လန်ဒန်၊အောက်တိုဘာ ၂၁
ပြီးခဲ့သည့်ရက်သတ္တပတ်က အာဂျင်တီးနားနိုင်ငံ ဘွေနိုဇာရီမြို့ရှိ ဟိုတယ်တွင်ေ-သဆုံးခဲ့သော One direction အဖွဲ့ဝင်ဟောင်း အဆိုတော်လီယန်ပိန်း၏ပရိသတ်များစုဝေးကာ လန်ဒန်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ခဲ့ကြောင်းသိရသည်။
လီယန်ေ-သဆုံးမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားများကို လန်ဒန်တွင်သာမက ဂလတ်စကို၊ ပါရီ၊ဆစ်ဒ်နီနှင့်နူးယော့ခ်မြို့များတွင်ပါ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါအခမ်းအနားသို့တက်ရောက်လာသူများသည် လီယန့်သီချင်းများသီဆိုကာ အမှတ်တရပန်းစည်းများ၊စာများ၊ဖယောင်းတိုင်များနှင့် လီယန့်ဓါတ်ပုံပါဝင်သည့် အနုပညာလက်ရာပန်းချီများစသည်တို့ယူဆောင်ကာ စုဝေးခဲ့ကြကြောင်းလည်းသိရသည်။
One Direction သည် ဗြိတိန် X – Factor အစီအစဉ်မှလူငယ်အဆိုတော်ငါးဦးဖြင့် ၂၀၁၀ ခုနှစ်တွင် တီးဝိုင်းဖွဲ့စည်းခဲ့ပြီးနောက် မကြာမီ၌ပင် ကမ္ဘာတစ်ဝန်းရေပန်းစားလာခဲ့ပြီးနောက် သန်း ၇၀ ကျော် ရောင်းချခဲ့ရသည့် အယ်လ်ဘမ်ငါးခုကိုထုတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အဖွဲ့ခွဲခဲ့ခြင်းလည်းဖြစ်သည်။
Source : AFP
အော်စကာဆု ၇ ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ Oppenheimer ဇာတ်ကား
Blackpink အဖွဲ့ဝင် လီဆာ “The White Lotus 3” ၌ ပါဝင်သရုပ်ဆောင်မည်ဟုဆို
တေလာဆွစ် (၄)ကြိမ်မြောက်အဖြစ် ဂရမ်မီဆု ချီးမြှင့်ခံရ
X (Twitter) မှာ Taylor Swift ကို ရှာလို့ မရအောင် ပိတ်ပင်ထား
ဘက်ကင်ဟမ်နန်းတော်မှာ ညစာစားပွဲတက်ခဲ့တဲ့ Blackpink အဖွဲ့
UNICEF နှလုံးလှသံတမန်အဖြစ် အိန္ဒိယနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်နေတဲ့ ဒေးဗစ်ဘက်ခမ်း
Jawan နဲ့ Pathaan ဇာတ်ကားတွေ အောင်မြင်ပြီးနောက် အသက်အန္တရာယ်ခြိမ်းခြောက်စာလက်ခံရရှိခဲ့တဲ့ ရှရွတ်ခန်း
နာမည်ကျော်ဘောလိဝုဒ်မင်းသား ရှရွတ်ခန်းဟာ သူ့ရဲ့ Pathaan နဲ့ Jawan ရုပ်ရှင်ကားအသစ်တွေ အောင်မြင်မှုရရှိခဲ့ပြီးတဲ့နောက်မှာ အသက်အန္တရာယ်ခြိမ်းခြောက်စာလက်ခံရရှိလို့ မွမ်ဘိုင်းရဲတပ်ဖွဲ့ကို အကြောင်းကြားထားရပါတယ်။ အဲဒီနောက်မှာ ရှရွတ်ခန်းအတွက် လုံခြုံရေးကို တိုးမြှင့်ထားရပါတယ်။ အခုဆို သူ့ကို ကွန်မန်ဒို (၁) ဦး (သို့) နှစ်ဦးအပါအဝင် လုံခြုံရေးအမှုထမ်း (၁၁) ဦးရှိမယ့် Y+ အမျိုးအစားလုံခြုံရေးပေးသွားမှာပါ။
ဘောလိဝုဒ်မင်းသား ဆယ်လ်မန်ခန်းကလည်း ပြီးခဲ့တဲ့နှစ်က လော့ရန် ဘစ်ခ်ျနွိုင်းဂိုဏ်းရဲ့အသက်အန္တရာယ်ခြိမ်းခြောက်မှုကြောင့် ဒီလုံခြုံရေးအမျိုးအစားကိုပဲ ယူထားရပါတယ်။ ရှရွတ်ခန်းက အဆင့်မြှင့်ထားတဲ့ လုံခြုံရေးအတွက်လည်း သူကိုယ်တိုင် ပေးဆောင်သွားမယ်လို့ သတင်းထွက်ရှိထားပါတယ်။ သူက နိုင်ငံတော်အစိုးရကို ပေးသွားမှာပါ။ အသက်အန္တရာယ်ခြိမ်းခြောက်မှုကို ဘယ်သူက လုပ်ခဲ့တယ်ဆိုတာကို မသိရသေးပါဘူး။
တေလာဆွစ်ရဲ့ ဖျော်ဖြေပွဲရုပ်ရှင် တစ်ကမ္ဘာလုံးဖြန့်ချိမယ်
Huawei ဖုန်းပဲ ကိုင်လေ့ရှိတဲ့ ဂျက်ကီချမ်း