ဗန်းမော်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ ပါတီလုပ်ငန်းညှိနှိုင်းဆွေးနွေး

 

ဗန်းမော် မတ် ၁၅

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပ သောပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်၉နာရီခွဲက သာစည်ရပ်ကွက် ခရိုင်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ သဘာပတိပါတီဗဟို ကော်မတီဝင် ခရိုင်တာဝန်ခံဦးဝင်း မောင်သိန်း၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးသန်းဇော်လေး၊ အတွင်းရေးမှူး ဒေါ်ဝိုင်း၊ ဘဏ္ဍာရေးမှူး ဦးကျော် စွာဝင်းနှင့်ကော်မတီဝင်များ၊ အရန် ကော်မတီဝင်များ၊ ဗန်းမော်၊ မိုး မောက်၊ မန်စီ၊ ရွှေကူမြို့နယ်တို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် လူငယ် တာဝန်ခံများ၊ ခရိုင်ရုံးအဖွဲ့ဝင်များ စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ ကြသည်။

Read more

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလှူငွေပေးအပ်လှူဒါန်းခြင်း

 

လွိုင်ကော်၊ မတ်လ ၁၅

Read more

ဖြူးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးပါတီဥက္ကဋ္ဌများ တာဝန်ပေးအပ်ခြင်းနှင့် လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

ပဲခူးတိုင်းဒေသကြီးဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရပ်ကွက်ကျေးရွာအုပ်စုပါတီ ဥက္ကဋ္ဌများ တာဝန်ပေးအပ်ပွဲနှင့် လစဉ်ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် ၉နာရီခွဲက ဖြူးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးတွင်ကျင်းပခဲ့ရာ တောင်ငူခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်စိုး၊ ဖြူးမြို့နယ် ခရိုင်တာဝန်ခံဦးထွေး ကြည်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးခင်မောင်စိုး၊ဦးကိုကိုကျော် ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)နှင့် ရပ် ကွက်ကျေးရွာအုပ်စုများမှ ယခင် စည်းရုံးရေးမှူးများ၊ တွဲဖက်စည်း ရုံးရေးမှူးများ၊ ပါတီဝင်များ စုစု ပေါင်းလူအင်အား၁၅ဝကျော်တက် ရောက်ခဲ့ကြသည်။

Read more

လတ်တလောဖြစ်ပေါ်နေသည့်ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတင်းစာရှင်းလင်း

 

နေပြည်တော် မတ် ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက လတ်တလောဖြစ်ပေါ်နေသည့်ဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့မွန်းလွဲ ၂နာရီခွဲတွင် နေပြည်တော်ရှိ ပါတီဌာနချုပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ သတင်းဌာနပေါင်း ၂၆ ခုမှ မီဒီယာသမား ၆ဝ ခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသည့်ပြည်တွင်းပြည်ပသတင်းဌာနများက မြန်မာနိုင်ငံ၌ ဘင်္ဂါလီများပြန်လည်လက်ခံမှုအပေါ် ပါတီ၏သဘောထားအမြင်များကိုလည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်သစ်များဝင်ရောက်လာသည့်ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ လွှတ်တော်တွင် ငြိမ်းစုစီဥပဒေအတည်ပြုသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ပါတီ၏သဘောထားအမြင်များကိုလည်းကောင်း၊ နိုင်ငံတော်သမ္မတအား တွေ့ဆုံခွင့်တောင်းခြင်းနှင့်ပတ်သက်၍လည်းကောင်း စသည်အားဖြင့် မေးခွန်းများအသီးသီးမေးမြန်းခဲ့ကြသည်။

Read more

ဗန်းမော်မြို့နယ်ပြည်ခိုင်ဖြိုး ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌများလုပ်ငန်းညှိနှိုင်း

 

ဗန်းမော် မတ် ၁၅

ကချင်ပြည်နယ်ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ရပ်/ကျေး ပါတီဥက္ကဋ္ဌများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီက ညောင်ပင်ရပ်ကွက်မြို့နယ် ပါတီရုံး၌ ကျင်းပခဲ့သည်။

