ဒီတစ်လရဲ့ Music Diary မှာတော့ မကြာ သေးခင်ကမှ ပရိသတ်တွေရဲ့ ချစ်ခင်အားပေး ရွေးချယ်မှုတွေနဲ့ အနုပညာစင်မြင့်ပေါ်ရောက်ရှိ လာခဲ့ကြတဲ့ Myanmar Idol Season 1 ရဲ့ မျိုးဆက်သစ် ဂီတလူငယ်လေးတွေရဲ့Diary လေးကို တင်ဆက်ပေးလိုက်ပါတယ်။ စောလား ထော်ဝါး၊ နင်ဇီမေ၊ M ဇော်ရိန်တို့ ၃ ဦးဟာ အခုချိန်မှာတော့ ကိုယ်စီကိုယ်စီ အနုပညာ ပြေးလမ်းတွေနဲ့ ပရိသတ်တွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာကြတော့မှာပါ။ သီချင်းဆို ပြိုင်ပွဲကနေ အောင်မြင်လာခဲ့ကြတဲ့ သူတို့သုံး
ယောက်ရဲ့ မကျော်ကြားခင်က ဖြတ်သန်းမှုတွေ၊ အမှတ်တရသီချင်းလေးတွေ၊ ဂီတအပေါ်ခံယူ ချက်၊ ခံစားချက်တွေပေါင်းစည်းထားတဲ့ Music Diary ကို သူတို့ရဲ့အပြုံး ကိုယ်စီနဲ့ ဖွင့်လှစ်ရေး သားလိုက်တဲ့အခါမှာတော့ …
အမျိုးသမီး ရေးရာပွဲမှာ လူရွှင်တော် အဖြစ် တင်ဆက်မယ့် ချောရတနာ
အနုပညာ အလုပ်တွေကို နားထားပြီး မိသားစု အတွက်ပဲ အချိန် ပေးဖြစ်နေတဲ့ ချောရတနာ ကို ပရိသတ်တွေ အနေ နဲ့ အမျိုးသမီးရေး ရာပွဲမှာ လူရွှင်တော် အဖြစ် မြင်တွေ့ကြ ရမှာဖြစ်ပါတယ်။ လူရွှင်တော် အနေနဲ့ ပထမဆုံး တင်ဆက် ရမှာဖြစ်တဲ့ အတွက် စိုးရိမ်စိတ် လည်း ရှိနေတဲ့ ချောရတနာက..
အမေရိကမှာ သင်ယူခဲ့တဲ့ သရုပ်ဆောင်ပညာတွေနဲ့ အနုပညာခရီး ဆက်လက်လျှောက်လှမ်းသွားမယ့် ဟန်သီ
ဟန်သီက အမေရိကန်နိုင်ငံမှာ ရှိတဲ့ New York Film Academey ကျောင်းမှာ သရုပ်ဆောင်ပညာကို တစ်နှစ်ကြာသင်ကြားပြီး နောက် ဇွန်လ ၁ဝ ရက်နေ့က မြန်မာနိုင်ငံကို ပြန်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက် ပြီး နောက်ရက်မှာပဲ မဂ္ဂဇင်း၊ ဂျာနယ်တွေ
အတွက် အလှဓာတ်ပုံများလည်း ရိုက်ကူးနေပြီ ဖြစ် ပါတယ်။
ကိုယ်ဝန်ကြောင့် ရိုက်ကူးမှုတွေနားမယ့် သက်မွန်မြင့်
ဒုတိယမြောက်ကိုယ်ဝန် ကို လွယ်ထားပြီဖြစ်၍ ရုပ်ရှင်ရိုက် ကူးမှု ခေတ္တရပ်နားမည်ဟု သရုပ် ဆောင်အကယ်ဒမီ သက်မွန်မြင့် က ပြောသည်။
‘‘ကျန်းမာရေးအခြေအနေ အရ ကားရိုက်တာလည်း နားရ မယ်။ ဒီဗိုက်နဲ့လည်း ရိုက်လို့မရ ဘူး’’ဟု သက်မွန်မြင့်က ပြော ကြားသည်။
Weibo ရုပ်ရှင်ဆုရရှိခဲ့တဲ့ သရုပ်ဆောင် လီမင်းဟို
တောင်ကိုရီးယား သရုပ်ဆောင် လီမင်းဟိုသည် လူမှုကွန်ရက် မီဒီယာ Weibo က ကျင်းပသည့် ရုပ်ရှင်ဆုပေးပွဲတစ်တွင် အာရှရုပ်ရှင်လုပ်ငန်း၌ အလွှမ်းမိုးနိုင်ဆုံး ဆုတစ်ခုကို လက်ခံရရှိခဲ့ကြောင်း သူ၏ အေဂျင်စီက ဇွန် (၁၅) တွင် ပြောကြားသည်။ ဇွန် ၁၃ ညတွင် ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့သည့် Weibo ရုပ်ရှင်ဆုပေးပွဲတွင် အာရှရုပ်ရှင် ဦးဆောင်လမ်းပြသူအဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။
