ဓားထိုးခံရေသာ္လည္း ေလယာဥ္ပ်က္မက် ေအာင္ ထိန္းသိမ္းႏိုင္သည့္ အိႏၵိယေလယာဥ္မႉး သူရဲေကာင္းအျဖစ္သတ္မွတ္ခံရ

ဓားထိုးခံရေသာ္လည္း ေလယာဥ္ပ်က္မက် ေအာင္ ထိန္းသိမ္းႏိုင္သည့္ အိႏၵိယေလယာဥ္မႉး သူရဲေကာင္းအျဖစ္သတ္မွတ္ခံရ
=========================
ဒူဘိုင္းမွတဲအဗစ္ၿမိဳ႕သို႔ပ်ံသန္းလာသည့္ Flydubai ေလယာဥ္ေပၚတြင္ဓားျဖင့္ တိုက္ခိုက္ခံရၿပီး ဒဏ္ရာျပင္းထန္စြာ ရရွိခဲ့ေသာ္လည္း ေလယာဥ္ပ်က္က်မႈမျဖစ္ေစရန္ထိန္းသိမ္းႏိုင္ခဲ့သည့္အိႏၵိယေလယာဥ္မႉး ဆမစ္မက္ခ်ာကို အိႏၵိယႏိုင္ငံဝန္ႀကီးခ်ဳပ္ နာရန္ဒရာမိုဒီက သူရဲေကာင္း တစ္ဦး အျဖစ္သတ္မွတ္ခ်ီးက်ဴးေၾကာင္းသိရသည္။
စက္တင္ဘာလ ၃၀ ရက္တြင္ဒူဘိုင္းမွတဲအဗစ္ၿမိဳ႕သို႔ပ်ံသန္းလာသည့္ FZ1073 ေလယာဥ္ေပၚ၌မက္ခ်ာ ႏွင့္ ပူးတြဲေလယာဥ္မႉးတို႔ၾကား အျငင္းပြားမႈျဖစ္ပြားၿပီးေနာက္ ပူးတြဲေလယာဥ္မႉးကမက္ခ်ာကို ဓားျဖင့္ထိုးခဲ့ျခင္းျဖစ္သည္။ အဆိုပါျဖစ္စဥ္အတြင္း ေလယာဥ္မွာအျမင့္ေပ ၁၇၀၀၀ ေက်ာ္ ႐ုတ္တရက္ထိုးဆင္းသြားသည္။
ယင္းေနာက္တြင္ မက္ခ်ာသည္ ဓားဒဏ္ရာရရွိထားေသာ္လည္း ေလယာဥ္ေမာင္းအခန္းတံခါးကိုဖြင့္ကာ ခရီးသည္မ်ားႏွင့္ ေလယာဥ္ဝန္ထမ္းမ်ားက တိုက္ခိုက္သူကိုထိန္းခ်ဳပ္ႏိုင္ခဲ့သည္။ ထို႔ေနာက္ခရီးသည္အျဖစ္ လိုက္ပါလာသည့္ Flydubai ေလယာဥ္မႉးႏွစ္ဦးက ေလယာဥ္ကို ထိန္းခ်ဳပ္ကာ ေဆာ္ဒီအာေရဗ်ႏိုင္ငံရွိ တာဘတ္ၿမိဳ႕သို႔ အေရးေပၚဆင္းသက္ႏိုင္ခဲ့သည္။
ထိုေလယာဥ္ေပၚတြင္ ခရီးသည္ ၁၇၄ ဦးလိုက္ပါလာၿပီး အားလုံး အသက္ေဘးမွ လြတ္ေျမာက္ခဲ့ရသည္။ မက္ခ်ာသည္ လက္ရွိတြင္ တာဘတ္ၿမိဳ႕ရွိ ေဆး႐ုံ၌ ေဆးကုသမႈခံယူေနၿပီး အေျခအေနတည္ၿငိမ္ေၾကာင္း သိရသည္။
အိႏၵိယႏိုင္ငံဝန္ႀကီးခ်ဳပ္ မိုဒီသည္မက္ခ်ာ၏ ရဲစြမ္းသတၱိ ႏွင့္ တာဝန္ေက်ပြန္မႈကိုခ်ီးက်ဴးခဲ့ၿပီး ၎၏လုပ္ရပ္သည္ေလယာဥ္ေပၚပါ ခရီးသည္မ်ား၏အသက္ကိုကယ္တင္ရာတြင္ အေရးပါခဲ့ေၾကာင္းေျပာသည္။ ေလယာဥ္ေပၚတြင္တိုက္ခိုက္မႈျဖစ္ပြားရသည့္ အေၾကာင္းရင္းကို သက္ဆိုင္ရာ အာဏာပိုင္မ်ားက စုံစမ္းစစ္ေဆးလ်က္ရွိသည္။Ref: Xinhua
