မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်

ရန်ကုန်၊ မေ ၂၈

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါနက်ချောင်းစံပြကျေးရွာတွင် ယမန်နေ့နံနက် ၁ဝ နာရီက ပြည်ခိုင်ဖြိုး ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီ၊ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ခရိုင်ပါတီကော်မတီဝင်များနှင့် ပါတီဝင်အင်အား ၁ဝဝဝ ကျော် တက်ရောက်ခဲ့ကြသည်။

Read more

နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် လူငယ်ညီလာခံသို့ တက်ရောက်မည့် မန္တလေးတိုင်းဒေသကြီး ပါတီကိုယ်စား ပြု လူငယ်များအား တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တွေ့ဆုံ

မန္တလေး၊ မေ ၂၈

နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် လူငယ်ညီလာခံသို့ တက်ရောက်မည့် မန္တလေးတိုင်းဒေသကြီး ပါတီကိုယ်စားပြုလူငယ်များအား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က တွေ့ဆုံ၍ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ သည်။

Read more

ချဲလ်ဆီးပိုင်ရှင် Abramovich အစ္စရေးနိုင်ငံသား လျှောက်

အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီး ကလပ်အသင်းပိုင်ရှင် ရုရှား ဘီလျံနာ Roman Abramovichဟာ အစ္စရေး နိုင်ငံသား လျှောက်ထားဖို့ အစ္စရေးနိုင်ငံ Tel Avivမြို့ကို ရောက်ရှိနေပါတယ်။

ရုရှားနဲ့ ဗြိတိန်တို့အကြား သံတမန်ရေး တင်းမာမှုတွေကြောင့် ဗြိတိန်မှာ ဗီဇာ သက်တမ်း ဆက်တိုးလို့မရတဲ့ အတွက် အစ္စရေးနိုင်ငံကို သွားရောက်ပြီး နိုင်ငံသား ဖြစ်ခွင့်လျှောက်ထားတယ်လို့ ဆိုပါတယ်။

Read more

ယူရိုတစ်ဘီလီယံ လျော်ကြေးပေးရန် ရာမို့စ်ကို အီဂျစ်ရှေ့နေ တရားစွဲဆို

စနေနေ့က ကစားခဲ့သော ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ရီးရဲလ်အသင်း ခေါင်းဆောင်နှင့် ဘောလုံးယှဉ်လုစဉ် လီဗာပူးနှင့် အီဂျစ်ကြယ်ပွင့် မိုဟာမက်ဆာလက် ဒဏ်ရာရရှိခဲ့ပြီးနောက် အီဂျစ်ရှေ့နေ တစ်ဦးက ဆာဂျီယိုရာ မို့စ်ကို ယူရိုတစ်ဘီလီယံ တရားစွဲဆိုမှု စတင်လိုက်သည်။

ကိဗ်မြို့ဗိုလ်လုပွဲအတွင်း ရာမို့စ်နှင့် လုံးထွေးနေပြီးနောက် ဆာလက်သည် ဘယ်ဘက်ပခုံးဖြင့် မြေပြင်ပေါ် လဲကျကာ ပခုံးအရွတ်များ ဒဏ်ရာရရှိပြီး ကမ္ဘာ့ဖလားယှဉ်ပြိုင်ရေး မသေချာဖြစ်ခဲ့သည်။

Read more

ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ပထမအဆင့်မှ ထွက်

ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ အော့စ်တာပန်ကိုနဲ့ နာမည်ကြီး ဗီးနပ်စ်ဝီလျံတို့ ပထမအဆင့်ကနေပဲ ထွက်လိုက်ရပါတယ်။

နိုင်ခြေအဆင့် ၅ သတ်မှတ်ခံထားရတဲ့ လတ်ဗီးယားသူ အော့စ်တာပန်ကိုဟာ ယူကရိန်းက ကော့ဇ်လိုဗာကို ၇-၅၊ ၆-၃ နဲ့ နှစ်ပွဲပြတ် အရေးနိမ့်ခဲ့တာကြောင့် ပထမအဆင့်ကနေ ထွက်ခဲ့ရတာပါ။

Read more

ပလတ်စတစ်သုံး ပစ္စည်းတချို့ ထုတ်လုပ်မှု တားမြစ်ဖို့ ဥရောပသမဂ္ဂ အဆိုတင်သွင်းမည်

ဥရောပသမဂ္ဂဟာ ပလတ်စတစ်နဲ့လုပ်ထားတဲ့ နားသန့်စင်တံတွေ၊ အအေးသောက်တဲ့ပိုက်တွေ၊ ကော်ဖီဖျော်တဲ့ မွှေတံတွေ ထုတ်လုပ်တာကို တားမြစ်ဖို့ အဆိုတင်သွင်းတော့မှာဖြစ်ပါတယ်။ တခြား ပစ္စည်းတွေနဲ့ အလွယ်တကူ အစားထိုးသုံးနိုင်တာမို့ ပလတ်စတစ်ပစ္စည်းတွေကြောင့် ပင်လယ်ကမ်းခြေတွေနဲ့ သမုဒ္ဒရာကြမ်းပြင်တွေ ပျက်စီးမှုကနေ ကာကွယ်ဖို့ အားထုတ်တာဖြစ်တယ်လို့ ဆိုပါတယ်။

