၂၀၂၆ ခုႏွစ္ အာရွအားကစားၿပိဳင္ပြဲတြင္ Boonson ႏွင့္ ယြီတို႔ MVP ဂုဏ္ျပဳဆုမ်ား ရရွိ

၂၀၂၆ ခုႏွစ္ အာရွအားကစားၿပိဳင္ပြဲတြင္ Boonson ႏွင့္ ယြီတို႔ MVP ဂုဏ္ျပဳဆုမ်ား ရရွိ
=====================
၂၀၂၆ ခုႏွစ္ အာရွအားကစားၿပိဳင္ပြဲ၏ အမ်ိဳးသားႏွင့္ အမ်ိဳးသမီး အေကာင္းဆုံးအားကစားသမား (MVP) မ်ားအျဖစ္ ထိုင္းႏိုင္ငံမွ တာတိုေျပးအားကစားသမား Puripol Boonson ႏွင့္ တ႐ုတ္ႏိုင္ငံမွ ေရကူးအားကစားမယ္ ယြီက်စ္သီတို႔ကို ေ႐ြးခ်ယ္သတ္မွတ္လိုက္သည္ဟု အာရွအိုလံပစ္ေကာင္စီက ေအာက္တိုဘာ ၄ ရက္၌ ေၾကညာခဲ့ေၾကာင္း သိရသည္။
Boonson သည္ အမ်ိဳးသား မီတာ ၁၀၀ ႏွင့္ မီတာ ၂၀၀ ၿပိဳင္ပြဲမ်ားတြင္ ေ႐ႊတံဆိပ္ဆုမ်ား ရရွိခဲ့ၿပီး က်ားမႏွစ္ေယာက္တြဲ မီတာ ၁၀၀x၄ လက္ဆင့္ကမ္းေျပးပြဲတြင္ ေငြတံဆိပ္ဆု ရရွိခဲ့သည္။ အသက္ ၂၀ အ႐ြယ္ရွိ Boonson သည္ ၁၀၀ မီတာၿပိဳင္ပြဲတြင္ ပန္းဝင္ခ်ိန္ ၉.၉၀ စကၠန႔္ျဖင့္ အာရွအားကစားၿပိဳင္ပြဲစံခ်ိန္သစ္ တင္ႏိုင္ခဲ့ၿပီး ဗိုလ္လုပြဲအဆင့္ေရာက္ရွိလာသူမ်ားအနက္ ၁၀ စကၠန႔္ေအာက္ အခ်ိန္ျဖင့္ ေျပးႏိုင္ခဲ့သည့္ တစ္ဦးတည္းေသာ အားကစားသမား ျဖစ္လာခဲ့သည္။
“ဒါဟာ ကြၽန္ေတာ့္မိသားစုနဲ႔ ကြၽန္ေတာ့္ႏိုင္ငံအတြက္ ဂုဏ္ယူစရာ၊ ေပ်ာ္႐ႊင္စရာျဖစ္ပါတယ္” ဟု Boonson က ေျပာၾကားခဲ့သည္။ “ဒီေအာင္ျမင္မႈက ကြၽန္ေတာ့္ရဲ႕ ယုံၾကည္မႈကို အမ်ားႀကီး တိုးတက္ေစခဲ့ပါတယ္။ လာမယ့္ ေလာ့စ္အိန္ဂ်လိစ္ အိုလံပစ္ၿပိဳင္ပြဲမွာလည္း ဆုတံဆိပ္ရရွိႏိုင္ဖို႔ အစြမ္းကုန္ ႀကိဳးစားသြားမွာပါ” ဟုလည္း ၎က ဆိုသည္။
အသက္ ၁၃ ႏွစ္အ႐ြယ္ ယြီက ေ႐ႊတံဆိပ္ ၃ ခု ရရွိခဲ့ၿပီး အမ်ိဳးသမီး မီတာ ၂၀၀ တစ္ဦးခ်င္းပုံစံစုံၿပိဳင္ပြဲတြင္ အာရွစံခ်ိန္သစ္၊ မီတာ ၂၀၀ လိပ္ျပာကူးၿပိဳင္ပြဲႏွင့္ မီတာ ၄၀၀ တစ္ဦးခ်င္းပုံစံစုံၿပိဳင္ပြဲတို႔တြင္ အာရွအားကစားၿပိဳင္ပြဲစံခ်ိန္သစ္မ်ား အသီးသီးတင္ႏိုင္ခဲ့သည္။
“ကြၽန္မအေနနဲ႔ ဆက္လက္ၿပီး ျပင္းျပင္းထန္ထန္ ေလ့က်င့္သြားမွာျဖစ္သလို ကိုယ့္ကိုယ္ကိုယ္လည္း ပိုမိုတိုးတက္ေအာင္ တြန္းအားေပးသြားမွာပါ။ ဒါအျပင္ အာရွတစ္ဝန္းက လူငယ္အားကစားသမားေတြနဲ႔အတူ လက္တြဲၿပီး လူငယ္ေတြအေနနဲ႔ အားကစားကို အထူးသျဖင့္ ေရကူးအားကစားကို ပိုၿပီးေတာ့ ခ်စ္ျမတ္ႏိုးၿပီး ပါဝင္လုပ္ေဆာင္လာၾကေစဖို႔ လႈံ႕ေဆာ္အားေပးသြားမွာ ျဖစ္ပါတယ္” ဟု ယြီက ေျပာၾကားခဲ့ေၾကာင္း သိရသည္။ -Ref: Xinhua
