နေပြည်တော်၊ မေ ၃၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ပါတီစုံအထွေထွေဒီမိုက်ရေစီရွေးကောက်ပွဲ ၀င်ရောက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲအကဲဖြတ်မစ်ရှင်(NAM)အဖွဲ့ တာဝန်ရှိသူများမှ လာရောက်တွေ့ဆုံရာ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးနှင့် ပါတီဗဟိုအတွင်းရေးမှူး ဦပိုက်ထွေးတို့မှ လက်ခံတွေ့ဆုံခဲ့သည်။



