
ရန်ကုန်၊ မေ ၂၄
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြည်ခိုင်ဖြိုးပါတီလူငယ် ညီလာခံသို့ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု တက်ရောက်ကြမည့် လူငယ်ညီလာခံကိုယ်စားလှယ်များကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီရုံးတွင် တွေ့ဆုံ၍ သြဝါဒစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး အတွင်းရေးမှူးဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ လူငယ်ညီလာခံသို့ တက်ရောက်ကြမည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု လူငယ်ပါတီဝင်များ တက်ရောက်ကြသည်။








