အိမ္ကြင္းကို အႀကီးစားအဆင့္ျမႇင့္တင္မႈလုပ္ေဆာင္မယ့္ အာဆင္နယ္

အိမ္ကြင္းကို အႀကီးစားအဆင့္ျမႇင့္တင္မႈလုပ္ေဆာင္မယ့္ အာဆင္နယ္
========================
အာဆင္နယ္အသင္း၏ အိမ္ကြင္း အမ္းမရိတ္အားကစားကြင္းအား အႀကီးစားအဆင့္ျမႇင့္တင္ တည္ေဆာက္မည့္ စီမံကိန္းကို မၾကာမီလုပ္ေဆာင္ရန္ ျပင္ဆင္ေနသည္။
လက္ရွိ အာဆင္နယ္အသင္း အိမ္ကြင္းျဖစ္သည့္ အမ္းမရိတ္ အားကစားကြင္းသည္ ပရိသတ္ဦးေရ ၆၀၀၀၀ ဝင္ဆံ့သည့္ အားကစား ကြင္းျဖစ္ၿပီး တျခားၿပိဳင္ဘက္အားကစားကြင္းမ်ားႏွင့္ ႏႈိင္းယွဥ္ပါက ပရိသတ္ဝင္ေရာက္ႏိုင္မႈမွာ နည္းပါးေနသည့္အတြက္ အာဆင္နယ္အသင္းတာဝန္ရွိသူမ်ားက အသင္းအိမ္ကြင္းကို အႀကီးစား အဆင့္ျမႇင့္တင္တည္ေဆာက္မႈမ်ား လုပ္ေဆာင္ရန္ ျပင္ဆင္ေနျခင္းျဖစ္သည္။
အာဆင္နယ္အသင္း ပရိသတ္ မ်ားက ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း အိမ္ကြင္းပြဲစဥ္ လက္မွတ္ဝယ္ယူရန္ ေတာင္းဆိုမႈမ်ားျမင့္တက္ခဲ့သည့္အတြက္ အာဆင္နယ္အသင္း တာဝန္ရွိသူမ်ားက ပရိသတ္မ်ား၏ လက္မွတ္ဝယ္လိုမႈကို အျပည့္အဝျဖည့္တင္းေပးႏိုင္ရန္ အားကစားကြင္းပြဲၾကည့္စင္မ်ားကို အဓိက တိုးခ်ဲ႕မည္ျဖစ္ၿပီး ေနာက္ထပ္ ပရိသတ္ဦးေရ ၆၀၀၀ ေက်ာ္ဝင္ဆံ့ႏိုင္ရန္ တိုးခ်ဲ႕မႈမ်ား လုပ္ေဆာင္ မည္ျဖစ္သည္။
ေနာက္ပိုင္းႏွစ္မ်ားတြင္ ပရီးမီး ယားလိဂ္ထိပ္တန္းကလပ္အသင္း ႀကီးမ်ားအေနျဖင့္ အသင္း အားကစားကြင္းမ်ားကို အႀကီးစား အဆင့္ျမႇင့္တင္မႈမ်ား လုပ္ေဆာင္ လ်က္ရွိၿပီး အာဆင္နယ္အသင္း အျပင္ မန္ယူအသင္းကလည္း အိုးထရက္ဖို႔ဒ္ အားကစားကြင္းကို စြန႔္ခြာၿပီး ေနာက္ထပ္အားကစား ကြင္းသစ္တည္ေဆာက္ရန္ ျပင္ဆင္ ေနျခင္းျဖစ္သည္။
အာဆင္နယ္အသင္းက မန္ယူ အသင္းကဲ့သို႔ အားကစားကြင္းသစ္ တစ္ကြင္းကို ထပ္မံတည္ေဆာက္ မည္မဟုတ္ဘဲ ပြဲၾကည့္စင္မ်ားတိုးခ်ဲ႕၍ အႀကီးစားအဆင့္ျမႇင့္တင္မႈမ်ားလုပ္ေဆာင္ရန္ျပင္ဆင္ေနျခင္းျဖစ္ကာ စီမံကိန္းစတင္လုပ္ေဆာင္မည္ဆိုပါက အာဆင္နယ္အသင္းအေနျဖင့္ ကြင္းတစ္ကြင္းကို ငွားရမ္းၿပီး အသုံးျပဳရမည္ျဖစ္ ေၾကာင္းသိရသည္။ Ref;Topskillsport UK
