ဆူညံသံလြန္ကဲျခင္းက ႏွလုံးကို ထိခိုက္ေစႏိုင္ေၾကာင္း ဆရာဝန္မ်ား သတိေပး

ဆူညံသံလြန္ကဲျခင္းက ႏွလုံးကို ထိခိုက္ေစႏိုင္ေၾကာင္း ဆရာဝန္မ်ား သတိေပး
=======================
အိႏၵိယႏိုင္ငံ Pune ၿမိဳ႕က ျပည္သူ႔အဖြဲ႕အစည္းေတြဟာ ဆူညံသံ ထိန္းခ်ဳပ္ေပးဖို႔ ေတာင္းဆိုေနခ်ိန္မွာပဲ ဆရာဝန္ေတြကလည္း ပြဲေတာ္ေတြမွာ အလြန္အမင္း ဆူညံတဲ့ အသံေတြဟာ က်န္းမာေရး ခ်ိဳ႕ယြင္းေနသူ ေတြ နဲ႔ ထိခိုက္လြယ္သူေတြအတြက္ ႏွလုံး နဲ႔ ေသြးေၾကာဆိုင္ရာ ျပႆနာေတြ ျဖစ္ေပၚေစႏိုင္ေၾကာင္း သတိေပးလိုက္တာကို The Indian Express သတင္းမွာ ေဖာ္ျပထားပါတယ္။
Ganesh ပြဲေတာ္ကာလအတြင္း ျပည္သူေတြအေနနဲ႔ ေအးခ်မ္းစြာ အိပ္စက္ခြင့္၊ အလုပ္လုပ္ခြင့္၊ စာက်က္ ခြင့္ နဲ႔ ေဆးကုသမႈ ခံယူခြင့္ စတဲ့ အခြင့္အေရးေတြ မဆုံးရႈးေစဘဲ ပြဲေတာ္ကို ဆူညံသံ မလြန္ကဲေအာင္ ဆင္ႏႊသင့္တယ္လို Pune ၿမိဳ႕ခံ အဖြဲ႕အစည္းေတြက ေတာင္းဆိုထားၾကပါတယ္။
ဒီအေပၚမွာ ထိပ္တန္း ႏွလုံးခြဲစိတ္ ဆရာဝန္ႀကီး တစ္ဦးကလည္း ပြဲေတာ္ရဲ႕ ဆူညံသံေတြေၾကာင့္ ႏွလုံး ထိခိုက္ႏိုင္ေျခရွိပုံကို စိုးရိမ္တႀကီး ေထာက္ျပထားပါတယ္။
အသံခ်ဲ႕စက္ေတြ၊ ေပါက္ကြဲသံေတြ၊ ဗုံသံေတြ နဲ႔ မီးရႉးမီးပန္း အသံေတြဟာ ခႏၶာကိုယ္အတြက္ စိတ္ဖိစီးမႈ ဒဏ္ကို ေပးစြမ္းႏိုင္ၿပီး ေသြးတိုး ၊ ႏွလုံးေသြးေၾကာက်ဥ္း ၊ ႏွလုံးပ်က္စီးမႈ ဒါမွမဟုတ္ ႏွလုံးခုန္ႏႈန္း မမွန္တဲ့ ေရာဂါ ရွိသူေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြမွာ ပိုမို အႏၲရာယ္မ်ားတယ္လို ႏွလုံးခြဲစိတ္ဆရာဝန္ ေဒါက္တာ ဗီေဂ်း နာတာရာဂ်န္က ေျပာပါတယ္။
ေရာဂါအခံရွိသူေတြမွာ ျပင္းထန္ၿပီး အခ်ိန္ၾကာျမင့္တဲ့ ဆူညံသံေတြေၾကာင့္ ႏွလုံးခုန္ မမွန္တာမ်ိဳး အစျပဳ လာႏိုင္သလို ပိုမို ဆိုး႐ြားသြားႏိုင္ပါတယ္။
ဒီလို အသံဆူညံမႈကို မၾကာခဏ ဒါမွမဟုတ္ ေရရွည္ ထိေတြ႕ခံစားရပါက ေသြးတိုးေရာဂါ၊ ႏွလုံးေသြးေၾကာ က်ဥ္းေရာဂါ ၊ ေလျဖတ္တာ တိုနဲ႔ ဆက္စပ္မႈ ရွိေၾကာင္း ေတြ႕ရွိထားပါတယ္။
ႏွလုံးေသြးေၾကာ အေတာ္အတန္ က်ဥ္းေနသူေတြအတြက္ ဒီလို စိတ္ဖိစီးမႈဒဏ္ဟာ ရင္ဘတ္ေအာင့္တာ ဒါမွမဟုတ္ အျခား ႐ုတ္တရက္ ႏွလုံးေရာဂါ လကၡဏာေတြကို ျဖစ္ေပၚေစႏိုင္တယ္လို ဆရာဝန္ေတြက သတိေပးထားၾကပါတယ္။ #one
