တာလီဘန်စစ်သွေးကြွများကို ပြန်လည်နှိမ်နင်းရန် အာဖဂန်နစ္စတန်သမ္မတ အမိန့်ထုတ်ပြန်

အာဖဂန်နစ္စတန် သမ္မတ အက်ရှ်ရက်ဂါနီက တာလီဘန်စစ်သွေးကြွများနှင့် အပစ်အခတ်ရပ်စဲရေး သတ်မှတ်ကာလ ပြီးဆုံးပြီဖြစ်ကြောင်း စနေနေ့တွင် ကြေညာခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရေး တာလီဘန် အဖွဲ့ထံ တောင်းဆိုခဲ့သည်။

‘‘အခုက တာလီဘန်အဖွဲ့ ဆုံးဖြတ်ရမယ့် အချိန်ပါပဲ။ သူတို့ အနေနဲ့ ဆက်ပြီးသတ်ဖြတ်နေဦးမလား၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်မလား’’ဟု သမ္မတဂါနီက မြို့တော်ကဘူးလ် တွင် ပြုလုပ်သော သတင်းစာရှင်း လင်းပွဲ၌ ပြောသည်။

Read more

မက္ကဆီကို သမ္မတရွေးကောက်ပွဲကျင်းပ

ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေကိုတွေ့ရစဉ်

မက္ကဆီကိုနိုင်ငံတွင် သမ္မတရွေးကောက်ပွဲ၊ ပါလီမန်နှင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲများ မဲပေးမှု စတင်နေပြီ ဖြစ်သည်။

 သမ္မတရွေးကောက်ပွဲတွင် ထိပ်ဆုံး၌ ရေပန်းစားသူသည် မက္ကဆီကိုစီးတီး မြို့တော်ဝန်ဟောင်း လက်ဝဲယိမ်း မယ်နျူရယ် လိုပက်ဇ်အိုဘရာဒါဖြစ်ပြီး ၎င်းက အကျင့်ပျက်ခြစားမှုများကို ချေမှုန်းမည်ဟု ကတိပြုထားသည်။

Read more

အမေရိကန်၏ဖိအားကြောင့် NATO တပ်ဖွဲ့ ပြိုကွဲနိုင်ဖွယ်ရှိဟုဆို

အမေရိကန်အစိုးရ၏ ကြီးမားသော ဖိအားပေးမှုကြောင့် NATO တပ်ဖွဲ့ ပြိုကွဲနိုင်ဖွယ်ရှိသည်ဟု ဥရောပ ကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တက် ကပြောသည်။ ဥရောပသမဂ္ဂအနေဖြင့် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ပြီး အမေရိကန်ပြည်ထောင်စု အပေါ် မမှီခိုဘဲ သီးခြားရပ်တည်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမေရိကန် အစိုးရ၏ကြီးမား သော ဖိအားများကြောင့် NATO တပ်ဖွဲ့ပြိုကွဲမည်ကို စိုးရိမ်ရကြောင်း ဒေါ်နယ်တက်က ဇွန် ၂၉ ရက်တွင်ပြောခြင်း ဖြစ်သည်။

Read more

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် နယ်မြေခွဲတာဝန်ခံ ကွင်းဆင်းထိတွေ့

 

ရန်ကုန် ဇွန် ၂၉

ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် နယ်မြေတာဝန်ခံ ဦးတင်အောင်မှ မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ၍ ပါတီရှေ့လုပ်ငန်းစဉ်များ၂၀၂၀ ပါတီအောင်နိုင်ရေးအခြေအနေနှင့် အင်အားတိုးတက်မှု နှစ်စဉ်ကြေး ပါတီဝင်ကြေးကေါက်ခံမှု မြိုနယ်ပါတီကော်မတီများ နယ်မြေအလိုက် ကွငိးဆင်းဆောင်ရွက်မှုအခြေအနေများ တွေဆုံညှိနှိုင်းလမ်းညွန်မှုပြုပြီး မြို့နယ်အတွင်းရေးမှုးနှင့် ကော်မတီများမှ ရေးရာအလိုက် ဆောင်ရွက်ထားမှုများအား တင်ပြကြပြီးလိုအပ်ချက်များအား ဗဟိုကော်မတီနယ်မြေတာဝန်ခံမှ ဖြည့်စွက်မှာကြားပြီး လုပ်ငန်ညှိနိုင်းအစည်းအဝေးအား နေ့လည် ၁၂ နာရီ ၁၀ မိနစ်တွင် ပြီးမြောက်ပါသည်။

Read more

Samsung Galaxy S10+ တွင် အရွယ်ပိုကြီးတဲ့ ၆.၄၄ လက်မ Screen ပါဝင်လာဖွယ်ရှိ

ကိုရီးယားသတင်းစာ The Bell ရဲ့အဆိုအရ Samsung ဟာ အသစ်ထွက်မယ့် Galaxy S10+ ရဲ့ screen အရွယ်အစားကို ၆.၄၄ လက်မအထိ တိုးမြှင့်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။ လက်ရှိ Galaxy S9+ ရဲ့ screen အရွယ်အစားက ၆.၂ လက်မဖြစ်ပါတယ်။