အော်လန်ဒိုမြို့ဖျော်ဖြေပွဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အဆိုတော်ခရစ္စတီးနားဂရင်မီ သေဆုံး
အမေရိကန်အဆို တော် ခရစ္စတီးနားဂရင်မီသည် ဇွန်လ ၁၀ ရက်တွင် ဖလော်ရီဒါ ပြည်နယ် အော်လန်ဒိုမြို့ ဖျော်ဖြေ ပွဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ၎င်း၏ ပြော ရေးဆိုခွင့်ရသူက ပြောကြား သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ကန်ဒေါ်လာတစ်သိန်း K-Pop Music Concert ပြန်လည်ပေးအပ်လှူဒါန်းခဲ့
နာမည်ကျော် SISTER အဖွဲ့ ပါဝင်ဖျော်ဖြေခဲ့သည့် Inno City Love Sharing Concert ဖျော်ဖြေပွဲကြီးကို ဇွန် ၁၁ ရက် ညနေ ၆ နာရီက ရှင်စောပုလမ်းရှိ Myanmar Event Part တွင် ကျင်းပခဲ့ရာ ဖျော်ဖြေပွဲမှရရှိလာသည့် အလှူငွေများထဲမှ မြန်မာနိုင်ငံကြက်ခြေနီ အသင်း လူမှုကရုဏာအတွက် ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ တစ်သိန်း ပြန်လည်ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ K-Pop Music Concert တွင် SISTER,MONSTAX,BADKIZ ၊ ကိုရီးယားရော့ခ်အဆိုတော် So Chan Whee, A Pera Team တို့က မြူးကြွသည့် တေးသီချင်းမျိုးစုံ၊ ကကွက်ဆန်းများဖြင့် သီဆိုဖျော်ဖြေခဲ့ရာ ကြည့်ရှုသူများပြားခဲ့ကြောင်း သိရသည်။
နာမည်ကျော် Sistar ကေပေါ့ပ်အဖွဲ့ ပါဝင်ဖျော်ဖြေမည့် ဖျော်ဖြေပွဲကို ရန်ကုန်မြို့တွင်ပြုလုပ်မည်
နာမည်ကျော် Sistar ကေပေါ့ပ်အဖွဲ့ ပါဝင်ဖျော်ဖြေမည့် ဖျော်ဖြေပွဲကို ရန်ကုန်မြို့တွင် ဇွန်လအတွင်း ပြုလုပ်မည်ဖြစ်ပြီး လက်မှတ်ရောင်းချရန် အစီအစဉ်မရှိကြောင်း ယင်းဖျော်ဖြေပွဲ ကို စီစဉ်သည့် Tiger Fate အဖွဲ့ CEO မစ္စတာ Tiger Jeoung က ပြောကြားသည်။ (more…)
ဇာတ်ရုပ်အတွက် မျက်နှာသွယ်အောင် ဆေးထိုးခဲ့တဲ့ ဇေရဲထက်
မကြာမီ ရုံတင်တော့မည့် ‘ကျွန်တော် ကျွန်မ ယောက်ျား ဗိုက်ကြီးသယ်’ဇာတ်ကားရိုက်ကူးစဉ်က မိန်းကလေးပုံစံ သရုပ်ဆောင်ရမည့် ဇာတ်ဝင်ခန်းများ ပါဝင်ခဲ့သောကြောင့် မျက်နှာသွယ်အောင် အဆီကျဆေးများ ထိုးခဲ့ ရကြောင်း ဇေရဲထက်က ပြောသည်။
‘‘အရင်က ကျွန်တော့်မျက်နှာ အရမ်းဖောင်းတဲ့အတွက် မိန်းကလေးပုံစံဆို အဆင်မပြေဘူး။ အဲဒါနဲ့ အဆီကျဆေးတွေ ထိုးလိုက်ရတယ်။ အဲဒီလိုထိုးလိုက်မှ နည်းနည်းလေး သွယ်သွားပြီး အဆင်ပြေသွားတာ’’ဟု ၎င်းက ပြောသည်။
အနုပညာရှင်များဆီမှ ကျပ်ငွေသိန်းပေါင်းတစ်သောင်းကျော် လိမ်လည်သွားသည့် အဆိုတော်ကဗျာဘွဲ့မှူးအကြောင်း စာနယ်ဇင်းရှင်းလင်း