ဆူညံသံလွန်ကဲခြင်းက နှလုံးကို ထိခိုက်စေနိုင်ကြောင်း ဆရာဝန်များ သတိပေး
=======================
အိန္ဒိယနိုင်ငံ Pune မြို့က ပြည်သူ့အဖွဲ့အစည်းတွေဟာ ဆူညံသံ ထိန်းချုပ်ပေးဖို့ တောင်းဆိုနေချိန်မှာပဲ ဆရာဝန်တွေကလည်း ပွဲတော်တွေမှာ အလွန်အမင်း ဆူညံတဲ့ အသံတွေဟာ ကျန်းမာရေး ချို့ယွင်းနေသူ တွေ နဲ့ ထိခိုက်လွယ်သူတွေအတွက် နှလုံး နဲ့ သွေးကြောဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးလိုက်တာကို The Indian Express သတင်းမှာ ဖော်ပြထားပါတယ်။
Ganesh ပွဲတော်ကာလအတွင်း ပြည်သူတွေအနေနဲ့ အေးချမ်းစွာ အိပ်စက်ခွင့်၊ အလုပ်လုပ်ခွင့်၊ စာကျက် ခွင့် နဲ့ ဆေးကုသမှု ခံယူခွင့် စတဲ့ အခွင့်အရေးတွေ မဆုံးရှုးစေဘဲ ပွဲတော်ကို ဆူညံသံ မလွန်ကဲအောင် ဆင်နွှသင့်တယ်လို Pune မြို့ခံ အဖွဲ့အစည်းတွေက တောင်းဆိုထားကြပါတယ်။
ဒီအပေါ်မှာ ထိပ်တန်း နှလုံးခွဲစိတ် ဆရာဝန်ကြီး တစ်ဦးကလည်း ပွဲတော်ရဲ့ ဆူညံသံတွေကြောင့် နှလုံး ထိခိုက်နိုင်ခြေရှိပုံကို စိုးရိမ်တကြီး ထောက်ပြထားပါတယ်။
အသံချဲ့စက်တွေ၊ ပေါက်ကွဲသံတွေ၊ ဗုံသံတွေ နဲ့ မီးရှူးမီးပန်း အသံတွေဟာ ခန္ဓာကိုယ်အတွက် စိတ်ဖိစီးမှု ဒဏ်ကို ပေးစွမ်းနိုင်ပြီး သွေးတိုး ၊ နှလုံးသွေးကြောကျဉ်း ၊ နှလုံးပျက်စီးမှု ဒါမှမဟုတ် နှလုံးခုန်နှုန်း မမှန်တဲ့ ရောဂါ ရှိသူတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ပိုမို အန္တရာယ်များတယ်လို နှလုံးခွဲစိတ်ဆရာဝန် ဒေါက်တာ ဗီဂျေး နာတာရာဂျန်က ပြောပါတယ်။
ရောဂါအခံရှိသူတွေမှာ ပြင်းထန်ပြီး အချိန်ကြာမြင့်တဲ့ ဆူညံသံတွေကြောင့် နှလုံးခုန် မမှန်တာမျိုး အစပြု လာနိုင်သလို ပိုမို ဆိုးရွားသွားနိုင်ပါတယ်။
ဒီလို အသံဆူညံမှုကို မကြာခဏ ဒါမှမဟုတ် ရေရှည် ထိတွေ့ခံစားရပါက သွေးတိုးရောဂါ၊ နှလုံးသွေးကြော ကျဉ်းရောဂါ ၊ လေဖြတ်တာ တိုနဲ့ ဆက်စပ်မှု ရှိကြောင်း တွေ့ရှိထားပါတယ်။
နှလုံးသွေးကြော အတော်အတန် ကျဉ်းနေသူတွေအတွက် ဒီလို စိတ်ဖိစီးမှုဒဏ်ဟာ ရင်ဘတ်အောင့်တာ ဒါမှမဟုတ် အခြား ရုတ်တရက် နှလုံးရောဂါ လက္ခဏာတွေကို ဖြစ်ပေါ်စေနိုင်တယ်လို ဆရာဝန်တွေက သတိပေးထားကြပါတယ်။ #one