အိမ်ကွင်းကို အကြီးစားအဆင့်မြှင့်တင်မှုလုပ်ဆောင်မယ့် အာဆင်နယ်
========================
အာဆင်နယ်အသင်း၏ အိမ်ကွင်း အမ်းမရိတ်အားကစားကွင်းအား အကြီးစားအဆင့်မြှင့်တင် တည်ဆောက်မည့် စီမံကိန်းကို မကြာမီလုပ်ဆောင်ရန် ပြင်ဆင်နေသည်။
လက်ရှိ အာဆင်နယ်အသင်း အိမ်ကွင်းဖြစ်သည့် အမ်းမရိတ် အားကစားကွင်းသည် ပရိသတ်ဦးရေ ၆၀၀၀၀ ဝင်ဆံ့သည့် အားကစား ကွင်းဖြစ်ပြီး တခြားပြိုင်ဘက်အားကစားကွင်းများနှင့် နှိုင်းယှဉ်ပါက ပရိသတ်ဝင်ရောက်နိုင်မှုမှာ နည်းပါးနေသည့်အတွက် အာဆင်နယ်အသင်းတာဝန်ရှိသူများက အသင်းအိမ်ကွင်းကို အကြီးစား အဆင့်မြှင့်တင်တည်ဆောက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
အာဆင်နယ်အသင်း ပရိသတ် များက ပြီးခဲ့သည့်နှစ်များအတွင်း အိမ်ကွင်းပွဲစဉ် လက်မှတ်ဝယ်ယူရန် တောင်းဆိုမှုများမြင့်တက်ခဲ့သည့်အတွက် အာဆင်နယ်အသင်း တာဝန်ရှိသူများက ပရိသတ်များ၏ လက်မှတ်ဝယ်လိုမှုကို အပြည့်အဝဖြည့်တင်းပေးနိုင်ရန် အားကစားကွင်းပွဲကြည့်စင်များကို အဓိက တိုးချဲ့မည်ဖြစ်ပြီး နောက်ထပ် ပရိသတ်ဦးရေ ၆၀၀၀ ကျော်ဝင်ဆံ့နိုင်ရန် တိုးချဲ့မှုများ လုပ်ဆောင် မည်ဖြစ်သည်။
နောက်ပိုင်းနှစ်များတွင် ပရီးမီး ယားလိဂ်ထိပ်တန်းကလပ်အသင်း ကြီးများအနေဖြင့် အသင်း အားကစားကွင်းများကို အကြီးစား အဆင့်မြှင့်တင်မှုများ လုပ်ဆောင် လျက်ရှိပြီး အာဆင်နယ်အသင်း အပြင် မန်ယူအသင်းကလည်း အိုးထရက်ဖို့ဒ် အားကစားကွင်းကို စွန့်ခွာပြီး နောက်ထပ်အားကစား ကွင်းသစ်တည်ဆောက်ရန် ပြင်ဆင် နေခြင်းဖြစ်သည်။
အာဆင်နယ်အသင်းက မန်ယူ အသင်းကဲ့သို့ အားကစားကွင်းသစ် တစ်ကွင်းကို ထပ်မံတည်ဆောက် မည်မဟုတ်ဘဲ ပွဲကြည့်စင်များတိုးချဲ့၍ အကြီးစားအဆင့်မြှင့်တင်မှုများလုပ်ဆောင်ရန်ပြင်ဆင်နေခြင်းဖြစ်ကာ စီမံကိန်းစတင်လုပ်ဆောင်မည်ဆိုပါက အာဆင်နယ်အသင်းအနေဖြင့် ကွင်းတစ်ကွင်းကို ငှားရမ်းပြီး အသုံးပြုရမည်ဖြစ် ကြောင်းသိရသည်။ Ref;Topskillsport UK




