2026 အာရွအားကစားၿပိဳင္ပြဲတြင္ ျမန္မာ့ Esports သမိုင္းတစ္ေလွ်ာက္ ပထမဆုံး ေ႐ႊတံဆိပ္ဆု ဆြတ္ခူး

2026 အာရွအားကစားၿပိဳင္ပြဲတြင္ ျမန္မာ့ Esports သမိုင္းတစ္ေလွ်ာက္ ပထမဆုံး ေ႐ႊတံဆိပ္ဆု ဆြတ္ခူး
======================

ဂ်ပန္ႏိုင္ငံ၌ က်င္းပေနသည့္ (၂၀) ႀကိမ္ေျမာက္ Aichi-Nagoya 2026 အာရွအားကစားၿပိဳင္ပြဲတြင္ ျမန္မာအီလက္ထေရာနစ္အားကစားအဖြဲခ်ဳပ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္သည့္ ျမန္မာလက္ေ႐ြးစင္ Team Zanaka အသင္းသည္ MLBB (Mobile Legends: Bang Bang) ၿပိဳင္ပြဲမွ ျမန္မာႏိုင္ငံအတြက္ ပထမဆုံး ေ႐ႊတံဆိပ္ဆု ဆြတ္ခူးရရွိခဲ့ေၾကာင္း သိရသည္။

ေအာက္တိုဘာ ၁ ရက္က ယွဥ္ၿပိဳင္ခဲ့သည့္ MLBB Grand Finals ပြဲစဥ္တြင္ ျမန္မာလက္ေ႐ြးစင္ Team Zanaka အသင္းက အင္ဒိုနီးရွားအသင္းကို ၄-၀ ရလဒ္ျဖင့္ အႏိုင္ရရွိခဲ့ၿပီး ရႈးပြဲမရွိစံခ်ိန္ျဖင့္ ခ်န္ပီယံျဖစ္ကာ ေ႐ႊတံဆိပ္ဆုကို ဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္သည္။

ယခုရရွိခဲ့သည့္ ေ႐ႊတံဆိပ္ဆုသည္ ျမန္မာ့ Esports သမိုင္းတစ္ေလွ်ာက္ Asian Games ၿပိဳင္ပြဲတြင္ ပထမဆုံး ရရွိသည့္ ေ႐ႊတံဆိပ္ဆု ျဖစ္ၿပီး ျမန္မာ့အီလက္ထေရာနစ္အားကစားက႑အတြက္ သမိုင္းဝင္မွတ္တိုင္တစ္ခုလည္း ျဖစ္လာခဲ့သည္။

Team Zanaka အသင္း၏ ယခုေအာင္ျမင္မႈသည္ အသင္း၏ ႀကိဳးပမ္းအားထုတ္မႈကို ေဖာ္ျပႏိုင္သကဲ့သို ျမန္မာ့ Esports က႑၏ တိုးတက္မႈကို ျပသသည့္ အေရးပါေသာ ေအာင္ျမင္မႈတစ္ရပ္ျဖစ္ေၾကာင္း ျမန္မာအီလက္ထေရာနစ္အားကစားအဖြဲခ်ဳပ္က အသိေပးထားသည္။


2026 အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့ Esports သမိုင်းတစ်လျှောက် ပထမဆုံး ရွှေတံဆိပ်ဆု ဆွတ်ခူး
======================

ဂျပန်နိုင်ငံ၌ ကျင်းပနေသည့် (၂၀) ကြိမ်မြောက် Aichi-Nagoya 2026 အာရှအားကစားပြိုင်ပွဲတွင် မြန်မာအီလက်ထရောနစ်အားကစားအဖွဲချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာလက်ရွေးစင် Team Zanaka အသင်းသည် MLBB (Mobile Legends: Bang Bang) ပြိုင်ပွဲမှ မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁ ရက်က ယှဉ်ပြိုင်ခဲ့သည့် MLBB Grand Finals ပွဲစဉ်တွင် မြန်မာလက်ရွေးစင် Team Zanaka အသင်းက အင်ဒိုနီးရှားအသင်းကို ၄-၀ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး ရှုးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဖြစ်ကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုရရှိခဲ့သည့် ရွှေတံဆိပ်ဆုသည် မြန်မာ့ Esports သမိုင်းတစ်လျှောက် Asian Games ပြိုင်ပွဲတွင် ပထမဆုံး ရရှိသည့် ရွှေတံဆိပ်ဆု ဖြစ်ပြီး မြန်မာ့အီလက်ထရောနစ်အားကစားကဏ္ဍအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခုလည်း ဖြစ်လာခဲ့သည်။

Team Zanaka အသင်း၏ ယခုအောင်မြင်မှုသည် အသင်း၏ ကြိုးပမ်းအားထုတ်မှုကို ဖော်ပြနိုင်သကဲ့သို မြန်မာ့ Esports ကဏ္ဍ၏ တိုးတက်မှုကို ပြသသည့် အရေးပါသော အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း မြန်မာအီလက်ထရောနစ်အားကစားအဖွဲချုပ်က အသိပေးထားသည်။