ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းတာဝန်ခံ ပါတီစည်းရုံးရေးလုပ်ငန်းစဉ်များ ဆွေးနွေးလမ်းညွှန်မှာကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီရုံးအစည်းအဝေး ခန်းမဆောင်၌ ပါတီစည်းရုံးရေးလုပ်ငန်းစဉ်များ ဆွေးနွေးလမ်းညွှန်မှာကြားခြင်းအား ယနေ့နံနက် ၁ဝနာရီ ၁ဝ မိနစ်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more

မရမ်းကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းအခမဲ့ပို့ချ

 

မရမ်းကုန်းမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှမြို့ နယ်အတွင်းရှိကျောင်းသားကျောင်း သူများအတွက် နွေရာသီအခြေခံ အင်္ဂလိပ်စာ(Basic Grammer Summer Camp)သင်တန်းကို သုံးလ တာ အခမဲ့သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါနွေရာသီအခြေခံ အင်္ဂလိပ်စာသင်တန်းကို အခြေခံ ပညာမူလတန်းနှင့်အလယ်တန်း ကျောင်းသားကျောင်းသူများဖြစ်ကြ သောစတုတ္ထတန်း၊ပဉ္စမတန်း၊ဆဋ္ဌမ တန်းများဖြစ်ကြသည့်ကျောင်းသား ကျောင်းသူ ၅ဝအား ယနေ့မှစတင် ကာ သင်တန်းပို့ချသွားမည်ဖြစ်ပြီး တနင်္ဂနွေပိတ်ရက်မှအပ နေ့စဉ် ည နေ ၄ နာရီမှ ၅ နာရီအထိ ပို့ချပေး မည်ဖြစ်သည်။

Read more

ငဖဲမြို့နယ်​ ပြည်​​ခိုင်​​ဖြိုးပါတီ အုပ်​စုပါတီဥက္ကဌနှင့်​ ​ရေးရာတာဝန်​ခံများ အသိအမှတ်​ပြု ခန့်​အပ်​လွှာ ​ပေးအပ်​ပွဲကျင်းပပြုလုပ်

 

ငဖဲမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ အုပ်​စုပါတီဥက္ကဌနှင့်​ ​ရေးရာတာဝန်​ခံများ အသိအမှတ်​ပြု ခန့်​အပ်​လွှာ ​ပေးအပ်​ပွဲကို ၁၉.၂. ၂၀၁၈ ရက်​နေ့ ​နေ့လည်​ ၁းဝဝ နာရီအချိန်က ဇီး​တောအုပ်​စု ပါတီရုံးရှိရာ ဇီး​တော​လေး​ကျေးရွာ ဦးမြင့်​စိုး​နေအိမ်​၌ ကျင်းပပြုလုပ်​ခဲ့ပါသည်​။

Read more

ရွှေ့ပြည်သာပြည်ခိုင်ဖြိုးပါတီမှ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

 

ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ မြို့ နယ် (EC) လစဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့  ၁၉.၂.၂၀၁၈ တနင်္လာနေ့  နံနက် ၁၀နာရီ အချိန်တွင် မြို့ နယ်ပြည်ခိုင်ဖြိုး ရုံး အစည်းဝေးခန်းမ ၌ ကျင်းပခဲ့ပါသည်။

ဆက်လက်ပြီး မြို့နယ်ပါတီဥက္ကဌ ဦးလင်းအောင်အောင်မှ ပါတီ၏လုပ်ငန်းစဉ်များ
နှင့်ပတ်သပ်၍ရှင်းလင်း ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

Read more

မန္တ​လေးခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီမှ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင့်​ပွား) သင်​တန်းဖွင့်​ပွဲ ကျင်းပပြုလုပ်

 

(၂၀.၂.၂၀၁၈) ရက်​​နေ့ နံနက်​ (၀၈း၃၀) အချိန်​တွင်​ မန္တ​လေးခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီမှ ဖွင့်​လှစ်​​သော နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင့်​ပွား) သင်​တန်းဖွင့်​ပွဲအခမ်းအနားအား မန္တ​လေးတိုင်း​ဒေသကြီး ပါတီရုံးအစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်​ရာ တိုင်း​ဒေသကြီးပါတီ​ဥက္ကဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦ​အောင်​​ကျော်​မိုးနှင့်​ တိုင်းပါတီ​ကော်​မတီဝင်​များ၊ မန္တ​လေးခရိုင်​ပါတီဥက္ကဌ ဦးဘိုသင်းနှင့်​ ခရိုင်​​ကော်​မတီဝင်​များ၊ သင်​တန်းနည်းပြများ၊ မန္တ​လေးခရိုင်​အတွင်းရှိ မြို့နယ် ​(၇) မြို့နယ်​မှ သင်​တန်းသား/သူများ တက်​​ရောက်​ခဲ့ကြပြီး တိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​မှ သင်​တန်းဖွင့်​အမှာစကား​ပြောကြားပြီး၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦးမျိုးမြင့်​မှသင်​တန်းစည်းကမ်းများ ဖတ်​ကြားရှင်းလင်​ခဲ့​ကြောင်း သိရှိရပါသည်​။