Read more

ကလေးကိုကယ်တဲ့ မာလီရွှေ့ပြောင်းနေထိုင်သူကို ပြင်သစ်နိုင်ငံသား အဖြစ် ပေးအပ်

ပြင်သစ်သမ္မတမက်ကရွန်က အသက်(၄)နှစ်အရွယ် ကလေးငယ်ကို တိုက်လေးထပ်တက်၍ ကယ်ဆယ်ခဲ့သော မာလီနိုင်ငံသား ဂက်စ်ဆာမာအား သမ္မတနန်းတော်၏ လက်ခံတွေ့ဆုံနေစဉ် (Thibault Camus/Pool via REUTERS)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ၄ ထပ်တိုက် လသာဆောင်မှာ တွဲလွဲကျနေတဲ့ ကလေး ငယ်ကို ကယ်ခဲ့တဲ့ မာလီနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူကို ပြင်သစ် နိုင်ငံသား အဖြစ် အသိအမှတ်ပြုမှာ ဖြစ်ပါတယ်။

Read more

နယူးဇီလန်၌ ဆိုးရွားသော ရောဂါပိုးပျံ့နှံ့နေသဖြင့် ကျွဲ၊ နွားအကောင်ရေ တစ်သိန်းကျော်ကို သုတ်သင်မည်

နယူးဇီလန်နိုင်ငံ ၌ ဆိုးရွားသော Mycoplasma Bovis ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်ရေး ကျွဲ၊ နွားအကောင်ရေ ၁၂၆,၀၀၀ ကို သုတ်သင်ရှင်းလင်းရန် မေလ ၂၈ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

ကျွဲ၊ နွား တိရစ္ဆာန်များတွင် ဖြစ်ပွားသော ယင်းရောဂါသည် နို့အုံသားတစ်သျှူးများ ပျက်စီးခြင်း၊ အဆုပ်ရောင်ခြင်းနှင့် အဆစ် အမြစ်နာကျင်ခြင်း စသည့်ရောဂါများ ဖြစ်ပွားစေသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ကရင်ပြည်နယ်ရှိ ပါတီများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ

 

ဘားအံ၊ မေ ၂၆

ပည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်၊ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးတို့သည် ယမန်နေ့ညနေ ၄ နာရီက ကရင်ပြည်နယ် ဘားအံမြို့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီဌာနချုပ်ရုံးတွင် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီနှင့် ဖလုံ – စဝေါ် ဒီမိုကရက်တစ်ပါတီတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

Read more

ကြံ့ခိုင်မှုရာနှုန်းပြည့်ကောင်းမွန်ခြင်း မရှိသေးဟု တိုက်စစ်မှူး နေမာ ၀န်ခံ

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ (၃)ပတ်ခန့်သာလိုတော့တဲ့အချိန်မှာ ဘရာဇီးတိုက်စစ်မှူးနေမာက သူ့အနေနဲ့ကြံ့ခိုင်မှု ရာနှုန်းပြည့်ကောင်းမွန်ခြင်းမရှိသေးဘူးလို့ ၀န်ခံခဲ့ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးလည်း ဖြစ်တဲ့နေမာဟာ ဒဏ်ရာကနေပြန်ကောင်းလာပြီး လေ့ကျင့်ခန်းဆင်းနေပြီ ဖြစ်ပါတယ်။ ဇွန်လ(၃)ရက် ခရိုအေးရှားနဲ့ကစားမယ့် ခြေစမ်းပွဲမှာ ဘရာဇီးအသင်းအတွက် နေမာပြန်ကစားနိုင်ဖွယ် ရှိတယ်လို့ မျှော်လင့်နေပေမယ့် အသက်(၂၆)နှစ်အရွယ်ကစားသမားကတော့ ကြံ့ခိုင်မှုပြည့်ဝခြင်းမရှိသေးဘူးလို့ ဆိုလိုက်ပါတယ်။ နေမာက “ရာနှုန်းပြည့်ကောင်းမွန်ခြင်း မရှိသေးပါဘူး” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ သူပြန်ကစားနိုင်ဖို့ သံသယရှိနေတဲ့အပေါ် လက်ခံခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ နေမာက အတည်ပြုပြောကြားခဲ့ပါတယ်။

Read more