ဓားထိုးခံရသော်လည်း လေယာဉ်ပျက်မကျအောင် ထိန်းသိမ်းနိုင်သည့် အိန္ဒိယလေယာဉ်မှူး သူရဲကောင်းအဖြစ်သတ်မှတ်ခံရ
=========================
ဒူဘိုင်းမှတဲအဗစ်မြို့သို့ပျံသန်းလာသည့် Flydubai လေယာဉ်ပေါ်တွင်ဓားဖြင့် တိုက်ခိုက်ခံရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သော်လည်း လေယာဉ်ပျက်ကျမှုမဖြစ်စေရန်ထိန်းသိမ်းနိုင်ခဲ့သည့်အိန္ဒိယလေယာဉ်မှူး ဆမစ်မက်ချာကို အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီက သူရဲကောင်း တစ်ဦး အဖြစ်သတ်မှတ်ချီးကျူးကြောင်းသိရသည်။
စက်တင်ဘာလ ၃၀ ရက်တွင်ဒူဘိုင်းမှတဲအဗစ်မြို့သို့ပျံသန်းလာသည့် FZ1073 လေယာဉ်ပေါ်၌မက်ချာ နှင့် ပူးတွဲလေယာဉ်မှူးတို့ကြား အငြင်းပွားမှုဖြစ်ပွားပြီးနောက် ပူးတွဲလေယာဉ်မှူးကမက်ချာကို ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်အတွင်း လေယာဉ်မှာအမြင့်ပေ ၁၇၀၀၀ ကျော် ရုတ်တရက်ထိုးဆင်းသွားသည်။
ယင်းနောက်တွင် မက်ချာသည် ဓားဒဏ်ရာရရှိထားသော်လည်း လေယာဉ်မောင်းအခန်းတံခါးကိုဖွင့်ကာ ခရီးသည်များနှင့် လေယာဉ်ဝန်ထမ်းများက တိုက်ခိုက်သူကိုထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက်ခရီးသည်အဖြစ် လိုက်ပါလာသည့် Flydubai လေယာဉ်မှူးနှစ်ဦးက လေယာဉ်ကို ထိန်းချုပ်ကာ ဆော်ဒီအာရေဗျနိုင်ငံရှိ တာဘတ်မြို့သို့ အရေးပေါ်ဆင်းသက်နိုင်ခဲ့သည်။
ထိုလေယာဉ်ပေါ်တွင် ခရီးသည် ၁၇၄ ဦးလိုက်ပါလာပြီး အားလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့ရသည်။ မက်ချာသည် လက်ရှိတွင် တာဘတ်မြို့ရှိ ဆေးရုံ၌ ဆေးကုသမှုခံယူနေပြီး အခြေအနေတည်ငြိမ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီသည်မက်ချာ၏ ရဲစွမ်းသတ္တိ နှင့် တာဝန်ကျေပွန်မှုကိုချီးကျူးခဲ့ပြီး ၎င်း၏လုပ်ရပ်သည်လေယာဉ်ပေါ်ပါ ခရီးသည်များ၏အသက်ကိုကယ်တင်ရာတွင် အရေးပါခဲ့ကြောင်းပြောသည်။ လေယာဉ်ပေါ်တွင်တိုက်ခိုက်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို သက်ဆိုင်ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်။Ref: Xinhua




