ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီ ဝင် ၁ဝဝ အား အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနား ကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်ဆင်အုပ်စု ကရင်ကြီး ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနား တွင် တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူးဦးနေမျိုး၊ ထားဝယ်ခရိုင် ပါတီဥက္ကဋ္ဌဒေါက်တာဦးဝင်းအောင် နှင့် လောင်းလုံးမြို့နယ် ပါတီဥက္ကဋ္ဌဦးတင်မောင်မြင့် တို့က အမှာစကားပြောကြားပေးခဲ့ကြသည်။