ချွေးနှဲစာဖြင့် ရှာထားသည့် အနုပညာကြေးများကိုလိမ်လည် သွားသည့် ဂီတမှူး စောဘွဲ့မှူး၏ သမီးကြီးကဗျာဘွဲ့မှူးနှင့်ပတ်သက် ပြီး ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရား လမ်းရှိ Orchid Hotel ၌ စာနယ် ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါငွေကြေးအလွဲသုံးမှုတွင် အလိမ်ခံရသော အနုပညာရှင် များဖြစ်ကြသည့် အဆိုတော် မေခလာ ကျပ်သိန်း ၃ဝဝ၊ ဆုန် သင်းပါရ် ကျပ်သိန်း ၁၃ဝဝ၊ Lဆိုင်းဇီ ကျပ်၈၅သိန်း၊ ဘိုဖြူ ကျပ်သိန်း၁ဝဝ၊ ကော်နီ ကျပ်သိန်း ၁၈ဝ၊ အံ့မော်ဦး ကျပ်သိန်း၁ဝဝဝ၊ အဆိုတော်ီဖြိုး၏ဇနီး ကျပ်သိန်း ၈၅ဝ၊ ခရစ္စတိုဖာ ကျပ်သိန်း ၅ဝဝ၊ စောအယ်ခူး ကျပ်သိန်း ၆ဝဝ၊ ကျော်နေဝင်း ကျပ်သိန်း ၃ဝဝ၊ စလားရူဖန်း ကျပ်သိန်း၁ဝဝ၊ မိုးနှင်းသက် ကျပ်သိန်း ၂၅ဝဝ၊ ဝင်းပပအေး ကျပ်သိန်း ၁၂၅ဝ၊ နန္ဒာကျော်သူ ကျပ်သိန်း ၅ဝဝ၊ ဒေါ်စန္ဒာရတနာ ကျပ်သိန်း ၁၅ဝ၊ စင်ဒီ ကျပ်သိန်း ၃ဝဝ တို့ အလိမ် ခံရသည်။
လက်ရှိတွင် ကဗျာဘွဲ့မှူးသည် အမေရိကားကို ထွက်ပြေးတိမ်း ရှောင်နေကြောင်း သိရသည်။ ”ကျွန်မတို့ပိုက်ဆံတွေက ဘယ်သူ နဲ့မှ ဆက်စပ်ပြီးရလာတဲ့ ငွေ မဟုတ်ပါဘူး။ ပရိသတ်တွေက ချစ်လို့ပေးထားတဲ့ အနုပညာကြေး တွေပါ။ သူတို့နဲ့ ချစ်ငယ်တို့က အရမ်းခင်ရတဲ့ သူတွေပါ။ ကဗျာ ဘွဲ့မှူးဆိုတာလဲ ကျွန်မလက်ထဲမှာ ကြီးပြင်းခဲ့တဲ့ ကလေးပါ။ နောက် မျိုးမြင့်အောင်ဆိုတာလဲ ချစ်ငယ် တို့နဲ့ တအားရင်းနှီးတဲ့သူတွေပါ။ အဲ့ဒီလိုရင်းနှီးမှုကို အခွင့်အရေး ယူပြီး လုပ်သွားတာပါ။ သူ့အပေါ် ကောင်းတဲ့သူတွေကို သူလုပ်သွား တာပါ။ သူ့ကို လုပ်ငန်းစပ်တူ လုပ်ဖို့ ပေးအပ်ခဲ့တဲ့ငွေတွေပါ။ သူတို့ဓာတ်ဆီဆိုင်ကနေ တစ်နေ့ ရတဲ့ဝင်ငွေက မနည်းပါဘူး။ ဒါကို သူတို့ပြန်ဖြေရှင်းပေးနိုင်ရဲ့သားနဲ့ သူတို့မရှင်းပေးဘဲ ထွက်ပြေး တယ်။ ကိုယ့်အချင်းချင်း မလုပ် သင့်ပါဘူး။သူကိုယ်တိုင်က စီးပွား ရေးလုပ်ပါလားဆိုပြီး ချစ်ငယ်တို့ အားလုံးကိုလာပြောတာပါ။ သီချင်း ဆိုနေမယ့်အစား ထာဝရအဆင် ပြေမယ့်လုပ်ငန်းဆိုပြီး လိမ်သွား တာပါ။ သူရဲ့ ZTX ဆီဆိုင်မှာ တစ်ယောက်ကိုအစုရှယ်ယာကျပ် သိန်း ၂ဝဝစီ ပါဝင်ခိုင်းပါတယ်။ သူတစ်ခုခုမှားယွင်းမှုကြောင့် လုပ် သွားတယ်လို့ပဲ သတ်မှတ်ထား ပါတယ်။ သူတို့ကို အဆင်မပြေ တာ ဘာရှိလဲပြောပါဆိုတာကို သူတို့ဘက်ကအကြောင်းမပြန်ဘူး။ သူတို့ဘက်က လုပ်ချင်တာလုပ်လို့ ပြောပါတယ်။ သူတို့က အမျိုးမျိုး တိမ်းရှောင်လို့ အခုလိုပွဲလေးလုပ် တာပါ။သူတို့အမျိုးတွေက သတင်း စာမှာ သူတို့နဲ့ မသက်ဆိုင်ဘူး၊ သူတို့ကို သိက္ခာကျဆင်းအောင် လုပ်ရင် တရားစွဲမယ် ဘာညာပြော လာလို့ အခုလိုမီဒီယာကို အသိ ပေးရတာပါ”ဟု အဆိုတော်မေ ခလာက ပြောကြားခဲ့သည်။