Read more

Asus Zenfone 5 နှင့် Zenfone Max Pro စမတ်ဖုန်း ပြည်တွင်းဈေးကွက်တွင်း ဝင်ရောက်မည်

Asus Zenfone5 နဲ့ Zenfone Max Pro စမတ်ဖုန်းတွေကို ပြည်တွင်းဈေးကွက်ထဲ ဖြန့်ချိမယ်လို့ ဇွန် ၂၈ ရက်က ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ပြုလုပ်တဲ့ စမတ်ဖုန်းမိတ်ဆက်ပွဲမှ သိရပါတယ်။ ပြည်တွင်းဈေးကွက်ကို ဇူလိုင်လခန့်မှာ ဖြစ်ချိမယ်လို့ဆိုပါတယ်။ Zenfone5 က ဓာတ်ပုံရိုက်ဝါသနာပါတဲ့လူငယ်တွေအတွက်ရည်ရွယ်ပြီး AI စနစ် နည်း ပညာတွေ ပါဝင်လာပါတယ်။ 19:9 Ratio မျက်နှာပြင် ၆.၂ လက်မအပြည့်ကို Notch Display နဲ့ Resolution 1080×2246 ပါဝင်ပါတယ်။ Ram 4GB ပါဝင်ပြီးတော့ အချက်အလက် သိုလှောင်ဖို့အ တွက် 64GB ပါဝင်ပါတယ်။

Read more

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

(၂၉.၆.၂၀၁၈)ရက်​​နေ့ နံနက်​(၀၉း၃၀)အချိန်​တွင်​ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီရုံး အစည်းအ​ဝေးခန်းမ၌ တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​ပါတီများ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး(၅/၂၀၁၈)ကျင်းပပြုလုပ်​ရာ မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုး၊ တိုင်း​ကော်​မတီဝင်​များ၊ ခရိုင်​/မြို့နယ်​များမှ ပါတီဥက္ကဋ္ဌများတက်​​ရောက်​ခဲ့ကြပြီး တိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​မှအဖွင့်​အမှာစကား​ပြောကြားခဲ့ပါသည်​။ ထို့​နောက်​ တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​များမှ ​ဆွေး​နွေးခဲ့ကြပြီး တိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်​​ပြောကြားခဲ့ပါသည်​။


Read more

မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ “ ဖြိုးစေတနာ နာရေးကူညီမှုအသင်း´´ ၏ နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး

 

၂၈.၆.၂၀၁၈ ရက်နေ့ ရှမ်းမြောက် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တည်ထောင်ထားသော “ ဖြိုးစေတနာ နာရေးကူညီမှုအသင်း ´´ ၏ နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေ့လည် (၁၂း၃၀) အချိန်တွင် စတင် ကျင်းပရာ အစည်းအဝေးသို့ နာရေးအသင်းဥက္ကဌ (မြို့နယ်ပါတီဥက္ကဌ) ဒေါ်နန်းခင်မြင့်ဌေး တက်ရောက်လမ်းညွှန် အကြံပြု ဆွေးနွေးခဲ့ပါသည်။
ဒုတိယပိုင်းတွင် ဆက်လက်၍ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါ သည်။ တက်ရောက်လာသော မြို့နယ် EC ၊ အရံ EC ၊ ရပ်/ကျေးဥက္ကဌများမှ ဆွေးနွေးခဲ့ကြပြီး ဇူလိုင်လတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ ချမှတ်ခဲ့ပြီးး အစည်းအဝေးကို နေ့လည် (၃း၀၀) နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

Read more

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲဆိုင်ရာ မဟာဗျူဟာ (၂၀၁၄ – ၂၀၁၈) လေ့လာဆန်းစစ်သုံးသပ်ဆွေးနွေးခြင်း ဆွေးနွေးပွဲပြုလုပ်

 

မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲ ဆိုင်ရာ မဟာဗျူ ဟာ (2014 – 2018) လေ့လာဆန်းစစ်သုံးသပ်ဆွေးနွေးခြင်း ဆွေးနွေးပွဲကို ၂၈.၆.၂၀၁၈ ရက်နေ့ ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ တိုင်းပါတီကော်မတီဝင် ဦးအောင်ဝင်းဆွေနှင့် မြန်အောင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဏာရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရံပါတီကော်မတီများ တက်ရောက်ဆွေးနွေခဲ့ပါသည်။

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုး

Read more

တနိုင်းမြို့တွင် နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း ၁/၂ဝ၁၈ ဖွင့်လှစ်

 

ကချင်ပြည်နယ် တနိုင်းမြို့တွင် နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်း ၁/၂ဝ၁၈ ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ကျင်းပခဲ့ရာ ကချင်ပြည်နယ် ပါတီကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ ဦးသိန်းထွန်းအေး၊ မြစ် ကြီးနားခရိုင်ပါတီဥက္ကဋ္ဌဦးထွန်းဖေ၊ ဗန်းမော်ခရိုင် ပါတီကော်မတီ ဝင် ဦးဇော်မင်းရင်၊ တနိုင်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကိုနှင့်ကော် မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ နှင့်အဖွဲ့ဝင်များ၊ သင်တန်း သား သင်တန်းသူများ စုစုပေါင်း ၇၅ ဦးတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော် သီချင်းသီဆိုကြပြီး မြစ်ကြီးနားခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းဖေက အမှာစကားပြောကြားခဲ့သည်။

Read more