ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေနှင့် အစားအစာများလှူဒါန်း

 

ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များသည် အုပ်စုဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီက ရေလည်ကျွန်းအုပ်စုရှိ အောင် မင်္ဂလာကျေးရွာရေကာတာအတွက် အလှူငွေများလှူဒါန်းခဲ့ပြီး ကျွန်းမီး အုပ်စု ကန့်လန့်ကုန်းကျေးရွာတွင် နေထိုင်သည့် အသက် ၁ဝ၁နှစ်ရှိ အဘွား ဒေါ်လှငွေအားအလှူငွေ များသွားရောက် လှူဒါန်းပေးအပ်ခဲ့ ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ် လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲ ကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်ညီလာခံအကြိုလူငယ်တွေ့ဆုံပွဲကိုယနေ့ နံနက် ၀၈း၃၀နာရီအချိန်တွင် မြို့နယ်ပါတီရုံး၌ကျင်းပခဲ့ပါသည်။

အခမ်းနားသို့ ဗဟိုကော်မတီဝင်ဒေါ်အေးမင်းမိုး ခရိုင်လူငယ်ရေးရာတာဝန်ခံဦးရန်နိုင်ရွှေ၊မြို့နယ်ကော်မတီဝင်များ၊ရပ်ကျေးဥက္ကဌများနှင့်လူငယ်ပါတီဝင်များစုစုပေါင်းအင်အား(၁၀၀)ကျော်တက်ရောက်ကြပါသည်။

#Crd U Naing Win


မီးငြှိမ်းသတ်နေသည့်တပ်ဖွဲ့ဝင်များအား လှိုင်သာယာပြည်ခိုင်ဖြိုးအာဟာရလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် မီးလောင်ကျွမ်းလျက်ရှိသည့် အမှိုက်ပုံမီးအား ဝိုင်းဝန်းငြှိမ်းသတ်လျက်ရှိသည့် တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား လှိုင်သာယာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇေယျာအောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဝင်များမှ ထိန်ပင် အမှိုက်ပုံမီးလောင်ကျွမ်းမှုအား မီးငြှိမ်းသတ်နေသော တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များအား အာဟာရဒါနအဖြစ် ပေါင်မုန့်များ၊ ရေသန့်ဘူးများနှင့် စားသောက်ဖွယ်ရာများကို မော်တော်ယာဉ်နှစ်စီးဖြင့် ယနေ့ သွားရောက်လှူဒါန်းခဲ့သည်။

ထိန်ဝင်း(YGN)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြိုလူငယ်တွေ့ဆုံပွဲတက်ရောက်

 

အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲ ကျင်းပ

 

အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုလူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် အောင်လံမြိြု့ ပည်ခိုင်ဖြိုးခန်းမ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ပါတီဝင်လူငယ် ​မောင်မယ်အင်အား ၂၅၀ ဦး တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး အရန်ပါတီကော်မတီဝင်၊ သရက်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းကျော်၊ တိုင်းကော်မတီဝင် ဦးတင်ဝင်းနှင့် အောင်လံမြို့နယ် ပါတီကော်မတီ ဥက္ကဌနှင့် ကော်မတီဝင်များ တက်ရောက်အားပေးခဲ့ကြပါသည်။

လူငယ်​ညီလာခံအကြို မြို့နယ်​အဆင့်​ လူငယ်​​တွေ့ဆုံပွဲသို့ ဗဟိုအလုပ်​အမှု​ဆောင်​ ပြည်​နယ်​ပါတီဥက္ကဌ တက်​​ရောက်​ချီးမြှင့်​ ဂုဏ်​ပြု အမှာစကား​ပြောကြား

 

ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြိုတွေ့ဆုံပွဲကျင်းပ

 

မကွေးတိုင်းဒေသကြီး ရေစကြို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ အကြိုလူငယ်တွေ့ဆုံပွဲအခမ်းအနား ကို ယနေ့နံနက်တွင် ရေစကြို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပခဲ့ ကြောင်း သိရသည်။