၂၀၂၆ ခုနှစ် အာရှအားကစားပြိုင်ပွဲတွင် Boonson နှင့် ယွီတို့ MVP ဂုဏ်ပြုဆုများ ရရှိ
=====================
၂၀၂၆ ခုနှစ် အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားနှင့် အမျိုးသမီး အကောင်းဆုံးအားကစားသမား (MVP) များအဖြစ် ထိုင်းနိုင်ငံမှ တာတိုပြေးအားကစားသမား Puripol Boonson နှင့် တရုတ်နိုင်ငံမှ ရေကူးအားကစားမယ် ယွီကျစ်သီတို့ကို ရွေးချယ်သတ်မှတ်လိုက်သည်ဟု အာရှအိုလံပစ်ကောင်စီက အောက်တိုဘာ ၄ ရက်၌ ကြေညာခဲ့ကြောင်း သိရသည်။
Boonson သည် အမျိုးသား မီတာ ၁၀၀ နှင့် မီတာ ၂၀၀ ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများ ရရှိခဲ့ပြီး ကျားမနှစ်ယောက်တွဲ မီတာ ၁၀၀x၄ လက်ဆင့်ကမ်းပြေးပွဲတွင် ငွေတံဆိပ်ဆု ရရှိခဲ့သည်။ အသက် ၂၀ အရွယ်ရှိ Boonson သည် ၁၀၀ မီတာပြိုင်ပွဲတွင် ပန်းဝင်ချိန် ၉.၉၀ စက္ကန့်ဖြင့် အာရှအားကစားပြိုင်ပွဲစံချိန်သစ် တင်နိုင်ခဲ့ပြီး ဗိုလ်လုပွဲအဆင့်ရောက်ရှိလာသူများအနက် ၁၀ စက္ကန့်အောက် အချိန်ဖြင့် ပြေးနိုင်ခဲ့သည့် တစ်ဦးတည်းသော အားကစားသမား ဖြစ်လာခဲ့သည်။
“ဒါဟာ ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်နိုင်ငံအတွက် ဂုဏ်ယူစရာ၊ ပျော်ရွှင်စရာဖြစ်ပါတယ်” ဟု Boonson က ပြောကြားခဲ့သည်။ “ဒီအောင်မြင်မှုက ကျွန်တော့်ရဲ့ ယုံကြည်မှုကို အများကြီး တိုးတက်စေခဲ့ပါတယ်။ လာမယ့် လော့စ်အိန်ဂျလိစ် အိုလံပစ်ပြိုင်ပွဲမှာလည်း ဆုတံဆိပ်ရရှိနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ” ဟုလည်း ၎င်းက ဆိုသည်။
အသက် ၁၃ နှစ်အရွယ် ယွီက ရွှေတံဆိပ် ၃ ခု ရရှိခဲ့ပြီး အမျိုးသမီး မီတာ ၂၀၀ တစ်ဦးချင်းပုံစံစုံပြိုင်ပွဲတွင် အာရှစံချိန်သစ်၊ မီတာ ၂၀၀ လိပ်ပြာကူးပြိုင်ပွဲနှင့် မီတာ ၄၀၀ တစ်ဦးချင်းပုံစံစုံပြိုင်ပွဲတို့တွင် အာရှအားကစားပြိုင်ပွဲစံချိန်သစ်များ အသီးသီးတင်နိုင်ခဲ့သည်။
“ကျွန်မအနေနဲ့ ဆက်လက်ပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်သွားမှာဖြစ်သလို ကိုယ့်ကိုယ်ကိုယ်လည်း ပိုမိုတိုးတက်အောင် တွန်းအားပေးသွားမှာပါ။ ဒါအပြင် အာရှတစ်ဝန်းက လူငယ်အားကစားသမားတွေနဲ့အတူ လက်တွဲပြီး လူငယ်တွေအနေနဲ့ အားကစားကို အထူးသဖြင့် ရေကူးအားကစားကို ပိုပြီးတော့ ချစ်မြတ်နိုးပြီး ပါဝင်လုပ်ဆောင်လာကြစေဖို့ လှုံ့ဆော်အားပေးသွားမှာ ဖြစ်ပါတယ်” ဟု ယွီက ပြောကြားခဲ့ကြောင်း သိရသည်။ -Ref: Xinhua




