
ဆားလင်းကြီး၊ မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်း ပေးအပ်ပွဲကို မြို့နယ်ခန်းမ၌ပြုလုပ်ပါသည်။
အဆိုပါစုပေါင်းပေးပွဲသို့ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ဇော်ဦး ၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သိင်္ဂီဝင်းရွှေနှင့် ဒေါ်ယဉ်မာဝင်း၊ ဒေါ်ကြူမိုးသန့် ၊ ယင်းမာပင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးသောင်းဟန် ၊ ခရိုင်ပါတီကော်မတီဝင်များ ၊ ဆားလင်းကြီးမြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ကြူကြူစိန်၊ မြို့နယ်ပါတီဝင်များ ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီဝင်လောင်းများ တက်ရောက်ကြပါသည်။








