လက္ရွိကမာၻ႔ခ်န္ပီယံစပိန္အသင္း ခ်က္အသင္းကို အႏိုင္ရရွိၿပီး ၄၁ ပြဲဆက္ ရႈံးပြဲမရွိစံခ်ိန္ကို ဆက္လက္ထိန္းသိမ္း

လက္ရွိကမာၻ႔ခ်န္ပီယံစပိန္အသင္း ခ်က္အသင္းကို အႏိုင္ရရွိၿပီး ၄၁ ပြဲဆက္ ရႈံးပြဲမရွိစံခ်ိန္ကို ဆက္လက္ထိန္းသိမ္း
===================
UEFA Nations League A Group(3) ပြဲစဥ္(၃) အျဖစ္ လက္ရွိကမာၻ႔ခ်န္ပီယံစပိန္အသင္းႏွင့္ ခ်က္အသင္းတို႔ မေန႔က ယွဥ္ၿပိဳင္ကစားၾကရာ စပိန္အသင္းက ခ်က္အသင္းကို ၃ ဂိုး ၁ ဂိုးျဖင့္ အႏိုင္ရရွိခဲ့ၿပီး ႏိုင္ငံတကာပြဲစဥ္တြင္ ၄၁ ပြဲဆက္ ရႈံးပြဲမရွိစံခ်ိန္ကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့သည္။

အဆိုပါပြဲတြင္ စပိန္အသင္းအတြက္ ေတာင္ပံလူငယ္ၾကယ္ပြင့္ကစားသမား လာမင္ယာမယ္က ပထမပိုင္းပြဲကစားခ်ိန္ ၆ မိနစ္တြင္ ဦးေဆာင္ဂိုးသြင္းယူေပးခဲ့ၿပီး ကြင္းလယ္ကစားသမား႐ိုဒရီက ၃၅ မိနစ္တြင္ ဒုတိယေျမာက္ဂိုးသြင္းယူေပးခဲ့ေသာေၾကာင့္ ပထမပိုင္းပြဲၿပီးဆုံးခ်ိန္တြင္ စပိန္အသင္းက ခ်က္အသင္းကို ၂ ဂိုးျပတ္ျဖင့္ ဦးေဆာင္ႏိုင္ခဲ့သည္။

ထို႔ေနာက္ ဒုတိယပိုင္းပြဲကစားခ်ိန္ျပန္လည္စတင္ခ်ိန္တြင္ ခ်က္အသင္းတိုက္စစ္ျမႇင့္ကစားခဲ့ၿပီး ခ်က္အသင္းဘယ္ေနာက္ခံကစားသမားဂ်ီရီဆလာမားက ပြဲကစားခ်ိန္ ၆၉ မိနစ္တြင္ ေခ်ပဂိုးတစ္ဂိုးျပန္လည္သြင္းယူခဲ့သည္။

ဆက္လက္၍ ပြဲကစားခ်ိန္ ၈၉ မိနစ္တြင္ မယ္ရီႏိုက စပိန္အသင္းအတြက္ တတိယေျမာက္ဂိုးသြင္းယူေပးခဲ့ေသာေၾကာင့္ ပြဲၿပီးဆုံးခ်ိန္တြင္ စပိန္အသင္းက ခ်က္အသင္းကို ၃ ဂိုး ၁ ဂိုးျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။ စပိန္အသင္းသည္ UEFA Nations League A Group(3) ပြဲစဥ္(၄) အျဖစ္ ေအာက္တိုဘာလ ၇ရက္တြင္ ခ႐ိုေအးရွားအသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ေၾကာင္း သိရသည္။


လက်ရှိကမ္ဘာ့ချန်ပီယံစပိန်အသင်း ချက်အသင်းကို အနိုင်ရရှိပြီး ၄၁ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်း
===================
UEFA Nations League A Group(3) ပွဲစဉ်(၃) အဖြစ် လက်ရှိကမ္ဘာ့ချန်ပီယံစပိန်အသင်းနှင့် ချက်အသင်းတို့ မနေ့က ယှဉ်ပြိုင်ကစားကြရာ စပိန်အသင်းက ချက်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နိုင်ငံတကာပွဲစဉ်တွင် ၄၁ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါပွဲတွင် စပိန်အသင်းအတွက် တောင်ပံလူငယ်ကြယ်ပွင့်ကစားသမား လာမင်ယာမယ်က ပထမပိုင်းပွဲကစားချိန် ၆ မိနစ်တွင် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ကွင်းလယ်ကစားသမားရိုဒရီက ၃၅ မိနစ်တွင် ဒုတိယမြောက်ဂိုးသွင်းယူပေးခဲ့သောကြောင့် ပထမပိုင်းပွဲပြီးဆုံးချိန်တွင် စပိန်အသင်းက ချက်အသင်းကို ၂ ဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်းပွဲကစားချိန်ပြန်လည်စတင်ချိန်တွင် ချက်အသင်းတိုက်စစ်မြှင့်ကစားခဲ့ပြီး ချက်အသင်းဘယ်နောက်ခံကစားသမားဂျီရီဆလာမားက ပွဲကစားချိန် ၆၉ မိနစ်တွင် ချေပဂိုးတစ်ဂိုးပြန်လည်သွင်းယူခဲ့သည်။

ဆက်လက်၍ ပွဲကစားချိန် ၈၉ မိနစ်တွင် မယ်ရီနိုက စပိန်အသင်းအတွက် တတိယမြောက်ဂိုးသွင်းယူပေးခဲ့သောကြောင့် ပွဲပြီးဆုံးချိန်တွင် စပိန်အသင်းက ချက်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ စပိန်အသင်းသည် UEFA Nations League A Group(3) ပွဲစဉ်(၄) အဖြစ် အောက်တိုဘာလ ၇ရက်တွင် ခရိုအေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။