အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းဆွေးနွေး

 

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုင်းခရိုင် မြို့နယ်များမှာ ကော်မတီဝင်များ ဥက္ကဋ္ဌအတွင်းရေးမှူးများနှင့် တွေ့ဆုံပွဲအား ညောင်တုန်းမြို့နယ် ဗိုလ်မြတ်ထွန်း ရိပ်သာ(တံတား)တွင်တွေ့ဆုံ၍ ပါတီ၏ ရှေလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဗဟိုအလုပ်မှုဆောင်များဖြစ်သော ဦးအောင်တင်မြင့်၊ဒေါက်တာပွင့်ဆန်း
ဗဟိုအလုပ်မှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးညဏ်လင်းတို့တက်ရောက်ခဲ့ကြောင်းသိရသည်။

ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေးရာကော်မတီအလိုက် တာဝန်ပေးအပ်ပွဲ အခမ်းအနား

 

မ​ကွေးတိုင်း​ဒေသကြီး ပခုက္ကူမြို့ နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ကံမတိုက်​နယ်​ ​ရေးရာ​ကော်​မတီအလိုက်​ တာဝန်​​ပေးအပ်​ပွဲသို့ တိုင်းပါတီအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်​၊ တိုင်းပါတီဘဏ္ဍာ​ရေးမှူး ဦးကြည်​ထွန်း၊ တိုင်း​ကော်​မတီဝင်​ ဦး​စောဝင်း​မောင်​၊ ဦး​သော်​ဇင်​ဦး၊ ပခုက္ကူခရိုင်​ပါတီဥက္ကဌ ဦးသိန်းထွန်း၊ ခရိုင်​ပါတီအတွင်း​ရေးမှူး ဦးမြင့်​နိုင်​၊ မြို့နယိပါတီ ဥက္ကဌ ဦးသန်း​အေးနှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ရပ်​ / ​ကျေးစည်းရုံး​ရေးမှူး၊ ပါတီဝင်​များ တက်​​ရောက်​ခဲ့ကြပါသည်​ ။

ညောင်​ဦးခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင့်​ပွား) သင်​တန်းဖွင့်​ပွဲ အခမ်းအနား ကျင်းပ

 

(၂၄.၂.၂၀၁၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ညောင်ဦးခရိုင် ပြည်ခိုင်ဖြိုးပါတီမှဖွင့်လှစ်သော နိုင်ငံရေး စီမံခန့်ခွဲမ (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားအား ညောင်ဦးပြည်ခိုင်ဖြိုးရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းဌေး၊ ညောင်ဦးခရိုင်ပါတီဥက္ကဌ ဦးညွန့်ဝင်းနှင့် ခရိုင်ကော်မတီဝင်များ၊ သင်တန်းနည်းပြ များ၊ ညောင်ဦးခရိုင်အတွင်းရှိ မြို့နယ် (၂) မြို့နယ်မှ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအား နိုင်ငံတော်သီချင်းသံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းဌေးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ကာ ညောင်ဦးခရိုင်ပါတီဥက္ကဌ ဦးညွန့်ဝင်းမှ သင်တန်းစည်းကမ်းများ ဖတ်ကြားရှင်းလင်ခဲ့ကြောင်း သိရှိရပါသည်။

မိုင်းဖြတ်​မြို့နယ်​ ပြည်​ခိုင်​​ဖြိုးပါတီ ခရိုင်​/ မြို့ နယ်​​ကော်​မတီအစည်းအ​ဝေး ကျင်းပ

 

(၂၅.၂.၂၀၁၈) ရက်​​နေ့ မိုင်းဖြတ်​မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံဖြိုး​ရေးပါတီခရိုင်​/မြို့နယ်​​ကော်​မတီအစည်း​ဝေးကျင်းပပြုလုပ်ရာ အရန်​ပြည်​နယ်​​ကော်​တီဝင်​ (ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​) ဦးစိုင်း​ကျောက်​၊ ဦးအားကို၊ခရိုင်​ဥက္ကဋ္ဌ ဦးညွန်​ဝင်း၊ မြို့ နယ်​ဥက္ကဋ္ဌ ဦးစိုင်းရီတစ်​၊ အတွင်​​ရေးမှူးနှင့်​​ ကော်မတီဝင်​များ ​ရှေ့​ဆောင်​ရွက်​မည့်​လုပ်​ငန်းစဉ်​များကို ညှိနှိုင်း​ဆွေး​နွေးခဲ့ကြပါသည်​။

Crd;


နိုင်ငံရေး စီမံ(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၂) ဖွင့်

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေး စီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီ ရုံးတွင်ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဗဟိုကော်မတီဝင် တောင်ပိုင်းခရိုင်ပါတီ ဥက္ကဋ္ဌဦးလွင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။

ဖြိုးစေတနာဆေးကုသရေးအဖွဲ့အခမဲ့ကွင်းဆင်းဆေးကုသ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရန်ကုန်မြောက်ပိုင်းခရိုင် ဖြိုးစေတနာ(အခမဲ့)နယ်လှည့်အထွေ ထွေရောဂါဆေးကုသရေးအဖွဲ့မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ခေါင်း ဆောင် ခရိုင်ပါတီဘဏ္ဍာရေးမှူးဦးကြည်စိုး ဦးဆောင်သော ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူများပါဝင်သော ဆေးကုသရေးအဖွဲ့ သည် မှော်ဘီမြို့နယ် လှည်းငုတ်ချောင်းကျေးရွာအုပ်စု ရေတွင်းကုန်း ကျေးရွာမြောက်ပိုင်းဓမ္မာရုံတွင် ကျေးရွာနေမိဘ ပြည်သူများအား ယနေ့ နံနက် ၉ နာရီမှစတင်၍ အနောက်တိုင်းဆေးဝါးဖြင့် အခမဲ့ ဆေးဝါးကုသမှုပြုလုပ်ပေးခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် လမ်းရှစ်လမ်းကွန်ကရစ်ခင်းကျင်းရန် ငွေလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင် သာယာမြို့နယ် အမှတ်(၁၁)ရပ်ကွက် အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ လမ်းပေါင်း ရှစ်လမ်းကို ကွန်ကရစ်ထပ်ပိုးလွှာ ခင်းကျင်းနိုင်ရန် အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ အလှူငွေကျပ်သိန်း၂ဝ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဇမ္ဗူရောင်ပန်းဘုန်းတော် ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြည်ခိုင်ဖြိုးပါတီမှ ပါဝင်လှူဒါန်း

 

ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်အုပ်စု ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင်ရွှေလက်လှဘုရားတွင် နှစ်စဉ်ကျင်းပပြုလုပ်သည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၈၆)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ၂၅ -၂-၂၀၁၈ ရက်နေ့ နေ့လည်(၁)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဗဟိုအတွင်းရေးမှူးဦးတင်အောင်ချစ် ၊ ဌာနချုပ်မှူး နှင့် ဌာနမှူးများ ၊ ပါတီဝင်များ တက်ရောက်လှူဒါန်းခဲ့ပါသည်။