အမေရိကန်ပြည်ထောင်စုမှာ ပေါ်ပြူလာဖြစ်နေတဲ့ ဝိတ်ကျဆေးကိုအင်္ဂလန်နိုင်ငံ ကျန်းမာရေးဌာန NHS ကတရားဝင်သုံးစွဲခွင့်ပြုလိုက်ပါပြီ။
စျေးကွက်ထဲမှာ Wegovy ဝီဂိုဗီဆိုတဲ့နာမည်နဲ့ရောင်းချတဲ့ semaglutide ဆမက်ဂလူတိုက် ဝိတ်ကျဆေးဟာ ဘေးအန္တရာယ်ကင်း၊ ထိရောက်ပြီး တန်ဖိုးသင့်တင့်တဲ့ ထိုးဆေးဖြစ်တယ်လို့ ဗြိတိန်နိုင်ငံ ကျန်းမာရေးနဲ့ စောင့်ရှောက်မှုဌာန NICE ကဆုံးဖြတ်ချက်ချလိုက်ပါတယ်။
ဝီဂိုဗီဝိတ်ကျဆေးဟာ အရေးပြားကနေ တဆင့်ထိုးရတဲ့ထိုးဆေးပါ။ အဲဒီဆေးထိုးထားရင်ဗိုက်ပြည့်နေသလိုခံစားရပြီး မဆာတော့ပါဘူး။ အစားနည်းသွားပါတယ်။ ဒါဟာ ဒီဆေးအဓိက အလုပ်လုပ်ပုံ ဖြစ်ပါတယ်။