ရီးရဲလ်တွင် ဆက်နေဖွယ်ရှိသည်ဟု စီရော်နယ်ဒိုအရိပ်အမြွက်ပြောကြား

တိုက်စစ်မှူး စီရော်နယ်ဒိုက သူ့နေနဲ့ရီးရဲလ်အသင်းမှာသာ ဆက်နေဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောကြားလိုက် ပါတယ်။ လီဗာပူးကို(၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်အပြီး နောက်တစ်နေ့အောင်ပွဲခံအခမ်းအနား မှာ စီရော်နယ်ဒိုက “နောက်နှစ်မှာထပ်တွေ့မယ်” လို့ အသင်းပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။

 ရီးရဲလ်ပရိသတ်တွေဟာ စီရော်နယ်ဒိုနာမည်ကို အော်ဟစ်ပြီး သူရဲကောင်းတစ်ယောက်လိုကြိုဆိုခဲ့ကြပါတယ်။ ဆက်လက်ပြီး တိုက်စစ်မှူး စီရော်နယ်ဒိုက “ကမ္ဘာ့အကြီးကျယ်ဆုံး ကလပ်အသင်းမှာ ကစားရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီမှာ ကျွန်တော်နေသားကျနေပါပြီ။ ဒီကစားသမားစုဖွဲ့မှုနဲ့ အောင်မြင်မှု မရဘူးဆိုတာ မဖြစ်နိုင်ပါဘူး”လို့ ဖွင့်ဟခဲ့ပါတယ်။ အစောပိုင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးနောက် စီရော်နယ်ဒိုက ရီးရဲလ်အသင်းမှာ သူ့အနာဂတ်ရေရာမှုမရှိဘူးလို့ ထုတ်ပြောကြားခဲ့ပါတယ်။

Read more

အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့ လီဗာပူးလ်ဂိုးသမား ကာရီးယပ်စ်

လီဗာပူးလ်အသင်းရဲ့ ဂိုးသမား လောရစ်ကာရီးယပ်စ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲက သူ့ရဲ့ အမှားတွေကြောင့် လီဗာပူးလ်အသင်း အရေးနိမ့်အပြီးမှာ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အွန်လိုင်းကတဆင့် ခြိမ်းခြောက်တဲ့ စာများပေးပို့ခဲ့တာဖြစ်ပြီး မာဆေးဆိုက်ရဲတပ်ဖွဲ့ရဲ့ အကူအညီ ကိုလည်း ယူနေရတယ်လို့ သိရပါတယ်။

Read more

WLC-5လက်ဝှေ့ပြိုင်ပွဲတွင် ချန်ပီယံလုပွဲ ယှဉ်ပြိုင်မည့် တွဲဆိုင်းနှစ်ဆိုင်း မိတ်ဆက်ပွဲကျင်းပ

ရန်ကုန် မေ ၂၇

မြန်မာလက်ခမောင်း ကုမ္ပဏီ၏ WLC-5 တွင် ချန်ပီယံလုပွဲနှစ်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် တွဲဆိုင်းနှစ်ဆိုင်း မိတ်ဆက် ပွဲကို ယနေ့တွင် ရန်ကုန်မြို့ unction Mawtin ရှိ Transcend Gym ခန်းမ၌ ကျင်းပသည်။ WLC-5 လက်ဝှေ့ ပြိုင်ပွဲတွင် တွဲဆိုင်း စုစုပေါင်း ခုနစ်ဆိုင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ် ပြီး လိုက်ဝယ်တာ ဝိတ်တန်းနှင့် လိုက်မစ်ဒယ် ဝိတ်တန်းပြိုင်ပွဲများ၏ ချန်ပီယံလုပွဲများပါဝင် မည်ဖြစ်ကြောင်း သိရသည်။

Read more

ထရပ်ကားဒရိုင်ဘာများ၏ သပိတ်မှောက်မှု ရပ်ဆိုင်းရေး ဒီဇယ်ဈေးနှုန်းများ လျှော့ချမည်ဟု ဘရာဇီးသမ္မတ ကတိပြု

ဘရာဇီးနိုင်ငံတွင် ထရပ်ကားဒရိုင်ဘာများ၏ သပိတ်မှောက်ဆန္ဒပြနေမှုများ ပိတ်သိမ်းရပ်ဆိုင်းသွားရေးအတွက် ဒီဇယ်ဈေးနှုန်းများကို လျှော့ချပေးသွားမည်ဟု သမ္မတ မိုက်ကယ် တီမာက ကြေညာလိုက်သည်။

အဆိုပါ နိုင်ငံတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ၀င်ငွေထိခိုက်ရသည်ဟု ဆိုကာ ထရပ်ကားသမားများက လမ်းများပေါ်တွင် ပိတ်ဆို့သပိတ်မှောက်နေခဲ့ကြခြင်း ဖြစ်သည်။

 ၎င်းတို့၏ သပိတ်မှောက်မှုသည် ယခုအခါ ရက်ပေါင်း ခုနစ်ရက် ကျော်လာခဲ့ပြီဖြစ်ကာ နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး စနစ်အပေါ် ထိခိုက်နှောင့်နှေးမှုများ ဖြစ်ပေါ်စေနေလျက်ရှိကြောင်း သိရသည်။

