ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီအချိုရည်များလှူဒါန်း

 

ရှားတော မတ် ၂၇

ကယားပြည်နယ် ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရှားတောမြို့နယ် အောင်ချမ်းသာရပ်ကွက်ရှိ ကက်သလစ်ဘုရားကျောင်း၌ နွေရာသီသင်တန်းတက်ရောက်နေ သော လူငယ်များအား ယနေ့ မွန်းလွဲ ၂နာရီတွင် အချိုရည်များ သွားရောက်လှူဒါန်းသည်။

ယင်းအချိုရည်များသွားရောက်လှူဒါန်းရာတွင် ရှားတော မြို့နယ် ပြည်ခိုင်ဖြိုးပါတီဘဏ္ဍာရေးမှူး ဒေါ်နော်ဟူးဗိုလ်ဦးနှင့် မြို့နယ်ကော်မတီဝင်များ၊ သင်တန်းသား သင်တန်းသူများ စုစု ပေါင်း ၄ဝ ကျော်တက်ရောက်ပြီး နွေရာသီသင်တန်းအား လေးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Read more

နောက်ကျပင်နယ်တီနှင့် အီတလီကို သရေကျခဲ့ပြီးနောက် VAR စနစ်ကို ဆောက်ဂိတ် မေးခွန်းထုတ်

အင်္ဂလန်အသင်းမှာ အီတလီကိုအငြင်းပွားဖွယ်ရာနောက်ကျပင်နယ်တီကြောင့်သရေကျခဲ့သောပွဲအပြီးအတွင် VAR(ဗီဒီယိုအကူဒိုင်လူကြီး) စနစ်ကို မေးခွန်းထုတ်သွားခဲ့သည်။

အင်္ဂလန်အသင်းမှာ ပွဲချိန် ၂၆မိနစ်တွင် ဗာဒီ၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်း ၈၇မိနစ်တွင် အငြင်းပွားဖွယ်ရာ ပင်နယ်တီကြောင့် အိမ်ကွင်းတွင် နိုင်ပွဲနှင့်ဝေးခဲ့ရသည်။

အဆိုပါပင်နယ်တီမှာ အင်္ဂလန်နောက်ခံလူထရာကောစကီးက ပင်နယ်တီဧရိယာထဲစွဲဝင်လာသည့် ချီဆာကို တက်နင်းလိုက်သလိုဖြစ်ခဲ့ပြီး လဲကျသွားခဲ့ခြင်းကို ကွင်းလယ်ဒိုင်က VAR အကူအညီဖြင့် ပင်နယ်တီ သတ်မှတ် ဆုံးဖြတ်ပေးလိုက်ခြင်းဖြစ်သည်။

Read more

အာဂျင်တီးနားရဲ့ အဆိုးဆုံးအရှုံးအတွက် မက်ဆီ စိတ်ပျက်နေ

အာဂျင်တီးနားအသင်းဟာ စပိန်ကို ၆-၁ နဲ့ ဆိုးရွားစွာရှုံးခဲ့တဲ့အတွက် အဓိက တိုက်စစ်မှူး မက်ဆီဟာ ပွဲမပြီးခင်ကတည်းက ထပြန်သွားခဲ့တယ်လို့ သိရပါတယ်။

သူဟာ တံကောက်ကြောဒဏ်ရာပြဿနာ ရှိနေတာကြောင့် ဒီပွဲမှာ မပါခဲ့ဘဲ အထူးဧည့်သည်နေရာကနေသာ ကြည့်ခဲ့ရတာပါ။ ပွဲချိန် ၇၄ မိနစ်မှာ အစ္စကိုက သူ့ရဲ့ဟက်ထရစ်နဲ့ စပိန်အတွက် ၆ ဂိုးမြောက်ကို သင်းယူပြီး ချိန်မှာတော့ မက်ဆီဟာ စိတ်ပျက်ပြီး သူ့နေရာကနေ ထထွက်သွားခဲ့တာပါ။

Read more

မြန်မာ-ထိုင်းရိုးရာလက်ဝှေ့ပြိုင်ပွဲ ရန်ကုန်တွင် ကျင်းပမည်

မြန်မာ-ထိုင်းရိုးရာလက်ဝှေ့ပြိုင်ပွဲကို လာမယ့်ဧပြီလ ၈ ရက်မွန်းလွဲ ၂ နာရီမှာ ရန်ကုန်မြို့၊ သိမ်ဖြူမြန်မာ့ရိုးရာ လက်ဝှေ့ရုံမှာ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူး ကျင်းပဖို့ ရှိနေပါတယ်။

MMTS Company နဲ့ H & S Group ကစီစဉ်တဲ့ 50 Media Lethwei Fight အဲဒီပွဲကို ပြီးခဲ့တဲ့ဇန်န၀ါရီလက မန္တလေးမြို့မှာပြုလုပ်ခဲ့တဲ့အတိုင်း ခမ်းနားစွာကျင်းပမှာဖြစ်ပြီး 50 Media Channal မှ facebook Live ထုတ်လွှင့်ပေးသွားဖို့ရှိတယ်လို့ H & S Group မှ ဦးစိုင်းဇော်ဇော်က ပြောပါတယ်။

