဌဦးအောင်မြင့်၊ မြို့နယ် ပါတီဥက္ကဋ္ဌဦးဝင်းမော်တို့က အမှာ စကားများ အသီးသီးပြောကြားပြီး ရပ်/ကျေးပါတီဥက္ကဋ္ဌခန့်အပ်လွှာ များကို တာဝန်ရှိသူများက ပေးအပ် ခဲ့ကြသည်။

မီးဘေးသင့်မိသားစုများအား တစ်ဆုပ်ဆန်လှူအသင်း ဆန်ထောက်ပံ့

 

မြစ်ကြီးနားမြို့ မန်ခိန်ရပ် ကွက် စက်မှုနယ်မြေတွင် ယခုလ ၂ ရက် ည ၁၁ နာရီခွဲခန့်က မီးဘေးဖြစ်ခဲ့ပြီး နေအိမ်ငါးလုံး၊ မိသားစု ၁ဝ စု၊ လူဦးရေ ၅ဝခန့် မီးဘေးကြုံတွေ့ခဲ့ရသည်။

ဝိလာသတောင်ပေါ်၌ ရွှေသိမ်တော်ဆောက်လုပ်ရန် ခရိုင်ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်များ အလှူငွေများလှူဒါန်း

 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် တိန်းသော်ကျေးရွာမြောက်ဘက် ဝိလာသတောင်ပေါ်တွင် ယခင်က လူနေထိုင်ခြင်း။ ရဟန်းသံဃာများ သတင်းသုံးနေထိုင်ခြင်းမရှိခဲ့သော်လည်း ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ကမ္ဘာ့ဧကရာဇာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိလာသ(ရွှေကိုယ်တော်)နှင့် တိန်းသော်ကျေးရွာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဇောတိကတို့ ဦးစီး၍ ဝိလာသတောင်ပေါ်တွင် ဘုန်းကြီးကျောင်းဆောက်လျက်ရှိသည်။ ထို့ပြင် ဆရာတော်သံတော် များနှင့် ဗန်းမော်ခရိုင်ခေတ္တအုပ်ချုပ်ရေးမှူးဦးညွန့်စိုးတို့ ကြီးမှူး၍ ယခုလ ၁ ရက်မှ ၄ ရက်အထိ ရတနာဝိလာသီသိမ်ကျောင်းဆောက်လုပ်ရန်အတွက် သိမ်သမုတ်ပွဲကျင်းပလျက်ရှိကြောင်း သိရသည်။

မြောင်းမြမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာအုပ်စုဥက္ကဋ္ဌများ တာဝန်ပေးအပ်

 

မြောင်းမြမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌများအား တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယခုလ ၂ရက် နံနက် ၈ နာရီက မြောင်းမြခရိုင်           ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမ ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်း အနားသို့ ဧရာဝတီတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဝင်းကိုကို၊ ဧရာဝတီတိုင်းဒေသကြီးပါတီကော် မတီဝင် ဦးပြုံးချို၊     မြောင်းမြ ခရိုင် ပါတီဥက္ကဋ္ဌဦးအောင်မြင့်နှင့် ကော် မတီဝင်များ၊ မြောင်းမြမြို့နယ်ပါတီ ဥက္ကဋ္ဌဦးဝင်းမော်နှင့်ကော်မတီဝင် များ၊ မြို့နယ်အရန် ကော်မတီဝင် များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၁၄       အုပ်စုမှ ဥက္ကဋ္ဌများ တက် ရောက်ခဲ့ကြသည်။

ဟင်္သာတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာအုပ်စုဥက္ကဋ္ဌများတာဝန်ပေးအပ်

 

ဟင်္သာတမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌများအား တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဟင်္သာတခရိုင် ပြည်ခိုင်    ဖြိုးပါတီအစည်းအဝေးခန်းမ၌ကျင်းပ ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင် ဦးခင် မောင်ရီ၊ ဧရာဝတီတိုင်းဒေသကြီး ပါတီကော်မတီဝင် ဘဏ္ဍာရေးမှူး ဦးလှခိုင်၊ဟင်္သာတခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ကော်မတီဝင်များ၊ ဟင်္သာတမြို့နယ် ပါတီဥက္ကဋ္ဌ ဦးညွန့်ဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်အရန် ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂၄ အုပ်စုမှဥက္ကဋ္ဌများ      တက်ရောက်ခဲ့ ကြသည်။

ရွာလယ်တံတား ပြန်လည်ပြုပြင်ရန် ပြည်ခိုင်ဖြိုးပါတီငွေလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီးတောင် ပိုင်းခရိုင် သုံးခွမြို့နယ်ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စုနှင့် ကော်မတီဝင်များက သရောတော ကျေးရွာရှိ ရွာလယ်တံတားပြန် လည်ပြုပြင်နိုင်ရန်အတွက် အလှူ ငွေကျပ် ငါးသောင်းကို ကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအလုပ်အမှုဆောင်ဦးဟန်ငြိမ်း (တံတားပြန်လည်ပြုပြင်ရေးကော် မတီအဖွဲ့ဝင်)ထံ ယခုလ ၁ ရက် နံနက် ၁၁ နာရီခွဲက ပေးအပ် လှူဒါန်းခဲ့သည်။

ကြည်စိုးလွင်(သုံးခွ)

ဘိုကလေးပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌခန့်အပ်တာဝန်ပေးအပ်ပွဲနှင့်မြို့နယ်ပါတီဝင်ကတ်များပေးအပ်ပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးအပ်ပွဲနှင့် မြို့နယ်ပါတီဝင်ကတ်များ ပေးအပ်ပွဲအခမ်းအနားကို      ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးရုံးခန်းမ၌ ကျင်းပခဲ့သည်။