မိုးကောင်းမြို့နယ် မြို့သစ်ကြီးကျေးရွာအုပ်စုမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များ ၏ ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း တိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်က ပါတီဝင် ၃ဝ ၏နှစ်စဉ် ကြေးများကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်ထံပေးအပ်သည်။
ဒဂုံမြို့သစ်တောင်ပိုင်း ပြည်ခိုင်ဖြိုးရပ်/ကျေးပါတီဥက္ကဋ္ဌများတာဝန်ပေးအပ်
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့နံနက် ၉ နာရီက ရပ်/ကျေးဥက္ကဋ္ဌများ ပါတီတာဝန်ပေးအပ်ပွဲအခမ်းအနားကို ဒဂုံတောင်မြို့နယ်ပါတီရုံးတွင်ကျင်းပကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် ခရိုင်ပါတီကော်မတီဝင် များ၊ မြို့နယ်ပါတီဥက္ကဋ္ဌဒေါ်စန်းစန်းဌေးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌ များ၊ ပါတီဝင်များတက်ရောက်ကြသည်။
အစီအစဉ်အရ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဋ္ဌဦးစိန်မြင့်က အမှာစကားပြောကြား၍ ရပ်/ကျေး ဥက္ကဋ္ဌများ ခန့်အပ်လွှာပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးပါတီနာယက ဒေါက်တာ ခင်မောင်ထွန်း(ထက်လင်း)နှင့်ဇနီးတို့မှ ကာရာအိုကေစက်တစ်လုံးလှူဒန်းပေးခဲ့ကြောင်း သိရ သည်။
ဒေါပုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခြင်ဆေးဖျန်းလုပ်ငန်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင်ဒေါပုံမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမုံ နာ(၂)ရပ်ကွက် ရေကြောင်းညွှန် ကြားမှုဦးစီးဌာန ဝန်ထမ်းမိသားစု သင်္ဘောကျင်းလိုင်းခန်းများကိုသွေး လွန်တုပ်ကွေးရောဂါကာကွယ်ရေး အဖြစ် ခြင်ဆေးမှုတ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်းလုပ်ငန်းများကို ယနေ့ နံနက်၉ နာရီမှ၁၁နာရီအထိဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးမိတ်ခရိုင်တွင် စိုက်ပျိုးရေရရှိရေး ပြည်ခိုင်ဖြိုးပါတီညှိနှိုင်းဆောင်ရွက်ပေး
မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးမြင့်လှိုင်၊ ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ မဘိမ်းမြို့နယ်ပါတီ ဥက္ကဋ္ဌဦးဇော်လွင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေ၊ မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဦးစိုင်းမောင်မောင်ကျော် တို့သည် ယမန်နေ့နံနက် ၁ဝ နာရီက မလှိုင်ကုန်းကျေးရွာအုပ်စု မလှိုင်ကုန်းကျေးရွာသို့ရောက်ရှိပြီး တောင်သူလယ်သမားများနှင့် တွေ့ဆုံ၍် လယ်ကြီးကွင်းရှိရေသောက် ဧရိယာဧက ၅၄ဝ ရေရရှိ ရေးအတွက် ရေးသွင်းမြောင်းတူးဖော်ရေးကိစ္စများကို သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ရွှေကူမြို့၌ ရပ်ကွက်ကျေးရွာအုပ်စုပါတီကော်မတီဥက္ကဋ္ဌခန့်အပ်တာဝန်ပေး
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ရပ်ကွက် /ကျေးရွာအုပ်စု ပါတီ ကော်မတီဥက္ကဋ္ဌများခန့်အပ်တာဝန် ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁၂နာရီ ၄၅ မိနစ်က ရွှေကူမြို့နယ် ပါတီရုံး၌ ကျင်းပခဲ့ရာ ဗဟိုကော် မတီဝင်ဦးဝင်းမောင်သိန်း၊ခရိုင်ပါတီ ဥက္ကဋ္ဌဦးသန်းဇော်လေး၊ အတွင်း ရေးမှူးဒေါ်ဝိုင်း၊ ဘဏ္ဍာရေးမှူး ဦးကျော်စွာဝင်းနှင့်အရန်ကော်မတီ ဝင်များ၊ ရွှေကူမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်မင်း၊အတွင်းရေးမှူး ဦးသန်း ထိုက်နှင့်ကော်မတီဝင်များ၊ရပ်ကျေး ပါတီကော်မတီဥက္ကဋ္ဌများစုစုပေါင်း ၇၃ဦး တက်ရောက်ခဲ့ကြသည်။
မိုင်းဆတ်ပြည်ခိုင်ဖြိုးပါတီမှ မီးဘေးသင့်ပြည်သူများအား သွားရောက်ကူညီ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ပါတီဥက္ကဌ ဦးစိုင်းခတ္ထိယနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ ဦးဒါဝိဒ်၊ မြို့နယ်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပါတီရုံးဝန်ထမ်းများသည် (၁၈.၂.၂၀၁၈) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်အုပ်စု၊ ရေပူစမ်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့သောနေအိမ် ၃ အိမ်အား ထောက်ပံ့ကြေးအကူငွေများ သွားရောက်ပေးအပ်ခဲ့ကြကြောင်းသိရှိရပါသည်။
ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတြီ ပည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
လွိုင်ကော်၊ ဖေဖော်ဝါရီ ၁၆
နွားထိုးကြီးမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံး၌ကျင်းပသော ရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဌများအားတာဝန်ပေးအပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်တက်ရောက်အားပေး
(၁၅.၂.၂၀၁၈)ရက်နေ့ (၁၀း၀၀)အချိန်တွင် နွားထိုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဌများအားတာဝန်ပေးအပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကျင်းပပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်နှင့်ခရိုင်ကော်မတီဝင်များ၊ နွားထိုးကြီးမြို့နယ်ပါတီဥက္ကဌ ဦးကြည်ဖေနှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌအဖြစ်တာဝန်ပေးအပ်ခံရသူများ၊ ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက်မည့်ပါတီဝင်အသစ်များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအားနိုင်ငံတော်သီချင်းသံပြိုင်သီဆိုကာဖွင့်လှစ်ခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်တို့မှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပါတီဥက္ကဌမှဒေသဆိုင်ရာအချက်အလက်များအားတင်ပြခဲ့ပါ သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်ဦးထွေးလှ မာန်အောင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးထွေးလှ(နတလညွှန်ချုပ်ငြိမ်း) သည် ရခိုင်ပြည်နယ် မာန်အောင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ များနှင့်သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင် ဦးထွေးလှနှင့် ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြလင်းတို့သည် ကျောက်ဖြူမှ မာန်အောင်သို့ လေယာဉ်ဖြင့် ယခုလ ၁၂ရက် မွန်းလွဲ ၁၂နာရီခွဲ ကရောက်ရှိလာရာ မာန်အောင်မြို့ နယ်ပါတီမှ ခရိုင်၊ မြို့နယ်၊ ရပ်/ ကျေးခေါင်းဆောင်များကလေဆိပ် တွင် ကြိုဆိုခဲ့ကြသည်။
ကျိုက်လတ်မြို့တွင် ရပ်/ ကျေးပါတီစည်းရုံးရေးမှူးများအား ရပ်/ကျေးပါတီဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေး
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ကျိုက်လတ်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရပ်ကွက်နှင့်ကျေးရွာများ၌ ပါတီစည်းရုံးရေးမှူးများအား ရပ်/ ကျေးပါတီဥက္ကဋ္ဌအဖြစ် တာဝန် ပေးခန့်အပ်ပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် မြို့နယ်ပါတီရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။