Read more

ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုး ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌများတာဝန်ပေးခန့်အပ်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသော ရပ်/ကျေးပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲအား နိုင်ငံတော်သီချင်းဖြင့် သီဆို ဖွင့်လှစ်ခဲ့သည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌဦးလှဘုန်းက နှုတ်ခွန်းဆက်အမှာစကား ပြောကြား၍ အခမ်းအနားသို့တက်ရောက်လာသည့် တောင်ငူခရိုင်ပါတီ အတွင်းရေးမှူးဦးလှဆွေနှင့် ခရိုင်ကော်မတီဝင်ဦးနိုင်ဦး၊ဒေါ်မေမြတ်သွယ် နှင့်ကော်မတီဝင်များမှ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာပါတီဥက္ကဋ္ဌ များအား ခန့်အပ်လွှာများအသီးသီးပေးအပ်ကြသည်။ အဆိုပါတာဝန်ပေး အပ်ပွဲအခမ်းအနား၌ ကျောက်ကြီးမြို့နယ် ရပ်/ကျေးပါတီဝင် ၇ဝ တက်ရောက်ပြီး မွန်းတည့် ၁၂နာရီတွင် ကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။

Read more

လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချိကယ်ကျေးရွာအုပ်စု ဒေါတခြား (ကယား) ရွာ ပါတီဝင်များနှင့်တွေ့ဆုံ

 

လွိုင်ကော် မတ် ၁၅

Read more

ပုဏ္ဏားကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်တွေ့ဆုံပွဲကျင်းပ

 

၂၀၁၈ ခုနှစ် မတ်လ(၁၅)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး ခြံဝင်း၌ လူငယ်တွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ (ဗဟိုအလုပ် အမှုဆောင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးသန်းထွန်း(ဗဟိုကော်မတီဝင်)၊ ပုဏ္ဏားကျွန်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ၊ ရပ်/ကျေးလူငယ် အဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၂၀၀)ခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါလူငယ်တွေ့ဆုံပွဲကို နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်းမှ လူငယ်တွေ့ဆုံပွဲဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်အစုအဖွဲ့တစ်ခုချင်း၏ စာတမ်းများအား
လူငယ်ခေါင်းဆောင်(၇)ဦးမှ ဖတ်ကြားတင်သွင်းခဲ့ကြသည်။ ဆက်လက်ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို မွန်းလွဲ(၁၁း၀၀)နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြပါသည်။

Read more

ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးနောက် ဟာဇက်ကို ဆက်ထိန်းရမည့်အရေးနှင့် ချယ်လ်ဆီး ရင်ဆိုင်နေရ

ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးနောက် ဟာဇက်ကိုအသင်းတွင် ဆက်ရှိစေရန်ကြိုးပမ်းရမည့် အရေးနှင့် ရင်ဆိုင်နေရသည်။

အကယ်၍ လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းသာ အဆင့် ၄ အတွင်းမဝင်ဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲနှင့်လွဲချော်ခဲ့ပါက ဟာဇက်နှင့် ကော်တွိုက်တို့သည် နည်းပြကွန်တီနောက်လိုက်ပြီး အသင်းပြောင်းသွားကြမည်ကို စိုးရိမ်နေရသည်။

ကွာတားဖိုင်နယ်ရောက်နေပြီး တနင်္ဂနွေတွင် လက်စတာနှင့်ကစားရန်ရှိသည့် အက်ဖ်အေဖလားရခဲ့လျှင်ပင် စိတ်ပျက်စရာ ရာသီတစ်ခုအဖြစ်မှကုစားနိုင်မည်မဟုတ်သောကြောင့် နည်းပြကွန်တီမှာ လာမည့်နွေရာသီတွင် စတမ်းဖို့ဒ်ဘရစ်ခ်ျမှ ထွက်ခွာရရန် သေချာသလောက် ရှိနေသည်။

Read more

စပါးတိုက်စစ်မှူး ဆွန်ဟွမ်မင် ကိုရီးယားပြန်၍ စစ်မှုထမ်းဖွယ်ရှိ

စပါးမှတောင်ကိုရီးယား တိုက်စစ်မှူး ဆွန်ဟွမ်မင်သည် မိခင်နိုင်ငံသို့ ပြန်ကာစစ်မှုထမ်းရမည်ဖြစ်သောကြောင့် နှစ်ရာသီကြာ     ဘောလုံးကစားနိုင်မည် မဟုတ်ပေ။

တောင်ကိုရီးယား ဥပဒေအရ အသက် (၂၈) နှစ်မပြည့်မီ စစ်မှုထမ်းရန် လိုအပ်သဖြင့် ဆွန်ဟွမ်မင် (၂၅) နှစ် သည်၂၀၁၉-၂၀ နှင့် ၂၀၂၀-၂၁ ဘောလုံးရာသီများတွင် တောင်ကိုရီးယားသို့ ပြန်၍ မဖြစ်မနေ စစ်မှုထမ်းဆောင် ရမည်ဖြစ်သည်။

Read more