Read more

ဖြူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာမှပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံ

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အတွင်းရေးမှူးအပါအဝင် မြို့နယ်အမှုဆောင်ကော်မတီဝင် များ၊ ဒေသတာဝန်ခံများလိုက်ပါ၍    ယမန်နေ့ နံနက် ၉နာရီတွင် ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ လက်တက်ကြီးကျေးရွာအုပ်စု နောင်ဘို ကျေးရွာသို့လည်းကောင်း၊ နံနက် ၁၁ နာရီခွဲတွင် ကညွတ်ကွင်းမြို့ ရေပြာကျေးရွာသို့လည်းကောင်း ကွင်းဆင်းသွားရောက်ကာကျေးရွာ ကော်မတီဝင်များအိမ်၌ပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ကျေးလက်ပြည်သူများ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ကျေးလက်နေဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

ယမန်နေ့မွန်းလွဲပိုင်းတွင် ပေါင်းတည်မြို့နယ် ကြို့ပင်သာအုပ်စု ခုံကြီး စွန်းကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါ်ထားထားနု (ပဲခူး-အနောက် တိုင်းဒေသကြီးပါတီကော်မတီဝင်)၊ ဒေါ်ဆွေဆွေသင်း (ခရိုင်အတွင်းရေးမှူး)၊ ပေါင်းတည်တာဝန်ခံနှစ်ဦးနှင့်အတူ မြို့နယ်ပါတီ ဥက္ကဋ္ဌ၊ မြို့နယ်ရေးရာကော်မတီဝင်များလိုက်ပါလျက် ဒေသခံကျေးလက် ပြည်သူများနှင့်တွေ့ဆုံကာ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပါတီရေးရာသဘောထားများကို ရှင်းလင်းပြောကြားခဲ့ပြီး ရေးရာအလိုက်ဖွဲ့စည်းရေးများကို ဆောင်ရွက်ခဲ့ကြသည်။

Read more

လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီေ လာပိတ ကျေးရွာအုပ်စု ပါတီဝင်နှင့်တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့၊ ဖေဖော်ဝါရီ ၁၉

Read more

မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်တော်လောင်းလှူ

 

မြစ်ကြီးနားမြို့နန်းကွေ့ကျေးရွာ အုပ်စု မဟာစည်သာသနာ့ရိပ်သာ ဓမ္မရက္ခိတဘုရားကြီးကျောင်းတိုက် နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူဓာတ် ပေါင်းစု စေတီတော်မြတ်ကြီး၏ ဒုတိယအကြိမ်မြောက် ဗုဒ္ဓါဘိသေ က အနေကဇာတင် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် ကျောင်းတိုက်တည် ဆရာတော်ကြီးဘဒ္ဒန္တနေမိန္ဒ ပျံလွန် တော်မူသည့် (၄)နှစ်ပြည့်အထိမ်း အမှတ် အာစရိယဂုဏပူဇာသဘင်၊ ပင့်သံဃာ ၅ဝ တို့အား သံဃာ့ဒါန ဆွမ်းဆန်တော် လောင်းလှူပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ယင်း ကျောင်းတိုက်၌ ကျင်းပခဲ့သည်။

Read more

ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ် ပါတီလုပ်ငန်းညှိနှိုင်း

 

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူးကျင်းပသော တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပုသိမ်မြို့ တိုင်းဒေသကြီးပါတီ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်း က တက်ရောက်အမှာစကားပြောကြားရာတွင် ၂ဝ၁၈ခုနှစ်အတွင်း ပါတီအကောင်အထည် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အသေးစိတ်ဆွေးနွေးညွှန်ကြားကာ ပြီးခဲ့သည့် ပါတီဗဟိုအလုပ် အမှုဆောင် အစည်းအဝေးမှချမှတ်ခဲ့သည့် ပါတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များကိုလည်း ချပြဆွေးနွေး မှာကြားခဲ့သည်။

Read more