Read more

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း တရုတ်နိုင်ငံ ရောက်ရှိ

မတ် ၂၈

မတ်လ ၂၆ ရက်က တရုတ်နိုင်ငံ မြို့တော် ပေကျင်းသို့ ရုတ်တရက် လျှို့ဝှက်စွာ လာရောက်လည်ပတ်သည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းအား တရုတ်သမ္မတ ရှီကျင့်ဖျင်က နွေးထွေးစွာ ဧည့်ခံ ကြိုဆိုခဲ့သည်ဟု သိရသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ယင်းနေ့က သံချပ်ကာ အထူးရထားတစ်စင်းနှင့်အတူ တရုတ်သို့ ဆိုင်းမဆင့် ဗုံမဆင့် ရောက်ရှိလာခဲ့ကြောင်း သတင်းများထွက်ပေါ်နေခဲ့ပြီးနောက် ယခုအခါ အဆိုပါကိစ္စနှင့် ပတ်သက်လို့ နှစ်နိုင်ငံစလုံးက အတည်ပြုသွားခဲ့ပြီဖြစ်သည်။

Read more

ထိန်းချုပ်မှုမဲ့ တရုတ်အာကာသယာဉ်တစင်း အရှိန်အဟုန်ဖြင့် ကမ္ဘာမြေပြင်ကို ကျဆင်းနေ

Photo – China Manned Space Agency

 

တရုတ်အာကာသယာဉ်တစင်းဟာ ထိန်းချုပ်မှု ကင်းမဲ့သွားပြီးနောက် ကျဆင်းလာနေပြီး လာမယ့် မတ်လ ၃၁ ရက်နေ့ အစောပိုင်းမှာ ကမ္ဘာမြေပြင်ကို ထိခိုက်နိုင်ဖွယ်ရှိတယ်လို့ စောင့်ကြည့်လေ့လာနေတဲ့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

Read more

နိုင်ငံ ၂၀ ကျော် အစိုးရများက ရုရှား သံအရာရှိများကို အသီးသီး ပြည်နှင်ဒဏ်ပေး

ဗြိတိန်တွင် ရုရှားသူလျှိုဟောင်းတစ်ဦးကို လုပ်ကြံသည့် အားထုတ်မှု ပေါ်ပေါက်ခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံ ၂၀ ကျော်က ရုရှား သံအရာရှိများကို ပြည်နှင်ဒဏ် ပေးခြင်းဖြင့် တုံ့ပြန် ဒဏ်ခတ်ခဲ့ကြောင်း သိရသည်။

ဗြိတိန်က ယခုလ အစောပိုင်းတွင် ဆာလစ်ဗျူရီ၌ နေထိုင်သော ရုရှား နှစ်ဖက်လွှ သူလျှိုဟောင်း ဆာဂျီ စခရစ်ပယ်လ်ကို ရုရှားအေးဂျင့်များက အဆိပ်ခတ် လုပ်ကြံခဲ့ကြောင်း စွပ်စွဲခဲ့သည်။ စခရစ်ပယ်လ်နှင့် ၎င်း၏ သမီးမှာ အသက်မဆုံးရှုံးသော်လည်း အရေးပေါ် စောင့်ရှောက် ကုသမှုများ ခံယူနေရသည်။

Read more

တရုတ်အကြောင်း ပြင်သစ်၊ ဂျာမန်ခေါင်းဆောင်တွေနဲ့ ထရမ့် ဆွေးနွေး

အမေရိကန်သမ္မတ ထရမ့်ဟာ တရုတ်အစိုးရရဲ့ ပြည်ပကုန်သွယ်ရေးဆိုင်ရာ လုပ်နည်းလုပ်ဟန်တွေကို ပြင်သစ် သမ္မတ မာခရွန် နဲ့ ဂျာမန်ဝန်ကြီးချုပ် မာကဲလ်တို့နဲ့ မနေ့က ဖုန်းဆက်ပြီး ဆွေးနွေးခဲ့တယ်လို့ ထရမ့်ရဲ့  အိမ်ဖြူတော်က ကြေညာပါတယ်။

ဂျာမန် ဝန်ကြီးချုပ်နဲ့ ဆွေးနွေးရာမှာ တရုတ် စီးပွါးရေးလုပ်ငန်းရှင်တွေ လုပ်ကိုင်ပုံနဲ့ အတတ်ပညာမူပိုင်ခွင့်တွေကို ဖေါက်ဖျက်ခိုးယူတာတွေကို တုံ့ပြန်ဖို့ ပူးပေါင်းလက်တွဲသွားမယ်ဆိုတာလဲ ပါဝင်တယ်လို့ဆိုပါတယ်။

Read more

ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်လှစ်

မြစ်သား မတ် ၂၅

Read more

အသက် ​(၇၈) နှစ်​အရွယ်​ရှိ အဘိုးဦးရဲမြင့်​​ဆွေအား မန္တ​လေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံဖြိုး ​ရေးပါတီမှ ဂုဏ်​ပြုချီးမြှင့်

Read more