Read more

ဖြစ်နိုင်ခြေရှိ ဒေါ်နယ်ထရမ့်နှင့် ကင်မ်ဂျုံအန်းတို့အကြား အစည်းအဝေး မွန်းဂျေအင်းလည်း ပူးပေါင်းပါဝင်နိုင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့အကြား ဖြစ်လာနိုင်ခြေရှိ စင်ကာပူထိပ်သီးအစည်းအဝေးမှာ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းလည်း ပူးပေါင်းပါဝင်နိုင်ခြေ ရှိကြောင်း ဆိုးလ်မြို့ သမ္မတအိမ်တော်က ထုတ်ပြန်ပြောကြားလိုက်သည်။

သမ္မတ မွန်းဂျေအင်းအနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင်၊ အမေရိကန်သမ္မတတို့နှင့် သုံးပွင့်ဆိုင် စည်းဝေးဖို့ အတွက် ဇွန်လမှာ စင်ကာပူကို ခရီးသွားနိုင်ဖွယ် ရှိကြောင်း ဆိုးလ်မြို့ သမ္မတ အိမ်တော်က ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

Read more

မော်လမြိုင်ကျွန်းမြို့နယ် ၊ ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ ကျင်းပ

မော်လမြိုင်ကျွန်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပါတီဝင်အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်ပါတီရုံး၌ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။ ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော် အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သံပြိုင်သီဆိုခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပါတီဥက္ကဌ ဦးမြင့်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ (၁၂၁) အုပ်စုမှ အသစ်ဝင်ရောက်လာကြသော ပါတီဝင်များ၏ အဆိုပြုလွှာပေါင်း ၆၀၃ စောင်ကို နယ်မြေ ကိုယ်စားပြု ရပ်ကျေးပါတီဥက္ကဌ (၆) ဦးက ပေးအပ်ရာ သက်ဆိုင်ရာနယ်မြေမှူး မြို့နယ်ပါတီကော်မတီဝင်များက အသီးသီး လက်ခံကြပါသည်။

Read more

သီရိလင်္ကာတွင် မုတ်သုံမိုး သည်းထန်မှုအတွင်း သေဆုံးသူ ၂၃ ဦးအထိ ရှိလာ

ကိုလံဘို၊ မေ ၂၈

သီရိလင်္ကလာနိုင်ငံတွင် ပြီးခဲ့သည့် ဆယ်ရက်က မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းခြင်းများအတွင်း သေဆုံးသူ ဦးရေသည် အနည်းဆုံး ၂၃ ဦး ရှိသွားပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းကြသူများမှာ ၇၅၀၁၃ ဦးရေရှိကြောင်း နောက်ဆုံးတရားဝင်စာရင်းများအရ သိရသည်။

လူများအား ဒုက္ခသည်စခန်းနှင့် ခိုလှုံရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားနေစဉ် ပျောက်ဆုံးသူဦးရေ ၁၃ ဦး ရှိကြောင်း နိုင်ငံ၏ သဘာဝဘေးစီမံခန့်ခွဲရေးစင်တာက ထုတ်ပြန်သည်။

Read more

အမေရိကန်အကျဉ်းသားကို လွှတ်ပေးသော်လည်း ဗင်နီဇွဲလားနိုင်ငံအပေါ် အမေရိကန် ဆက်လက်အရေးယူပိတ်ဆို့

ဗင်နီဇွဲလားက လွှတ်ပေးသော အမေရိကန်သာသနာပြု ဂျိုရှာဟိုလ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်အတူ တွေ့ရစဉ် (Yuri Gripas/reuters)

 ဗင်နီဇွဲလားနိုင်ငံ၌ ၂ နှစ်ကြာ အကျဉ်းကျနေသော အမေရိကန်အမျိုးသားတစ်ဦးနှင့် ၎င်း၏ဇနီးတို့ကို စနေနေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဝါရှင် တန်အစိုးရအနေဖြင့် ဗင်နီဇွဲလား အပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကို ဆက်လက် ထားရှိမည်ဖြစ်ကြောင်း ကန် ဒုသမ္မတမိုက်ပင့်စ်ကပြောသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ (၂ဝ၁၈) မေ ၂၉ မှ ၃၁ ရက်အထိ ကျင်းပမည်

နေပြည်တော်၊ မေ ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ (၂ဝ၁၈) အခမ်းအနားကို ပါတီဌာနချုပ် (နေပြည်တော်) ၌ ယခုလ ၂၉ ရက်မှ ၃၁ ရက်အထိ နံနက် ၉ နာရီမှ စတင်ကျင်းပသွားမည်ဖြစ်သည်။

Read more

၂ဝ၁၈ လူငယ်ညီလာခံအကြို ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနား မြန်အောင်၌ ကျင်းပ

မြန်အောင်၊ မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ကနောင်တိုက်နယ် ငါးပိဆိပ်အုပ်စု ညောင်ဝင်းကျေးရွာ ဘုန်းတင့်စံဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ၂ဝ၁၈ လူငယ်ညီလာခံအကြို ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲတွင် ကျင်းပခဲ့ကြောင်းသိရသည်။

Read more