
===========================





၂၀၂၆ အာရှအားကစားပြိုင်ပွဲမှာ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ် ရရှိခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် မြန်မာတက်ဂ်ဘောအားကစားအဖွဲ့ကို ဂုဏ်ပြုပွဲ ပြုလုပ်
===========================

အကြိမ် ၂၀ မြောက်အာရှအားကစားပြိုင်ပွဲနဲ့ (၆)ကြိမ်မြောက် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲမှာ ရွှေ၊ ငွေ၊ ကြေး ရခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် တက်ဂ်ဘောကစားသမားများအား ဂုဏ်ပြုပွဲကို စက်တင်ဘာ ၃၀ ရက်က ရန်ကုန်မြို၊ Novotel Hotel မှာ ပြုလုပ်ခဲ့ပါတယ်။

အကြိမ် ၂၀ မြောက်အာရှအားကစားပြိုင်ပွဲမှာ ရွှေ၊ ငွေ၊ ကြေး ရရှိခဲ့တဲ့ မြန်မာတက်ဂ်ဘောကစားသမားများအား ဆုကြေးငွေကျပ် သိန်း ၂၉၀၀ နဲ့ (၆)ကြိမ်မြောက် ဆုတံဆိပ်ရရှိခဲ့တဲ့ မြန်မာတက်ဂ်ဘောကစားသမားများကို ဆုကြေးငွေကျပ် သိန်းသုံးရာတို ချီးမြှင့်ခဲ့ပါတယ်။

အကြိမ် ၂၀ မြောက်အာရှအားကစားပြိုင်ပွဲတွင် Women’s Single မှာ ရွှေတံဆိပ်ဆုကို ခင်နှင်းဝေ၊ Women’s Double မှာ ဆုမွန်အောင်နဲ့ ဖြူဖြူသန်းတို့က ငွေတံဆိပ်ဆု၊ Men’s Single မှာ စောဖရိုက်ဒေးက ကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။